Entertainment

ကာတွန်းကားကြည့်ပြီး ရရှိနိုင်တဲ့ ဘဝ သင်ခန်းစာများ

Want create site? Find Free WordPress Themes and plugins.

ကာတွန်းကားတွေဟာ ရယ်လည်းရယ်ရ ပျော်စရာကောင်းအောင်လည်း ရိုက်ထားကြလို့ လူအများစုက ကာတွန်းကာတွေကို ဖျော်ဖြေရေး သက်သက်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ကာတွန်းကားတွေဟာ ပျော်စရာတွေနဲ့ ဖျော်ဖြေမှုတွေအပြင် မိသားစုကို ချစ်တတ်ဖို့ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းတတ်စေဖို့ စတဲ့ သင်ခန်းစာတွေပေးတယ်ဆိုတာကို တကမ္ဘာလုံးက လက်ခံထားကြပါတယ်။

တချို့ကာတွန်းတွေဆိုရင် ကလေးတွေအတွက်ပါမက အရွယ်ရောက်ပြီးတဲ့ လူတွေအတွက်ပါ ဘဝသင်ခန်းစာ ပေးကြပါတယ်။ ဘယ်လိုသင်ခန်းစာတွေ ပေးမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။

(၁) အလုပ် ကြိုးစားချင်စိတ်နဲ့ ဇွဲလုံ့လ

 

 

အားလုံးသိကြတဲ့ “Dragonball Z” ဆိုတဲ့ ဇာတ်ကားဟာ အလုပ်ကြိုးစားချင်စိတ်နဲ့ ဇွဲလုံံ့လကြောင့် ထိုက်တန်တဲ့ တန်ဖိုးကို ပြန်ရတယ်ဆိုတာကို ပြောပြထားပါတယ်။ Gohan ဟာသူ့ရဲ့အရွယ်အစား၊ ဉာဏ်ပညာကြီးမှုနဲ့ ခွန်အားဗလကြောင့် နာမည်ကျော်ကြားပါတယ်။

တကယ်တော့ Gohan ဟာ အဲ့ဒါတွေအပြင်ကိုမှ တခုဆို တခု ပြတ်ပြတ်သားသား လုပ်တတ်တဲ့ အကျင့်နဲ့ လိုချင်တဲ့ပန်းတိုင် ကိုရောက်အောင်လုပ်တတ်တဲ့ အကျင့်တွေကြောင့် Dragonball Z က ပရိတ်သတ်တွေ အတွက် အားကျရတဲ့ ကာရိုက်တာဖြစ်နေသလို “Dragonball Z” ဇာတ်ကားဟာလည်း Otaku တွေ ကြိုက်တဲ့ ဇာတ်ကားဖြစ်နေတာပါ။

(၂) ဆုံးဖြတ်ချက် မချခင် သေချာလေ့လာတတ်ဖို့

 

 

ဒါကတော့ ခေါင်းစဉ်ဖတ်လိုက်ရင်ပဲ “Scooby Doo” ပရိသတ်တွေကသိနေပြီးသားဖြစ်မှာပါ။ “Scooby Doo” ကားတိုင်းမှာ ကြောက်စရာ အကောင်းဆုံးက သရဲ မဟုတ်ကြောင်းနဲ့ လူတွေကသာ ကြောက်စရာ ဖြစ်ကြောင်း အမြဲရိုက်ပြတတ်ပါတယ်။

မျက်နှာဖုံးတွေအောက်မှာ လူတွေဟာ အရမ်းကောက်ကျစ် ယုတ်မာတတ်ကြကြောင်းကို ကလေးဘဝထဲက သိအောင် သေချာသင်ပြထားတာဖြစ်လို့ လူတွေကို လွယ်လွယ် မယုံသင့်ကြောင်း သင်ခန်းစာရပါတယ်။

(၃) ဘဝအတွက် ခိုင်မာတဲ့ ရည်မှန်းချက် ချတတ်ဖို့

 

 

