Entertainment

လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်မယ့် ထိတ်ထိတ်ကြဲ ၃ ယောက်

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ကိုရီးယား ရုပ်သံလိုင်းတခုဖြစ်တဲ့ tvN က နေ ထုတ်လွှင့်မယ့် လျှို့ဝှက်ဆန်းကြယ် ဒရာမာ “Asadal” ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် အဓိက သရုပ်ဆောင်တွေကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာပဲ အဲဒီ ဒရာမာ ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသား Song Joong Ki (ဆောင်းဂျွန်ကီ)၊ မင်းသမီး Kim Ji Won (ကင်ဂျီဝန်း) နဲ့ ဒါရိုက်တာရင်လို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ မင်းသား Jang Dong Gun (ဂျန်ဒုံဂန်း) တို့ပါဝင်ဖို့ ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ သူတို့ပါဝင်မယ့်အကြောင်း တရားဝင်အတည်ပြုချက် ထုတ်ပြန် လိုက်ပါတယ်။ “Asadal” ဒရာမာကတော့ စိတ်ကူးယဉ် ဖန်တီးထားတဲ့ နယ်မြေတခုမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ၊ အတူယှဉ်တွဲနေထိုင်မှုနဲ့ အချစ်မေတ္တာတို့အကြောင်း ပုံဖော်ထားတဲ့ စိတ်ကူးယဉ် ဒရာမာ ဇာတ်လမ်း တပုဒ် ဖြစ်ပါတယ်။

“The Great Queen Seon Deok” , “Tree with Deep Roots” နဲ့ “Six Flying Dragons” တို့လို နာမည်ကျော် သမိုင်းနောက်ခံ ဒရမ်မာတွေမှာ ပါဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေး ဆရာတွေဖြစ်တဲ့ Kim Young Hyun နဲ့ Park Sang Yeon တို့က ဇာတ်ညွှန်းရေးသားပေးကြမှာဖြစ်ပြီး “Incomplete Life”, “Signal” နဲ့ “My Ahjussi” ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ ထုတ်လုပ်ရေး ဒါရိုက်တာ Kim Won Suk က ရိုက်ကူးမှာဖြစ်ပါတယ်။

မင်းသား Jang ကတော့ အောင်ပွဲရဖို့ မြို့ကို ဦးဆောင်ရတဲ့ စစ်သူရဲကောင်း “Ta Gon” အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ မင်းသား Song ကတော့ ဘေးအန္တရာယ်တွေကို ဆောင်ကျဉ်းလာတဲ့ အပြာရောင်ကြယ်ရဲ့ စွမ်းအင်နဲ့အတူ မွေးဖွားလာခဲ့တဲ့ Eun Sum အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

မင်းသမီး Kim ကတော့ အလားတူ ကြယ်တာရာရဲ့ ကံကြမ္မာနဲ့ မွေးဖွားလာခဲ့တဲ့ “Tan Ya” အဖြစ် သရုပ်ဆောင်မှာလို့ သိရပါတယ်။ “Asadal” ဇာတ်လမ်းတွဲကိုတော့ ၂၀၁၉ ခုနှစ်၊ အစောပိုင်းမှာ tvN ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့် ပြသမှာပဲ ဖြစ်ပါတယ်။

Ref:soompi

Did you find apk for android? You can find new Free Android Games and apps.
Loading