အမြဲတမ်း ၂ယောက်တတွဲတွဲ တွေ့ရပြီး အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတတွဲဖြစ်တဲ့ Hip Hop အဆိုတော် ကျော်ထွဋ်ဆွေနဲ့ မော်ဒယ် နန်းသူဇာတို့စုံတွဲကတော့ ချစ်သူသက်တမ်း ၇နှစ်ကျော်ကြာ နားလည်မှုတွေနဲ့ ရှေ့ဆက်နေတယ်လို့ ပြောပါတယ်။
“နှစ်ယောက်စလုံးက အခုဘဝမှာ ပျော်တယ်။ အိမ်ထောင်သည် ဖြစ်ဖို့အတွက် နှစ်ယောက်လုံး Ready ဖြစ်လာမှပဲ ပြုဖြစ်မယ်။ အခုတော့အေးဆေးပါပဲ။ ဒီတိုင်းပဲနေပါဦးမယ်။ နားလည်မှုကတော့ ယူရတာပေါ့။ ချစ်တော့လည်း နောက်ဆက်တွဲ နားလည်မှုတွေ သံယောဇဉ်တွေနဲ့ပေါ့” လို့ နန်းသူဇာက ပြောပါတယ်။
စိတ်ဆိုးရင်လည်း ၂ ရက် ၃ ရက် ထက်ပိုပြီး စိတ်ဆိုးတာမရှိဘဲ ကျော်ထွဋ်ဆွေက အမြဲချော့လေ့ ရှိတယ်လို့ ဆိုပါတယ်။
“စိတ်ဆိုးရင် ပစ်ထားလိုက်တာပေါ့နော်။ အဲဒီလိုဆိုသူက ဖုန်းတွေဆက်တယ်။ အပြင်သွားဖို့ အကြောင်းတွေ ရှာပြီး လာခေါ်တယ်။ ၂ ရက်၊ ၃ရက်လောက် အလွန်ဆုံးပဲ။ ရန်ဖြစ်တဲ့ အကြောင်းအရာက သိပ်ကြီးကြီးမားမားတော့ မရှိဘူး” လို့ နန်းသူဇာက ပြောပါတယ်။
၂ယောက်ပေါင်းပြီး အနုပညာအလုပ် လုပ်ဖို့ရှိပြီး သီချင်းအတွက် အသံသွင်းနေတာ အချောသတ်ပြီးတာနဲ့ ပြောပြမယ်လို့သိရပါတယ်။
“၂ယောက်ပေါင်းတော့ အနုပညာအလုပ်လုပ်ဖို့ ရှိပါတယ်။ အိုင်ဒီယာတွေလည်း ရှိပါတယ်။ သီချင်းကို ကြိုးစားပြီးတော့ လုပ်နေပါတယ်။ အချောပြီးသွားရင် ပြောပြပါမယ်” လို့ နန်းသူဇာက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဦးသား ပေါင်းဖက်ဖို့အတွက် ပိုက်ဆံစုနေပြီး အသက်လည်း ငယ်သေးတာကြောင့် အိမ်ထောင်မပြုဖြစ်သေးဘူးလို့ ဆိုပါတယ်။
နန်းသူဇာကတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိဘဲ ကျော်ထွဋ်ဆွေကတော့ မကြာသေးခင်က အွန်လိုင်းကနေ သီချင်းအသစ်တွေ ဖန်တီးပေးထားတယ်လို့ ပြောပါတယ်။