Entertainment

"မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် Troll ခံရလို့ ပျော်နေတာ”

Want create site? Find Free WordPress Themes and plugins.

လတ်တလော ရုံတင်ပြသလျက်ရှိတဲ့ “ကာဗွန်ဒိုင်အောင်ဆိုဒ်” ဇာတ်ကားထဲမှာ ဇာတ်ရုပ် ပီပြင်မှုကြောင့် ပရိသတ် အားပေးမှုကို ထပ်မံရရှိခဲ့တဲ့ သရုပ်ဆောင် အလင်းရောင်ကတော့ သူဟာ မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် Troll ခံရလို့ ပျော်နေတယ်လို့ ပြောပါတယ်။

“ကျနော်က ပုံမှန်အားဖြင့် လူစိတ်ဝင်စားမှု နည်းတဲ့ထဲမှာ ကျနော်ပါတယ်။ ဒီကားလေးထွက်ပြီးတဲ့ အချိန်မှာ ကျနော့်ကို Troll တဲ့ဟာတွေ ပေါ်လာတယ်။ မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် Troll ခံရလို့ပျော်နေတာ” လို့ အလင်းရောင်က ပြောပါတယ်။

အလင်းရောင်ကတော့ မော်ဒယ် အေဂျင်စီတခုနှင့် စာချုပ် ပြဿနာတခု တက်ခဲ့ပြီးနောက်မှာတော့ တနှစ်ကျော်ခန့် သရုပ်ဆောင် မလုပ်ဘဲ နားထားရပြီး ဒါရိုက်တာဝိုင်းရဲ့ လက်တွဲခေါ်မှုကြောင့် ရုပ်ရှင်ဇာတ်ကားများ ပြန်လည် ရိုက်ကူးလာခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျနော် စာချုပ်ပြဿနာတွေတက်ပြီးတော့ တနှစ်ကျော်လောက် နားပြီးတဲ့အချိန်မှာ ကျနော့်ကို ကိုဝိုင်းနဲ့ ထားဝယ် ထုတ်လုပ်ရေးက မြေတောင်မြှောက်ပေးတယ်။ အခု ၃ ကားမြောက်မှာ ပရိသတ်လက်ခံ အားပေးတယ်ဆိုပြီး ပြန်ကြားရလို့ ဝမ်းသာပါတယ်” လို့ အလင်းရောင်က ပြောပါတယ်။

အလင်းရောင်က ဒါရိုက်တာဝိုင်းနဲ့ လက်တွဲပြီး ရိုက်ကူးထားတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ဇာတ်ကားကြောင့် ပရိသတ်တွေ ထပ်မံရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပရိသတ်အသစ်တွေ အများကြီးရတယ်လို့ပြောလို့ရပါတယ်။ ဒီကားတင်ပြီးတဲ့နောက်မှာ ကျနော့် Facebook မှာ Follower တွေ တက်လာတယ်။ အဲဒီအတွက် အရမ်းလည်းပျော်ပါတယ်။ ပရိသတ် လက်ခံတဲ့ သရုပ်ဆောင်ကောင်း တယောက်ဖြစ်အောင် ထပ်ပြီး ကြိုးစားမှာပါ။ ဒီထက် မလျော့အောင် ကြိုးစားသွားမှာပါ” လို့ အလင်းရောင်က ပြောပါတယ်။

သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက် ရုံတင်ပြသသွားမှာဖြစ်ပြီး အဲဒီ ဇာတ်ကားများထဲမှာ မတူညီတဲ့ ပုံစံများနဲ့ သရုပ်ဆောင်ရတဲ့ အပေါ် အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကျနော့်အနေနဲ့ ဒရာမာတွေ ရိုက်ပြီးတော့ ဟာသရိုက်ရတာ အခက်အခဲတွေအများကြီးဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးတွေလဲဆိုရင် ပုံမှန်က ဟာသကားတွေက အိုဗာအိုက်တင်တွေ ထည့်ပေးရတာ ရှိတယ်။ ကျနော့်အနေနဲ့ ဟာသကားတွေကို သိပ်မကြည့်ဖြစ်တာလည်း ပါပါတယ်။ ကျနော့် အားနည်းချက်ပေါ့”

“သရုပ်ဆောင်တဲ့အချိန်မှာ ပုံမှန် Reality ကျတဲ့ ပုံစံမျိုးနဲ့သွားတဲ့အခါမှာ ဒီ “ဣထ္ထိယ” ကားထဲမှာ တခြား သရုပ်ဆောင်တွေနဲ့ နည်းနည်းဟနေတာလေးတွေ ကျန်ခဲ့တာလေးတွေ တွေ့ရတယ်” လို့ အလင်းရောင်က ပြောပါတယ်။

လတ်တလောမှာတော့ အလင်းရောင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ဇာတ်ကားကြီးကတော့ ရုံတင်ပြသလျက် ရှိပြီး သြဂုတ်လ ၁၀ရက်နေ့မှာလည်း ဟာသကား တကားဖြစ်တဲ့ “ဣထ္ထိယ” ရုပ်ရှင်ကားကြီးဟာ ရုံတင်ပြတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading