Entertainment

သီချင်းဆိုတာအပြင် မိတ်ကပ်ပညာကိုပါ ကျွမ်းကျင်တဲ့ Myanmar Idol ပြိုင်ပွဲဝင် နီလန်း

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 3ရဲ့ဆန်ခါကာတင် ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နီလန်းကတော့ တေးသီချင်း သီဆိုမှုအပြင် မိတ်ကပ်ပညာကိုလည်း ကျွမ်းကျင်တဲ့သူတယောက် ဖြစ်ပါတယ်။

တေးသီချင်းသီဆိုမှုမှာ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မိတ်ကပ်ပညာနဲ့ပတ်သက်ပြီးတော့ တက္ကသိုလ် တတိယနှစ်မှာ စတင်ဝါသနာပါခဲ့ပြီး Career (အသက်မွေးဝမ်းကြောင်း အလုပ်) တခု အနေနဲ့ ရွေးဖြစ်ခဲ့တာဖြစ်တယ်လို့ နီလန်းက ဧရာဝတီကို ပြောပါတယ်။

“နီလန်းက အဆိုဘက်ကိုက ငယ်ငယ်တည်းက ဝါသနာပါတာ။ မိတ်ကပ်ကတော့ တက္ကသိုလ် တတိယနှစ် လောက်ကမှ ဝါသနာပါတာဆိုတော့ မတူဘူးလေ။ သီချင်းဆိုတဲ့ ဝါသနာကတော့ ပိုးက ပိုကြီးတယ်။ အဲဒီတော့ ၂ခုထဲက တခုရွေးရမယ်ဆိုရင်တော့ ၂ခုလုံးတော့ကြိုက်တယ်။ ဒါပေမယ့် သီချင်းဆိုတာကို ပိုကြိုက်တယ်။ မိတ်ကပ်ကကျတော့ ကိုယ့်ရဲ့ Career (အသက်မွေးဝမ်းကြောင်း အလုပ်) တခုအနေနဲ့ ရွေးဖြစ်တာပေါ့နော်” လို့ နီလန်းက ပြောပါတယ်။

 

 

သူမအနေနဲ့ Myanmar Idol Season 3ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်ထဲမှာ ပါဝင်ခဲ့ပြီး မကြာခင်က ယှဉ်ပြိုင်ခဲ့တဲ့ Rock တေးသီချင်းများသီဆိုယှဉ်ပြိုင်ရတဲ့ အပတ်မှာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

နီလန်းအနေနဲ့ ပြိုင်ပွဲပြိုင်နေစဉ်ကာလအတွင်း စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ကြုံတွေ့ ခဲ့ရပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာ သူမရဲ့ချစ်သူ ဆုံးပါးသွားတဲ့အတွက် ချစ်သူအတွက်လည်း သူမအနေနဲ့ ပိုကြိုးစားရမှာ ဖြစ်တဲ့အတွက် တာဝန်ပိုကြီးတယ်လို့ေြ ပာပါတယ်။

“ဒီပြိုင်ပွဲတလျှောက် နီလန်းအခက်အခဲတွေ အများကြီးရှိခဲ့တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပဲ ဖြစ်ဖြစ် ရှိခဲ့တယ်။ ဒါပေမယ့် နီလန်းဆုတောင်းတယ်။ နီလန်းကို ချစ်တဲ့ ပရိသတ်လည်းရှိတော့ သူတို့အတွက် အများကြီးကြိုးစားရမယ်။ သွားတဲ့သူကသွားပြီဆိုတော့ ကျန်ခဲ့တဲ့သူတွေအတွက် သူ့အတွက်ပါ အကုန်လုံး ကြိုးစားသွားပါ့မယ်” လို့ နီလန်းက ပြောပါတယ်။

ပြိုင်ပွဲကနေ ထွက်ခွာသွားရပေမယ့် သူမနဲ့အသံနဲ့လိုက်ဖက်တဲ့ သီချင်းအေးအေးတွေကို ဆက်ဆို သွားမှာ ဖြစ်တဲ့အတွက် ပရိသတ်များကို အများကြီးချပြချင်သေးတယ်လို့ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading