မင်းသား Tom Cruise ပါဝင်သရုပ်ဆောင်ထားတဲ့ “Mission: Impossible — Fallout” ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၅၉ သန်းနဲ့ နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။
Paramount ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဆဌမမြောက် ဇာတ်လမ်းတွဲ ရုပ်ရှင်ဟာ ခန့်မှန်းထားတဲ့ အတိုင်း ရုံပေါင်း ၄ ထောင် ကျော်မှာ ရုံဝင်ငွေ ကန်ဒေါ်လာ သန်း ၅၀ ကနေ ၆၅ သန်းကြား ရရှိခဲ့တာကို မြင်တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “Mission: Impossible — Rogue Nation” ရဲ့ ပွဲဦးထွက် ရုံဝင်ငွေ ဒေါ်လာ ၅၅ သန်းထက် ကျော်လွန်သွားတာကိုလည်း မြင်တွေ့ရပါတယ်။
“Rogue Nation” ရုပ်ရှင်ကို ရိုက်ကူးပြီးတဲ့နောက် “Mission: Impossible — Fallout” ရုပ်ရှင်ကို ဒါရိုက်တာ Christopher McQuarrie ကပဲ ဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲ ရေးခဲ့တာဖြစ်ပါတယ်။ Paramount ကုမ္ပဏီနဲ့ Skydance Productions တို့က ထုတ်လုပ်ပေးထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မင်းသား Crusie ကိုယ်တိုင်က ဒါရိုက်တာ McQuarrie, J.J. Abrams နဲ့ Jake Myers တို့နဲ့အတူ ထုတ်လုပ်သူအဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တုန်းက ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Simon Pegg, Rebecca Ferguson, Ving Rhames, Alec Baldwin, Michelle Monaghan နဲ့ Sean Harris တို့က သက်ဆိုင်ရာ ဇာတ်ရုပ်အသီးသီးမှာ ပြန်လည် ပါဝင်လာခဲ့ကြပြီး မင်းသား Cavill ကလည်း ဇာတ်ကောင်အသစ်အနေနဲ့ ပါဝင်လာခဲပါတယ်။
၁၉၆၆ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ ထုတ်လွှင့် ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲကို အခြေခံထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အခုအထိတော့ တကမ္ဘာလုံးကနေ ရုံဝင်ငွေ ကန်ဒေါ်လာ ၆၈၂ သန်းကျော် ရရှိထားပြီး ဖြစ်ပါတယ်။
“Mamma Mia! Here We Go Again” ရုပ်ရှင်ကတော့ ရုံတင်ပြီး ဒုတိယသီတင်းပတ်မှာပဲ ဒေါ်လာ ၁၅ သန်းနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ အခုအချိန်အထိတော့ တကမ္ဘာလုံးကနေ ရုံဝင်ငွေ ဒေါ်လာ ၁၂၅ သန်း ရရှိထားပြီး ဖြစ်ပါတယ်။
မူရင်းရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ Amanda Seyfried, Colin Firth, Meryl Streep, Christine Baranski, Pierce Brosnan, Julie Walters, Meryl Streep နဲ့ Stellan Skarsgard တို့က သူတို့ရဲ့ ဇာတ်ရုပ်တွေမှာ ပြန်လည်ပါဝင်လာတာကို တွေ့ရပါတယ်။
Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “The Equalizer 2” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၃ ဒသမ ၆၅ သန်းနဲ့ အရင်အပတ်မှာ ရှိနေခဲ့တဲ့ ဒုတိယနေရာကနေ တတိယနေရာကို ဆင်းသွားခဲ့ပါတယ်။ မင်းသား Denzel Washington ဦးဆောင် ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ စတင်ပြသခဲ့ပြီးချိန်ကနေ အခုအထိ ဒေါ်လာ ၅၄ သန်း ရရှိထားပြီးလည်း ဖြစ်ပါတယ်။
တတိယမြောက်ဇာတ်လမ်းတွဲကာတွန်းရုပ်ရှင်အဖြစ် ထွက်ရှိလာတဲ့ “Hotel Transylvania 3: Summer Vacation” ရုပ်ရှင်ကတော့ တတိယမြောက် သီတင်းပတ်မှာ ဒေါ်လာ ၁၂ ဒဿမ ၄ သန်းရရှိခဲ့ပြီး ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ ဒေါ်လာ ၁၁၉ သန်းရရှိထားခဲ့ပြီး ဖြစ်ပါတယ်။
Sony ကထုတ်လုပ်ထားတဲ့ အဲဒီ ကာတွန်းရုပ်ရှင်ကတော့ အရင်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေရဲ့ စံချိန်ကို ကျော်နိုင်ဖို့ တော်တော်လေး လိုအပ်နေသေးတာကို တွေ့ရပါတယ်။
“Teen Titans Go! to the Movies” ရုပ်ရှင်က အခုသီတင်းပတ် ပွဲဦးထွက်မှာပဲ ဒေါ်လာ ၁၁ သန်း ရရှိသွားပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ စူပါဟီးရိုးရုပ်ရှင်မှာတော့ Will Arnett, Kristen Bell နဲ့ Nicolas Cage တို့က ဦးဆောင်ပါဝင်ထားကြပါတယ်။ Lionsgate ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ “Blindspotting” ရုပ်ရှင်ကတော့ ဒေါ်လာ ၄ သိန်း ကျော် ရရှိသွားပါတယ်။
Ref:Reuters