ဘဝဟာ ရည်မှန်းချက် မရှိရင် ပျင်းစရာ ကောင်းပါတယ်။ ရည်မှန်းချက်ကြီးတဲ့အပြင် အရာအားလုံးကို အကွက်ကျကျ စီစဉ်တတ်တာကတော့ “Batman” ပါ။ Animation ပရိသတ်တိုင်း အရမ်းကို ကြိုက်ကြပြီးတော့ အတုယူကျတဲ့ ကာတွန်းကာရိုက်တာဟာ Batman ပါ။ စာရေးသူတို့ အားလုံးကို Batman ပေးတဲ့ ဘဝသင်ခန်းစာက ဘယ်လောက်ကြီးတဲ့ ရန်သူဖြစ်နေပါစေဦးတော့ နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတာကြောင့် စံထားသင့်တဲ့ ကာတွန်းကားတွေ ဖြစ်ပါတယ်။

(၄) ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်တာဟာ အမှား မဟုတ်

 

 

ဘဝမှာ “ကိုယ်ဘာလုပ်သင့်တယ်” ဆိုတာကို အလိုလိုသိစိတ်ဟာ လူတော်တော်များများမှာ ရှိကြပေမယ့် တကယ့်လက်တွေ့မှာ လိုက်မလုပ်နိုင်ကြပါဘူး။ ကိုယ့်စိတ်အတွင်းပိုင်းကနေ ကိုယ်တကယ် လုပ်ချင်နေတဲ့ အလုပ်ဟာ အမှားမဟုတ်သလို အဲ့ဒါတွေကို အကောင်အထည် ဖော်မိတာဟာလည်း ကိုယ့်အပြစ် မဟုတ်ပါဘူး။

ဒါကို ရိုက်ပြထားတဲ့ကားကတော့ “Teenage Mutant Ninja Turtles” ဆိုတဲ့ကားပါ။ ဒီကားမှာပါတဲ့ လိပ်နင်ဂျာတွေဟာ သူတို့ လုပ်သင့်တာတွေကို စိတ်က ဦးဆောင်တဲ့အတိုင်းပဲ လုပ်ကြတာဖြစ်လို့ ဒီကားကြည့်ဖူးတဲ့ လူတေဟာ စိတ်ထဲမှာ တကယ်ရှိတာကိုအကောင်အထည်ဖော်ဖို့ သင်ခန်းစာ ရသွားနိုင်ပါတယ်။

(၅) အချစ်ဆိုတာ ပေးဆပ်ခြင်းပါပဲ

 

 

ကာတွန်းကားတွေဟာ ဘဝသင်ခန်းစာတွေတင်မကပဲ အချစ်ရေးအတွက်လည်း ပါတတ်ပါတယ်။ ငယ်ငယ်ကကြည့်ခဲ့တဲ့ “Little mermaid” ဆိုတဲ့ ရေသူမကားလေးပါ။ ဒီကားထဲမှာရေသူမလေးဟာ မင်းသားလေး ကိုမြင်ပြီးချစ်မိခဲ့တဲ့အတွက် လူသားဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ လူသားအဖြစ်ကို ပြောင်းမယ်ဆိုရင် သူမရဲ့အရမ်းကောင်းတဲ့ အသံကိုစွန့်လွှတ်ရမှာပါ။

ဒါကိုလည်း သူမမှုဘဲ ခြေထောက်တွေရလာဖို့ မင်းသားလေး နားရောက်နိုင်ဖို့အတွက် သူမရဲ့အသံကို ပေးဆပ်ခဲ့ပါတယ်။ လက်တွေ့မှာလည်း ဒီလိုပါပဲ။ လူတွေဟာကိုယ်ချစ်တဲ့ သူအတွက်ဆိုရင် ကိုယ့်အတွက် အရေးကြီးတာတွေကိုတောင် စွန့်လွှတ်တတ်ကြပါတယ်။

ဒီလိုအချက်တွေကို ကြည့်ချင်းအားဖြင့်ကာတွန်းကားတွေဟာ ရီစရာပျော်စရာတင်မကဘဲ ဘဝ သင်ခန်းစာတွေကို ပါပေးဖို့ ရိုက်ထားကြတယ်ဆိုတာ သိသာလာပါတယ်။ အခုနောက်ပိုင်းတွေမှာ ထွက်ရှိထားတဲ့ “Frozen” တို့၊ “Inside Out” တို့လို ဇာတ်ကားတွေဟာလည်း မိသားစုကို တန်ဖိုးထားတတ်ဖို့ ရိုက်ထားတဲ့ ကာတွန်းကားတွေ ဖြစ်ပါတယ်။

Ref ; Life Hack

Did you find apk for android? You can find new Free Android Games and apps.
Loading