Entertainment

“ခိုးကူးကြောင့် ဗီဒီယိုလောက ဘုံးဘုံးလဲကျပြီးပြီ”

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်လောကမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဇာတ်ကားတွေ ခိုးယူဖြန့်ဝေနေကြတဲ့အပေါ် သရုပ်ဆောင် ခန့်စည်သူက အခုလို ပြောပြလာပါတယ်။ ဒီလို ခိုးယူခံနေရတာက ဂီတလောကမှာရှိတဲ့ တေးစီးရီးတွေ ခိုးယူဖြန့်ဝေနေတာကစလို့ ရုပ်ရှင် ဇာတ်ကားကြီးတွေ ခိုးယူခံနေရတဲ့ အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

”ခိုးကူးတယ်ဆိုတာကတော့ ဟိုးအရင်တုန်းကတော့ ဂီတလောကက စတာပေါ့။ အနုပညာလက်ရာ အဆင့်တွေကို မိုက်မိုက်ရိုင်းရိုင်း ပက်ပက်စက်စက် ခိုးတဲ့အတွက် သီချင်းအခွေတွေကို ခိုးကူးတယ် အဲဒီအခါကျတော့ အဆိုတော်တွေလည်း သီချင်းအခွေတွေ မထွက်နိုင်တော့ဘူး။ ဝါသနာရှင် တွေလည်း ဒီလောကထဲကို မဝင်နိုင်တော့ဘူး။ အရင်းအနှီးတွေလည်းဆုံး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဆိုတော်လေးတွေလည်း ဖြစ်မလာတော့ဘူးပေါ့။ အဲဒီကနေမှတဆင့် ဗီဒီယိုပေါ့။ ဗီဒီယိုလောကလည်း ဘုံးဘုံး လဲကျခဲ့တယ်။ ဗီဒီယိုလောကကနေပြီးတော့ အခု ရုပ်ရှင်လောက ဖြစ်တာပေါ့” လို့ ခန့်စည်သူက ဆိုပါတယ်။

ခန့်စည်သူက ရုပ်ရှင်အစည်းအရုံးမှာ သင်တန်းတွေဖွင့်နေပေမယ့် အတွေ့အကြုံ့တွေ ပြောပြပေးဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

“အခုဆိုရုပ်ရှင် အစည်းအရုံးမှာ သရုပ်ဆောင်သင်တန်းတွေဖွင့်တယ်။ ကျနော်တို့ အတွေ့အကြုံတွေကို ပြောပေးဖို့ ကမ်းလှမ်းတယ်။ မကူညီချင်လို့ မဟုတ်ဘူး။ ကူညီချင်ပါတယ်။ အဲဒီ ကလေးတွေမေးတဲ့ မေးခွန်းကိုဖြေဖို့ တော်တော် အခက်အခဲဖြစ်ပါတယ်။ သူတို့မေးမယ့်ေ မးခွန်းတွေက ဖြေဖို့ခက်တယ်” လို့ ခန့်စည်သူက ဆိုပါတယ်။

“ကျနော်လည်း ရုပ်ရှင် အစည်းအရုံးက သင်တန်းဆင်းခဲ့တဲ့ သင်တန်းဆင်း တယောက်ပါပဲ။ ကျနော်တို့တုန်းက ဗီဒီယိုခေတ် ကောင်းတယ်။ ကျနော် ဦးကျော်ဟိန်းနဲ့ တခန်း နှစ်ခန်း ရိုက်ရာက ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင်ဖြစ်ခဲ့တာပဲ။ ရုပ်ရှင်အစည်းမှာ သင်တန်းဖွင့် နေတယ်။ သင်တန်း ဆင်းရင် ဗီဒီယိုလောက ပျက်နေပြီ။ ဘယ်မှာ ဝင်ရိုက်ကြမလဲ။ ရုပ်ရှင်မှာလည်း ဘယ်ပရိုကျူဆာက သတ္တိရှိရှိနဲ့မင်းသား၊ မင်းသမီအသစ်တွေကို ခေါ်ရိုက်မှာလဲ။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်” လို့ ခန့်စည်သူက ပြောပါတယ်။

ဆက်လက်ပြီး သူက “အဲဒီအတွက် ဂီတလောကရော ဗီဒီယိုလောကရော ရုပ်ရှင်လောကရော ခိုးကူတွေကြောင့် ပျက်နေတယ်။ ဒါက ပြဿဒ်ကြီးကို မီးစလောင်တာ မဟုတ်ဘူး အမှိုက်က စပြီး မီးလောင်တာ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရမလဲ ဆိုတာတွေကတော့ နှစ်တွေလည်း ကြာနေပြီ ဖြစ်တာကြောင့် အဖြေတောင် ပြောပြဖို့ မရှိတောင် မရှိတော့ပါဘူး’’လို့ ပြောပါတယ်။

သရုပ်ဆောင် ခန့်စည်သူဟာ အခုလက်ရှိမှာတော့ “မေတ္တာသင်္ဂဟ ဖောင်ဒေးရှင်း” နဲ့အတူ အလှူအတန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားတယ်လို့လည်း သိရပါတယ်။

”လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားပါတယ်။ ကျနော်တို့ “မေတ္တာသိင်္ဂဟ ဖောင်ဒေးရှင်း” နဲ့ အတူ အလှူတွေ လုပ်ဖို့ စီစဉ်နေတယ်။ မကြာခင်ကလည်း ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ပညာရေး ဖောင်ဒေးရှင်းမှာ ကျနော်တို့ လှူခဲ့ပါသေးတယ်” လို့ ခန့်စည်သူက ပြောပါတယ်။

ခန့်စည်သူ ပါဝင်ထားတဲ့ “ပြန်ပေး” ဆိုတဲ့ ဇာတ်ကားကို သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခန့်စည်သူ ပါဝင်ထားတဲ့ “ကြွေ” ဇာတ်ကားက ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading