Entertainment

"ခေတ်အခြေအနေအရ ဘာမှလုပ်လို့ မရဘူး" ဆိုသူ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ရုပ်ရှင်လောကမှာ တချိန်က ခေတ်ကောင်းခဲ့တဲ့ ဗီဒီယိုဈေးကွက်ဟာ ယနေ့အချိန်အခါမှာ ပျက်ယွင်းနေပြီး မရှိသလောက် ဖြစ်ကာ ရုံတင် ရုပ်ရှင်ဇာတ်ကားများကတော့ တပတ် တကားနှုန်းနဲ့ ရုံတင် ပြသလျက်ရှိပါတယ်။ အဆိုပါ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ဧရာဝတီရဲ့ မေးမြန်းမှုကို အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

“ကားအရေအတွက် များတဲ့အတွက်ကြောင့်ရယ် နောက်တခုက ရုံတွေရဲ့ အားပြိုင်မှုရယ်ကြောင့်မို့လို့ ဒီလိုမျိုးတွေ ဖြစ်နေတာ။ ခေတ်ကာလ အခြေအနေအရ ဘာမှ လုပ်လို့ မရဘူး။ ကိုယ်တွေလည်း ရုံပိုင်တာ မရှိဘူး။ အနုပညာသမားဖြစ်တဲ့ အတွက်ကြောင့် အနုပညာအလုပ် လုပ်ရမှာပဲ။ ဒါတွေက တချိန်ကျရင် ပြီးသွားမှာပဲ။ စောင့်နေရုံပဲ ရှိတယ်”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။

တပတ် တကားနှုန်း ပြသလျက်ရှိတဲ့ ရုပ်ရှင်ကားများကြောင့် ပရိသတ်အနေနဲ့ အရေအတွက် အရ ဖြစ်သွားပြီး ကြည့်ရှုရတဲ့ အရသာ ထုံသွားတာမျိုးတွေ ရှိမှာကိုတော့ စိတ်ပူတာမျိုး မရှိဘဲ တကားမကြည့်ချင်ရင် နောက်တကားကြည့် ပုံစံနဲ့ သွားနေကြမှာပဲလို့ သူက ဆိုပါတယ်။

“လူဦးရေ သန်းကျော်ရှိတဲ့ထဲမှာမှ ရုံမှာ လာကြည့်တဲ့သူက သိန်းကျော်ကျော်လောက်ပဲ ရှိတာဆိုတော့ ပူစရာတော့ သိပ်မလိုဘူး။ ဒီတကားမကြည့်၊ နောက်တကားကြည့်တဲ့ ပုံစံနဲ့ သွားနေကြမှာပဲလေ” လို့ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ဟာသကား တော်တော်များများကို ရိုက်လေ့ရှိတဲ့ ဒါရိုက်တာ တယောက်ဖြစ်ပြီး ဝေဖန်မှုများစွာ ရှိခဲ့သော်လည်း လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဖိုနဲ့ ပရိသတ် အမောပြေစေဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။

“ဘယ်လောကမဆို ဝေဖန်မှုနဲ့က ကြုံရမှာပဲ။ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့က ကိုယ့်တာဝန်ပါ။ အမော အပန်းပြေဖို့ အတွက်ပါပဲ။ ပရိသတ်အတွက်ပဲ ရိုက်ကူးပေးထားတာပါ” လို့ သူက ဆိုပါတယ်။

မကြာခင်မှာလည်း ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားတဲ့ “ဣတ္ထိယ”လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

အဲဒီကားနဲ့ ပတ်သက်ပြီးတော့လည်း ကိုဇော်(အရုဏ်ဦး) က”ဒီကားကတော့ “ဣတ္ထိယ” ဆိုတဲ့အတိုင်း မိန်းမတွေချည်းပဲပေါ့။ ရွာတွေမှာ နိုင်ငံခြားကိုသွားပြီး ယောကျ်ားသားတွေက အလုပ် သွားလုပ်ကြတဲ့အခါ ရွာတွေမှာ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့ကြတဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထ ရှိတာကို ဖော်ကျူးထားတာပါ” လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading