Entertainment

"အောင်မြင်မှုတခု ရဖို့အတွက် အချိန်တခုက အရမ်းအရေးကြီးတယ်"ဆိုတဲ့ ခါရာ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခါရာရဲ့ ပထမဦးဆုံး အက်ရှင်ကားကြီးဖြစ်တဲ့ “Dimensions” (မျက်နှာပြင်များ) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ကြည့်ရှုသူ ခိုင်ခိုင်မာမာ မရှိခဲ့ပေမယ့် စွန့်စားပြီးရိုက်ခဲ့ရတဲ့ ကားကြီးဖြစ်ပြီး ရုံတင်ခဲ့စဉ်က အကြောင်းအမျိုးမျိုးaကြာင့် လာရောက် ကြည့်ရှုခဲ့တဲ့သူ နည်းပါးခဲ့တယ်လို့ ခါရာက ပြောပါတယ်။

“ပထမဆုံး ရုံတင်တုန်းက အချိန်ကာလတခု အကြောင်းကြောင်းကြောင့်ပေါ့။ ဥပမာ သတင်းတခုက လွှမ်းခြုံနေတာတို့ အချိန်တခုကတော့ အရမ်းအရေးကြီးတယ်။ ကျနော်တို့က ဘယ်လောက် ကြိုးစားကြိုးစား အချိန်တခု ပေးလာတဲ့အချိန်မှပဲ ရောက်သင့်သလောက် ရောက်မယ်။ အောင်မြင်သင့်သလောက် အောင်မြင်မယ်။ ကျနော်တို့ကားက မကောင်းလို့ အားမပေးတာ မဟုတ်ဘူး” လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်များမှာလည်း အသစ်တွေဖြစ်ပြီး ဇာတ်ကား ပိုစတာမှာ အင်္ဂလိပ်ရေးသားထားခြင်းနှင့် ခေါင်းဆောင်အဖြစ်ပါဝင်တဲ့ သရုပ်ဆောင်များရဲ့နာမည်များကလည်း အင်္ဂလိပ်လို ရေးသားထားတာကြောင့် နိုင်ငံခြား ဇာတ်ကား ထင်ကာ မကြည့်တာမျိုးတွေရှိတယ်လို့ ပြောပါတယ်။

“ဒီကားကို ကျနော်တို့နယ်ဘက်မှာ သွားတင်တုန်းက ကျနော်တို့ ပိုစတာကြီး တင်တဲ့အချိန်မှာ ကားနာမည်ကလည်း “Dimensions” ၊မင်းသားကလည်း ခါရာ ၊မင်းသမီးကလည်း Alice Ong (အဲလစ်အုန်း) ဆိုပြီး မြန်မာလိုလည်း မရေးဘူး။ အင်္ဂလိပ်လို aရးတဲ့အချိန်မှာ ဒါက နိုင်ငံခြားကားကြီးလား ဆိုပြီး မကြည့်ကြဘူး။ ကျနော်တို့အသစ်တွေ ဖန်တီးတယ်။ မြန်မာနိုင်ငံမှာလည်း ပထမဆုံးကားလည်းဖြစ်ပြီးတော့ ပရိသတ်တွေအနေနဲ့လည်း နည်းနည်းစိမ်း နေတယ်။ ကြည့်တဲ့ပရိသတ်ကလည်း ခိုင်ခိုင်မာမာမရှိဘူး။ ဒါပေမယ့် ကျနော်တို့က ဒီကားကို စွန့်စားပြီး ရိုက်ထားတယ်” လို့ ခါရာက ပြောပါတယ်။

အဆိုပါ “Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Science –Fiction (သိပ္ပံ- စိတ်ကူးယဉ်) အက်ရှင်ကားဖြစ်ပြီး ဒါရိုက်တာအနေနဲ့လည်း ပထမဆုံး ဖန်တီးထားတဲ့ကားကြီးဖြစ်ကာ သရုပ်ဆောင်များကတော့ ခါရာ၊ မင်းမြတ်စိုးစံ ၊ Alice Ong ၊ ဂျာဆိုင်းအိန်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

“ပရိုဂျူဆာပိုင်းမှာ ကျနော် ပါဝင်ထားတယ်။ ဖန်တီးပြချင်တယ်။ ကျနော်တို့လူငယ်တွေ ဘာတွေ လုပ်နိုင်လဲ။ မြန်မာလူငယ်တွေ ဘာတွေ လုပ်နိုင်လဲ ဆိုတာကို ချပြချင်တယ်။ ဒီကားကို လူငယ်တွေ အကုန်လုံး ဖန်တီးထားတယ်” လို့ ခါရာက ပြောပါတယ်။

မကြာခင်ရက်ပိုင်း အတွင်းမှာတော့ စင်ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ ၄ရက်ကြာ သွားရောက်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading