Entertainment

"ကျနော့် ချစ်သူက အင်္ကျီချွတ်နဲ့ ပုံတွေတင်ရင်တောင် ကြိုက်တာ မဟုတ်ဘူး" ဆိုသူ မိုးယံဇွန်

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင် ကာလအတွင်းက ခန္ဓာကိုယ်ပုံ ပြောင်းလဲသွားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ရာ ပရိသတ်တွေက အံ့သြမှုတွေ ဖြစ်ခဲ့ရတဲ့ မော်ဒယ်၊ သရုပ်ဆောင် မိုးယံဇွန်က ဒီပုံတွေတင်ဖို့ ချစ်သူနဲ့ အတိုက်အခံတွေ လုပ်ခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော့် ခန္ဓာကိုယ်ပုံစံ ပြောင်းသွားအောင် တလလောက် အချိန်ပေးပြီး Gym ဆော့လိုက်တယ်။ အဲဒီလို ပြောင်းလဲ ဖြစ်တာကတော့ ကျနော့်ကောင်မလေးကြောင့်တော့ မဟုတ်ပါဘူး။ ကျနော့် ကောင်မလေးက အင်္ကျီချွတ်နဲ့ ပုံတွေတင်ရင်တောင် ကြိုက်တာ မဟုတ်ဘူး။ အဲ့ပုံတင်တုန်းက ဆိုလည်း အတိုက်အခံလုပ်ပြီး တင်ထားတာပါ။ လက်ရှိ အချစ်ရေးက အေးဆေးပါပဲ။ ကျနော့် ချစ်သူက ပရိသတ်တွေ ထင်နေတဲ့ အနုပညာလောကထဲကပဲ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး” လို့ မိုးယံဇွန်က ဧရာဝတီကို ပြောပါတယ်။

တချို့သော ပရိသတ်တွေက ရည်းစားထားတာကို မကြိုက်ကြပေမယ့် အရွယ်ရောက်နေသူ တယောက်အနေနဲ့ ချစ်သူထားတာ သဘာဝပါပဲလို့ မိုးယံဇွန်က ဆိုပါတယ်။ လက်ရှိမှာတော့ အချစ်ရေးက ပျော်နေရတယ်လို့လည်း သူက ဆိုပါတယ်။

“တချို့ပရိသတ်တွေက ကျနော် ရည်းစားထားတာ ကြိုက်ကြသလို၊ တချို့ပရိသတ်တွေကလည်း ကျနော် ရည်းစားထားတာ မကြိုက်ကြဘူး။ ကျနော်လည်း အရွယ်ရောက်နေပြီ။ ချစ်သူ သမီးရည်းစား ရှိတာ သဘာဝပဲပေါ့။ အဲ့ထဲမှာ ကျနော်လည်း လူထဲကလူ ဖြစ်တဲ့အတွက် ကျနော့်မှာလည်း ကျနော် ချစ်ရမယ့်သူ ရှိတယ်။ အဲ့ဒါကြောင့် ကျနော် သမီးရည်းစားဘဝမှာပဲ ပျော်နေသေးပါတယ်” လို့ မိုးယံဇွန်က ပြောပါတယ်။

“ပရိသတ်တွေ ထင်သလို အိမ်ထောင်ပြုဖို့ကတော့ စောပါသေးတယ်။ ကျနေ်ာကပဲ ချစ်သူပေါ်မှာ စိတ်ကောက်တာ များတယ်။ သူက သဘောထားကြီးတယ်။ စိတ်မကောက်ဘူး။ ကျနေ်ာကပဲ စိတ်ကောက်ပါတယ်။ သူက ကျနော့်ထက် ငယ်တယ်။ ဒါပေမယ့် သဘောထား ပိုကြီးတယ်။ ကျနော်က သူ့ထက် အသက်ပိုကြီးတယ်။ ဒါပေမယ့် သဘောထားမကြီးဘူးပေါ့။ အချစ်ရေးမှာတော့ လောလောဆယ် ကံကောင်းတယ်၊ မကောင်းဘူး ဆိုတာထက် ကျနော်ပျော်နေပါတယ်” လို မိုးယံဇွန်က ဆိုပါတယ်။

လက်ရှိ အချိန်မှာတော့ မိုးယံဇွန်က အနုပညာအလုပ်များကို အရင်ကထက် ပိုကြိုးစားနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မိုးယံဇွန်ဟာ မကြာသေးခင်ကလည်း ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်မှာ ပါဝင် ရိုက်ကူးပြီးနောက် ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့လည်း ရုပ်ရှင်တား ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်၁ လအတွင်း Challenge ခေါ်ပြီး ဝိတ်ချခဲ့တဲ့ သရုပ်ဆောင် မိုးယံဇွန် 

Did you find apk for android? You can find new Free Android Games and apps.
Loading