Entertainment

“ဇာတိမြေမှာ ဇာတ်ဝင်တေး အင်္ဂလိပ်သီချင်းဆိုရတာ လျှာခလုတ် တိုက်တယ်”

Want create site? Find Free WordPress Themes and plugins.

ရုံတင်ပြသနေပြီဖြစ်တဲ့ “My Country My Home” (ဇာတိမြေ) ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်တေး သီချင်းတပုဒ်ကို Myanmar Idol Season 2 မှ ပြိုင်ပွဲများက အင်္ဂလိပ်လို ဆိုထားကြပြီး အင်္ဂလိပ်လို ဆိုရတာက သူ့အတွက် လျှာခလုတ်တိုက်တယ်လို့ ပါဝင်သီဆိုခဲ့တဲ့ ရဲနောင်က ဧရာဝတီကို ပြောပါတယ်။

“ဇာတိမြေကားထဲမှာ Myanmar Idol Season 2 က မောင်နှမ ၁၀ ယောက်က ဇာတ်ဝင်တေး ဆိုထားတယ်။ ဇာတ်ဝင်တေးကတော့ Season 2 မောင်နှမတွေရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းက အင်္ဂလိပ်သီချင်း ဆိုရတဲ့အခါမှာ တိုင်ပတ်တာပေါ့လေ”

“သီချင်းတိုက်ကြတော့လည်း တယောက်နဲ့ တယောက် ခွာပြီး နေကြတယ်။ တံတွေးစင်မှာစိုးလို့။ ကျနော်ကိုယ်တိုင် လည်း မြန်မာစာနဲ့ကျောင်းပြီးတာဆိုတော့ အင်္ဂလိပ်သီချင်းဆိုရတာ တိုင်ပတ်တယ်။ လျှာခလုတ် တိုက်နေတယ်။ ပြိုင်ပွဲမှာလည်း တခါမှမဆိုဖူးဘူး။ ဒါကပထမဆုံးပါပဲ” လို့ ရဲနောင်က ပြောပါတယ်။

ပြိုင်ပွဲပြိုင်စဉ် အချိန်ကလည်း အင်္ဂလိပ်သီချင်း တခါမှ မဆိုဖူးဘဲ အဆိုပါ ဇာတ်ဝင်တေးသီချင်း ဆိုတာက သူ့အတွက် ပထမဆုံးအကြိမ် အင်္ဂလိပ်လို သီဆိုခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ရဲနောင်ကတော့ Myanmar Idol Season 2 မှာ အဝေဖန်အခံခဲ့ဆုံး ပြိုင်ပွဲဝင်တယောက်ဖြစ်ပြီး ပြိုင်ပွဲကို စိတ်နှစ်ပြီး ပြိုင်ခဲ့တဲ့အတွက် ပြင်ပကပြောလာတဲ့ စကားသံတွေကိုအရမ်းခံစားခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီတုန်းကကျတော့ ပြိုင်ပွဲထဲစိတ်နှစ်ထားတဲ့အတွက် အပြင်ကလာတဲ့စကားသံတွေကို အရမ်း ခံစားတယ်။ ပြီးသွားတော့လည်း ဘာမှမဟုတ်တော့ဘူး။ ပြန်ရှာတော့လည်းမတွေ့တော့ဘူး။ ပြိုင်ပွဲဝင်တွေကို ပြောချင်တာက Facebook မှာ ဆဲဆိုတာတွေ၊ အပြင်က ကိုယ့်ကို မကောင်း ပြောတာတွေကို ဂရုမစိုက်ပါနဲ့လို့ ပြိုင်ပွဲပြီးသွားရင် ဘာမှမဟုတ်ပါဘူးလို့ပြောချင်ပါတယ်” လို့ ရဲနောင်က ပြောပါတယ်။

ရဲနောင်ကတော့ ပြိုင်ပွဲပြီးတဲ့အချိန်ကတည်းက သူ့ရဲ့တကိုယ်တော်သီချင်းခွေထွက်ရှိရန်အတွက် ကြိုးစားလျက် ရှိပြီး မကြာခင်မှာဆိုရင်တော့ “ချာလီ” လို့ အမည်ပေးထားတဲ့ တကိုယ်တော်သီချင်းခွေ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading