Entertainment

ပရိသတ်တွေ Vote ပေးရတာနဲ့ တန်အောင် ကြိုးစားနေတဲ့ ငွေဇင်လှိုင်း

Want create site? Find Free WordPress Themes and plugins.

လက်ရှိ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ် လက်ခံအားပေးမှု ရရှိထားတဲ့ ပြိုင်ပွဲဝင် အဆိုရှင် ငွေဇင်လှိုင်းက သူငယ်ချင်းတွေ နေရာဖယ်ပေးရတာနဲ့ တန်အောင် ပရိသတ်တွေ Vote ပေးရတာနဲ့ တန်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ရင်ခုန်မှုကတော့ အများကြီးဘဲ။ ညီအစ်ကို မောင်နှမတွေ အကောင်းဆုံး မတင်ဆက်နိုင်မှာကို ကြောက်တယ်။ ပိုပြီးတော့လည်း စိတ်ပူတယ်။ တပတ်နဲ့တပတ် ရောက်လာတာနဲ့အမျှ အကောင်းဆုံး မတင်ဆက်နိုင်မှာကို ကြောက်တယ်။ ကိုယ့်ကို ပရိသတ်တွေက မျှော်လင့်ကြတယ်။ ကိုယ့်သူငယ်ချင်းတေ ွနေရာဖယ်ပေးရတာနဲ့ တန်အောင် ကိုယ့်ပရိသတ်တွေ Vote ပေးရတာနဲ့ တန်အောင်၊ သူတို့ရင်ထဲကို ရောက်အောင် အများကြီး ကြိုးစားအားထုတ် ရပါတယ်” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

“ညီမကို တချို့ပရိသတ်တွေ ဝေဖန်ကြတယ်။ အဲဒါကို ကြိုက်တယ်။ ဝေဖန်ကြမှပဲ ညီမလည်း ပြင်လို့ရမှာ။ ညီမ တဖက်မှာလည်း အိမ်ပြန်ဖို့ ပြင်ဆင်ထားသလို တဖက်မှာလည်း အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်ကို ထည့်ထားတယ်။ တချိုု့တွေက Facebook မှာ ငွေဇင်လှိုင်းကို ဘယ်လိုအားပေးတယ်လို့ ရေးထားရင် အရမ်း အားတက်တယ်”

“ပရိသတ် အသိအမှတ်ပြုအောင် အားပေးနေရတဲ့ထဲမှာ အနုပညာရှင်တွေကပါ အားပေးတော့ ဘယ်လိုလေးပဲ ဖြစ်နေဖြစ်နေ အားတက်သွားတာပေါ့။ ငါကြိုးစားရတာတန်ပါလားဆိုပြီး ပိုပြီး အားထုတ်ချင်စိတ်လည်း ဖြစ်တယ်။ ခွန်အားတွေလည်း ဖြစ်တယ်။ Winner ဖြစ်ခဲ့ရင် Winner နဲ့ တန်တဲ့ အလုပ်တွေလုပ်ရမှာပေါ့”လို့ ငွေဇင်လှိုင်းက ဆိုပါတယ်။
ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်များ ကိုယ်စီ အပြိုင်အဆိုင် ကြိုးစားကြပေမယ့် ငွေဇင်လှိုင်းကတော့ ကိုယ့်ကိုယ်ကို ပြိုင်ရင်း Top 4 အဆင့်ထိ ရောက်လာတယ်လို့ ဆိုပါတယ်။

“အပြိုင်အဆိုင် ကြိုးစားနေရတဲ့ အတွက် ဒီတပတ်မှာ သီချင်းဆိုလိုက်တယ်။ ပြိုင်ပွဲပြီးတာနဲ့ ညီမက ဒီနေရာမှာ ကောင်းလား၊ မကောင်းလား။ ထပ်ခါထပ်ခါ နားထောင်တယ်။ မျက်နှာက ဘယ်လိုနေလဲ၊ အသံ အနေအထားက အစ ဘယ်နားမှာ လိုလဲ၊ နားထောင်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြိုင်တယ်။ ဒီတပတ်မှာငွေဇင်လှိုင်းကဘာလဲ နောက်တပတ်မှာ ငွေဇင်လှိုင်းကဘာလဲ။ ကိုယ့်ကိုယ်ကို ပြိုင်ရင်း Top 4 အထိ ညီမ ရောက်လာတယ်” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

“နောက်ဆိုလည်း ငွေဇင်က ကိုယ်လုပ်တဲ့ အနုပညာကိုပဲ ပြိုင်ဆိုင်ရင်း ရှေ့ကို ဆက်သွားနေမှာပါ။ ဇာတ်ညွှန်းရေးပြီး လုပ်နေကြတာပါလို့ ပြောနေကြတယ်။ ဇာတ်ညွှန်းရေးတာတော့ မဟုတ်ဘူး။ ညီမတို့ စင်ပေါ်တက်ရတဲ့ အချိန်လေးပဲ ပရိသတ်တွေ မြင်တာက လှလှပပလေးနဲ့ တက်လာတာကို မြင်တာ။ ညီမတို့အထဲမှာ ဒီသီချင်းအတွက် ပြင်ဆင်ရတယ်”

“ဝတ်စုံ ဒီဇိုင်းတွေအတွက်လည်း ပြင်ဆင်ရတယ်။အများကြီးပဲ ပြင်ဆင်ရတယ်။ အဲ့ ပြင်ဆင်တဲ့ အချိန်တွေကျတော့ အကုန်လုံးကို လိုက်ပြောပြလို့ မရတော့ လူတိုင်းကတော့ ဒီလိုပဲ ထင်တာ။ တချို့ကိစ္စတွေကျတော့ ရှင်းပြလို့ မရတဲ့ ကိစ္စတွေ အလုပ်နဲ့ သက်သေပြချင်ပါတယ်” လို့ ငွေဇင်လှိုင်းက ဆိုပါတယ်။

ပြိုင်ပွဲဝင် အဆိုရှင် ငွေဇင်လှိုင်းဟာ ဇူလိုင်လ ၂၆ ရက်နေ့ညမှာတော့ မြန်မာဂန္တဝင် Jazz သီချင်းများထဲမှ အဆိုတော် မာမာအေး သီဆိုထားတဲ့ “အင်းယားမှာဆုံစို့ကွယ်” သီချင်းကို သီဆိုခဲ့ရာ အကဲဖြတ် ဒိုင်လူကြီးတွေရော ပရိသတ်တွေကပါ အကြိုက်တွေ့ခဲ့ကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading