Entertainment

“ချစ်သူ လက်ဆောင်ပေးတဲ့ သီချင်းတွေကြောင့် ပြုံးပျော်ရတယ်” ဆိုသူ နန်းဆုရတီစိုး

Want create site? Find Free WordPress Themes and plugins.

အဆိုတော် G-Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးဟာ ပရိသတ်အားကျရတဲ့ ဂီတချစ်သူ စုံတွဲနှစ်ဦးပါ။ သရုပ်ဆောင် တဦးလည်းဖြစ်၊ သီချင်းတွေလည်းဆိုတဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးက ချစ်သူဖြစ်တဲ့ အဆိုတော် G-Fatt ကို “ဒီနေ့” ၊ “ပြည်ပသို့ပေးစာ” စတဲ့ သီချင်းတွေနဲ့ သတိထားမိခဲ့တယ်လို့ဆိုပြီး ချစ်သူက ကိုယ့်အတွက် ရည်ရွယ်ပြီး ဆိုတဲ့ သီချင်းတွေ နားထောင်ရရင် ပြုံးမိပြီး ပျော်မိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

မကြာသေးခင် ရက်အပိုင်းအတွင်းက ထွက်ရှိထားတဲ့ အဆိုတော် G-Fatt နဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းနဲ့ ပတ်သက်ပြီးတော့လည်း နန်းဆုရတီစိုးက အခုလို ဆိုပါတယ်။

“အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းက ပြီးခဲ့တဲ့ Anniversary တခုမှာပေါ့။ မနက်ဖြန်မှာ Anniversary ဆိုရင် သူက အဲဒီနေ့မှာ ဖွင့်ပြချင်လို့ ညတွင်းချင်း ရေးပြီးတော့ မနက်မှာ နန်းဆုတို့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့ Edit လုပ်ပြီး၊ Video Clip လုပ်ပြီး ဖွင့်ပြပြီးတော့ လက်ဆောင်ပေးတာပေါ့။ အဲ့သီချင်းကို နန်းဆု ဆိုချင်လည်းဆိုလို့ လက်ဆောင်ပေးတယ်”

“နန်းဆုကလေ သီချင်းရတိုင်း ဆိုတဲ့သူတော့ မဟုတ်ဘူး။ သူရေးသမျှ သီချင်းတိုင်းတော့ ဆိုချင်တာပေါ့နော်။ ဒါပေမယ့် ဒီသီချင်းကို ကြည့်လိုက်ပြီးတော့ သူနဲ့ ပိုလိုက်မယ်။ သူဆိုရင် ပိုကောင်းမယ်လို့ ယုံကြည်လို့ သူ့ကိုပဲ ဆိုခိုင်းခဲ့တယ်။ အခွေထဲပဲ ထည့်ခိုင်းခဲ့တာ”လို့ နန်းဆုရတီစိုးက ချစ်သူ G-Fatt ဆီက ရခဲ့တဲ့ တနှစ်ပြည့် Anniversary သီချင်း အကြောင်း ပြောပါတယ်။

နန်းဆုရတီစိုးနဲ့ G-Fatt တို့ ချစ်သူနှစ်ဦး (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

နန်းဆုရတီစိုးနဲ့ G-Fatt တို့ ချစ်သူ နှစ်ယောက်စလုံးက အနုပညာရှင်တွေ ဖြစ်ကြတဲ့အတွက် နားလည်မှု အပြည့် ရှိကြပြီး နှစ်ယောက်တွဲ တေးစီးရီးခွေ လုပ်နိုင်အောင်လည်း ကြိုးစားမယ်လို့ နန်းဆုက ဆိုပါတယ်။

“နန်းဆု သီချင်းအသစ်လေးတွေ ပေးဖို့ ရှိပါတယ်။ အခု အသစ်ထွက်မယ့် တပုဒ်က Online Release ပဲ။ သီချင်း နာမည်ကို နန်းဆု မဆုံးဖြတ်ရသေးလို့။ ပထမက အခု ၇ လပိုင်းမှာ မိုးအေးအေးနဲ့ သီချင်းအေးအေး ထွက်ဖို့၊ ဒါပေမယ့် ၈ လပိုင်းမှ ထွက်ဖြစ်ရင်တော့ သီချင်းအမြူးပဲ ထွက်တော့မှာ။ သီချင်းက နှစ်ပုဒ် လုပ်ထားတယ်။ ပြီးတော့ နန်းဆုက Samsung နဲ့ လက်တွဲ လုပ်ဆောင်နေတယ်ဆိုတော့ သူတို့နဲ့ တွဲလုပ်ဖို့လည်း ရှိသေးတယ်။ Shangpree Product ရဲ့ Ambassador အနေနဲ့လည်း ကြော်ငြာရိုက်ကူးရေးတေ ွရှိပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။

သရုပ်ဆောင် ၊ အဆိုတော် နန်းဆုရတီစိုး (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

နန်းဆုရတီစိုးက အသစ်ထွက်မယ့် သီချင်းတွေကို တေးရေး G Fatt နဲ့ တပုဒ်၊ ဝေကြီးနဲ့ တပုဒ် ဆိုပြီး နှစ်ပုဒ်ထွက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ နန်းဆုရတီစိုးဟာ ဆယ်ကျော်သက် အရွယ်ကတည်းက သရုပ်ဆောင်၊ အဆိုတော်ဘဝနဲ့ လှုပ်ရှားခဲ့သူ ဖြစ်ပြီး ယခုနှစ်တွေအတွင်းမှာ TV Program ရိုက်ကူးရေးများကြောင့် သီချင်းတွေ နားထားသလို ဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

ဂီတချစ်သူ အဆိုတော် G-Fatt ကြောင့် ဂီတကို ပိုချစ်တတ်လာတာလား ဆိုတဲ့အမေးကိုတော့ “ဂီတကို အရင်ကတည်းက ချစ်မြတ်နိုးတယ်။ သီချင်းတွေဆိုပြီး ကိုယ့်ပရိသတ်တွေကို နားထောင်စေချင်တယ်။ နန်းဆုနဲ့ လိုက်ဖက်တဲ့ သီချင်းတွေ ဆိုပြီး နားထောင်စေချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ “ရူးအောင်ချစ်ရသူ”ဆိုတဲ့ သီချင်းလေး Online Release လုပ်ဖြစ်သွားတယ်”

“အဲဒါကို ပရိသတ်က သဘောကျတယ်ဆိုတဲ့အတွက် နောက်ထပ်သီချင်း တပုဒ်၊ နှစ်ပုဒ်လောက် ထပ်လုပ်ဖို့ စီစဉ်ထား ပါတယ်။ အခွေထုတ်ဖို့ မထုတ်ဖို့ကတော့ နောက်မှ သေချာ စဉ်းစား စီစဉ်မှာပါ။ ထုတ်ချင်လည်း ထုတ်ဖြစ်မှာပေါ့နော်”လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးကတော့ သြဂုတ်လ ၂ ရက်နေ့မှာ စင်ကာပူခရီးစဉ် သွားဖို့ရှိပြီး အလုပ်ရော၊ အလည်ပါ ပါဝင်တဲ့ ခရီးလို့လည်း ဧရာဝတီကို ဖြေကြားသွားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading