Entertainment

"ကျနော်က LGBT မဟုတ်ပါဘူး၊ ချစ်သူထားရင် မိန်းကလေးပဲ ထားမှာပါ”

Want create site? Find Free WordPress Themes and plugins.

ခန္ဓာကိုယ် ဘော်ဒီ တောင့်တောင့်နဲ့ ဆယ်ကျော်သက် ကောင်မလေးတွေ အသည်းစွဲ မော်ဒယ် ထူးအောင်က ချစ်သူရွေးမယ်ဆိုရင် မိန်းကလေးကိုသာ ရွေးချယ်မှာဖြစ်ပြီး အခုချိန်မှာတော့ အလုပ်တွေကိုပဲ ကြိုးစားလုပ်ကိုင်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

Gym ကို ပုံမှန်ကစားပြီး ခန္ဓာကိုယ်ကို သေချာဂရုစိုက်တဲ့ ထူးအောင်က အွန်လိုင်းမှာ ဝေဖန်သူ အချို့ ပြောနေကြသလို Gym ဆော့တိုင်းလည်း LGBT (Lesbian, Gay, Bisexual, Transgender) (လိင်တူချင်း ချစ်ကြိုက်သူ) မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“ကျနော်က LGBT တယောက် မဟုတ်ပါဘူး၊ များသောအားဖြင့်က ကိုယ့်ရဲ့ နဂိုပင်ရင်း စိတ်ခံစားချက်နဲ့ပဲ ဆိုင်ပါတယ်၊ Gym aတွ အရမ်းဆော့ပြီး Six Pack တွေထွက်လာမှ ယောကျ်ားချင်း ကြိုက်တယ်ဆိုတာ ရှားပါတယ်။ Gym ဆော့တာနဲ့တော့ မဆိုင်ပါဘူး၊ အဲ့လို Gym ဆော့ရင်းနဲ့ ယောကျာ်းလေးချင်းကြိုက်တယ်ဆိုတာ အလွန်အကျွံဟော်မုန်း ဓာတ်တွေ ပြောင်းလဲ သွားတာကြောင့် ဖြစ်ရင်ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါမျိုးက ရှားတော့ ရှားပါတယ်” လို့ ထူးအောင်က ပြောပါတယ်။

“LGBT မှ မဟုတ်ပါဘူး။ လူတိုင်းမှာ လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ ကိုယ့်ဘဝ ရှင်သန်ရတဲ့ အချိန်ခဏ တိုတိုလေးအတွင်းမှာ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်။ ဘယ်သူမှ တားပိုင်ခွင့် မရှိပါဘူး။ ဘယ်လုပ်ရပ်ပဲ ဖြစ်ဖြစ် ကျနော်ကတော့ အားပေးပါတယ်။ ကျနော့် အချစ်ရေးကတော့ အေးဆေးပါပဲ။ ကျနော် အလုပ်တွေ ကြိုးစားပြီးလုပ်တယ်။ အလုပ် မရှိရင်တောင် ရှာကျန်ပြီး လုပ်နေတဲ့ သူမျိုးပါ။ ချစ်သူထားရင်လည်း မိန်းကလေးပဲ ထားမှာပါ” လို့ ထူးအောင်က ပြောပါတယ်။

အလုပ်တွေကို ကြိုးစားလုပ်ကိုင် ဖြစ်နေတဲ့အတွက် Facebook ပေါ်မှာ ပုံတွေတင်ဖြစ်တာ နည်းပြီး Facebook ကို ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင်နဲ့ အလုပ်အတွက်သာ သုံးဖြစ်တယ်လို့ ထူးအောင်က ဆိုပါတယ်။

“ကျနော်တို့က အနုပညာအလုပ် လုပ်နေတော့ မျိုးစုံတော့ ပြောခံရမှာပဲ။ အဲဒါတွေကို လိုက်ပြီး စိတ်ခံစားချက်အတိုင်း လိုက်တုံ့ပြန်နေရင် ပြီးတော့မှာ မဟုတ်ဘူးပေါ့နော်။ တချို့ပရိသတ်တွေ ဘာပဲပြောပြော လျစ်လျူရှုထားလိုက်တယ်။ ကိုယ့်ကိုအားပေးမယ့်သူတွေ အတွက်ကို အားပေးမယ်ဆိုတဲ့ စိတ်ပဲရှိတော့တာပေါ့” လို့လည်း ထူးအောင်က ဆိုပါတယ်။

Facebook မှာလည်း ပုံတင်ဖြစ်တာ နည်းတာက ဒီကြားထဲမှာ အလုပ်တွေလည်း လုပ်နေပါတယ်၊ ပုံတော့ မတင်ဖြစ်ဘူး။ တခါတလေ အလုပ်ထဲ စိတ်ရောက်သွားရင် ဓာတ်ပုံရိုက်ဖို့ စိတ်မရောက်တော့၊ မရိုက်ဖြစ်တော့တာနဲ့ အဲ့ဒါကြောင့် မတင်ဖြစ်တာပေါ့။ ကျနော် Facebook ကို ဘဝတခုလို မသုံးစွဲဘူး။ အလုပ်အတွက်နဲ့ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်တွေ အဆက်အသွယ် မပြတ်သွားအောင်ပဲ သုံးတာပါ” လို့ ထူးအောင်က ပြောပါတယ်။

လက်ရှိမှာတော့ မော်ဒယ်၊ သရုပ်ဆောင် ထူးအောင်ဟာ ကြော်ငြာများ၊ ဓာတ်ပုံများ ရိုက်ကူးနေပြီး နောက်လတွေမှာ ဇာတ်ကားများ ရိုက်ကူးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ထူးအောင်က သူ့ရဲ့ အမိုက်စား ဓာတ်ပုံများကို Facebook မှာ တင်လေ့ရှိပြီး “ဇွတ်ကျား” ရုပ်ရှင်နဲ့ “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ကျော်သူ ရိုက်ထားတဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားသူ တဦးပါ။

ဆက်စပ် သတင်းလင့်ခ် –  ဒါရိုက်တာ ကျော်သူရိုက်တဲ့ ထူးအောင်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ “ပုဂံမြို့သူ”

Did you find apk for android? You can find new Free Android Games and apps.
Loading