Entertainment

မင်းသား Chris Pratt နဲ့အတူ ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်မယ့် မင်းသမီး Priyanka Chopra

Want create site? Find Free WordPress Themes and plugins.

ဘောလိဝုဒ်ရုပ်ရှင် “Bharat” ကနေ မကြာသေးခင်ကပဲ နုတ်ထွက်ခဲ့တဲ့ မင်းသမီး Priyanka Chopra ဟာ အခုတော့ “Cowboy Ninja Viking” ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်တခုမှာ ပါဝင်တော့မှာပဲ ဖြစ်ပါတယ်။

The Hollywood Reporter မီဒီယာရဲ့ အဆိုအရ မင်းသမီး Priyanka ကို “Guardians of the Galaxy” ရုပ်ရှင်မင်းသား Chris Pratt နဲ့အတူ ခေါင်းဆောင်မင်းသမီးအဖြစ် မြင်တွေ့ရမှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။

မင်းသမီးဟာ အခုအထိ အကြိုထုတ်လုပ်ရေး အဆင့်မှာသာရှိနေသေးတဲ့ ရုပ်ရှင်မှာ မင်းသား Pratt ရဲ့ ချစ်သူအဖြစ် ပါဝင်မှာဖြစ်ပါတယ်။ “Cowboy Ninja Viking” ရုပ်ရှင်ကို Game of Thrones ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Michelle MacLaren က ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်း ကိုတော့ Dan Mazeau အပါအဝင် ဇာတ်ညွှန်းရေးဆရာ ၅ ယောက် လောက်က ပူးပေါင်းရေးသား ပေးကြမှာပါ။

“Cowboy Ninja Viking” ရုပ်ရှင်ကတော့ A.J. Lieberman နဲ့ ပုံဖော်သူ Riley Rossmo တို့ရဲ့ ကာတွန်းရုပ်ပြ ဝတ္ထုကို အခြေခံထားပါတယ်။ Triplets လို့ခေါ်တဲ့ အေးဂျင့်တွေအဖြစ် ပြောင်းလဲနိုင်တဲ့ စိတ်ကုထုံးပညာရှင် ဒေါက်တာ Sebastian Ghislain ဖွဲ့စည်းထားတဲ့ တန်ပြန်တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေး အဖွဲ့တခုအကြောင်း အခြေခံရိုက်ကူးမှာဖြစ်ပါတယ်။

မင်းသမီး Priyanka ရဲ့ ဇာတ်ကောင် အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့် သတင်းတခုရဲ့ အဆို အရ မင်းသား Pratt ဟာ ကောင်းဘွိုင်၊ နင်ဂျာနဲ့ ဗိုက်ကင်စစ်သည်တော် ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အေးဂျင့်တဦး အဖြစ် ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ ဖြန့်ချိပြသမှာဖြစ်ပါတယ်။ ဟောလိဝုဒ်မှာ မင်းသမီး Priyanka ကို “A Kid Like Jake” ဆိုတဲ့ ရုပ်ရှင်မှာ နောက်ဆုံး မြင်တွေ့လိုက်ရပြီး မကြာမီ ရုံတင်တော့မယ့် “Isn’t That Romantic?” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ထားပါတယ်။

အိန္ဒိယမှာတော့ မင်းသမီးဟာ မင်းသား Salman Khan နဲ့အတူ “Bharat” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အဲဒီရုပ်ရှင်ရိုက်ကူးရေးကနေ နုတ်ထွက်လိုက်ပြီး အဲဒီလုပ်ရတာဟာ ချစ်သူ Nick Jonas နဲ့ စေ့စပ်လိုက်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အရိပ်အမြွက် ပြောဆိုထားပါတယ်။

“The Sky is Pink” ရုပ်ရှင်မှာတော့ ဘောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်တဲ့ Farhan Akhtar နဲ့ Zaira Wasim တို့နဲ့အတူ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

Ref:indiaexpress

Did you find apk for android? You can find new Free Android Games and apps.
Loading