Entertainment

မင်းသား Ben Affleck ရိုက်ကူးမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်မှာ မင်းသား Matt Damon ပါဝင်မည်

Want create site? Find Free WordPress Themes and plugins.

Fox ရုပ်ရှင်ထုတ်လုပ်ရေးဟာ “How an Ex-Cop Rigged McDonald’s Monopoly Game and Stole Millions” (McDonald ရဲ့ မိုနိုပိုလီဂိမ်းနဲ့ ခိုးယူသွားသော ငွေသန်းပေါင်းများစွာကို ရဲအရာရှိဟောင်းတဦး ဖော်ထုတ်ခဲ့ပုံ) အကြောင်း ဇာတ်လမ်းကို မင်းသား Ben Affleck က ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး မင်းသား Matt Damon ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ ပြင်ဆင်နေတဲ့လို့ သိရပါတယ်။

အဲဒီရုပ်ရှင် စတူဒီယိုဟာ မကြာသေးခင်က Daily Beast မီဒီယာမှာ ဖြန့်ချိခဲ့တဲ့ စာရေးသူ Jeff Maysh ရဲ့ ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင် ကို ရိုက်ကူးခွင့်ရရှိထားပါတယ်။ အဲဒီ ဇာတ်လမ်းကတော့ ၂၀၀၁ ခုနှစ်က ဒေါ်လာ သန်းပေါင်း များစွာကို တရားမဝင်ခိုးယူခဲ့တဲ့ McDonald ကုမ္ပဏီရဲ့ မိုနိုပိုလီဂိမ်းကို ရဲအရာရှိဟောင်း Jerome Paul Jacobson ဆိုသူက ဖော်ထုတ်ခဲ့တဲ့အကြောင်း အသေးစိတ် ရေးသားထားတာပဲ ဖြစ်ပါတယ်။

အော်စကာဆုရှင် မင်းသားနှစ်ဦးကတော့ သူတို့ရဲ့ Pearl Street ကုမ္ပဏီကနေ တဆင့် အဲဒီရုပ်ရှင်ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ “Deadpool” ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာတွေ ဖြစ်ကြတဲ့ Paul Wernick နဲ့ Rhett Reese တို့ကိုလည်း ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးပေးဖို့ ငှားရမ်းထားတယ်လို့ ဆိုပါတယ်။

အဲဒီရုပ်ရှင်မှာ တော့ Michael Hoover ဆိုသူက မိုနိုပိုလီအပိုင်းလေးတွေကို စုဆောင်းပြီးတဲ့နောက် ဒေါ်လာ ၁ သန်းတန် ဆုကြီးကို ရရှိခဲ့အကြောင်း ဖော်ပြရာကနေ ကင်မရာသမားတဦးဟာ Rhode ကျွန်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်ဆီ ရောက်ရှိလာခဲ့ပုံကနေ ဇာတ်လမ်းကို အစချီထားပါတယ်။

အဲဒီဇာတ်လမ်းထဲမှာတော့ “အဲဒီကင်မရာသမားဟာ Michael ရဲ့ ရှည်လျားတဲ့ ဇာတ်လမ်းကို စိတ်ရှည်ရှည်နဲ့ နားထောင် ခဲ့ပြီး လူလိမ်တေ ွပြောခဲ့ကြတဲ့ ဇာတ်လမ်းတွေထဲမှာ တွေ့ရတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အသေးစိတ်အချက် အလက်တွေကို နှုတ်ဆိတ်စွာနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ မစ္စတာ Michael ဟာ ကံထူးသူ ဖြစ်ရုံသာမက ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ အသင့်စား စားသောက်ကုန်ထုတ် ကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်း ကြံစည်မှုကြီးရဲ့ တစိတ်တပိုင်းမှာ ပါဝင်နေပါတယ်”

“ကင်မရာနောက်ကွယ်က လူနှစ်ဦးကတော့ McDonald ကုမ္ပဏီရဲ့ ဝန်ထမ်းတွေမဟုတ်ကြပါဘူး။ သူတို့ဟာ FBI ရဲ့ အေးဂျင့်တွေဖြစ်ပါတယ်” လို့ ဇာတ်လမ်းအကြောင်းအရာကို ဖော်ပြထားပါတယ်။

မင်းသား Affleck ဟာ အခုလောလောဆယ်မှာ Netflix ကနေပြသမယ့် နိုင်ငံရေး၊ သည်းထိတ်ရင်ဖို ရုပ်ရှင် “The Last Thing He Wanted” ရုပ်ရှင်မှာ သရုပ်ဆောင်နေပါတယ်။ မင်းသား Damon ကတော့ Fox ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Ford vs. Ferrari” ဆိုတဲ့ ရုပ်ရှင်မှာ ကားပုံစံထုတ် ဒီဇိုင်နာ Carroll Shelby အဖြစ် ပါဝင်သရုပ်ဆောင်နေပါတယ်။

Ref: variety

Did you find apk for android? You can find new Free Android Games and apps.
Loading