လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တကမ္ဘာလုံးကို စတင်ရုံတင်မယ့် Fantastic Beasts:The Crime Of Grindelwald ဇာတ်ကားကို ကမ္ဘာ အနံ့ှအပြားမှာ ရှိတဲ့ Harry Potter ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်စားနေကြပါတယ်။
ဒီဇာတ်ကားရဲ့ ဝတ္ထုကို ရေးသားသူကတော့ Harry Potter ဇာတ်လမ်းကို ရေးသားပြီး နာမည်ကြီးလာတဲ့ စာရေးဆရာမ J K Rowling ကရေးသားထားတာဖြစ်ပြီး Warner Brothers ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားမထွက်ရှိခင်မှာ Fantastic Beasts And Where To Find Them ဆိုတဲ့ ဇာတ်ကားဟာ ပထမပိုင်းအနေနဲ့ ထွက်ရှိထားပါတယ်။ ပထမထွက်ရှိထားတဲ့ဇာတ်ကားမှာ Nwet လို့ခေါ်တဲ့ အင်္ဂလန်က မှော်ဆရာလေးဟာ အမေရိကန်ကို သူရဲ့ မှော်ဝင်သတ္တဝါတွေကို ဖမ်းဆီးဖို့ရောက်ရှိလာပြီး အင်္ဂလန် မှော်လောကနဲ့ မတူညီတဲ့ အမေရိကန် မှော်လောက ကို ရိုက်ပြထားတာပါ။
အခု ဆက်လက်ထွက်ရှိမယ့် ဇာတ်ကားမှာတော့ Nwet ရဲ့ ငယ်ဘဝနဲ့ Hogwarts ကျောင်းတော်မှာ ကျောင်းတက်ခဲ့တဲ့ သူရဲ့ ဇာတ်လမ်းကို ကြည့်ရှုရမှာပါ။ Potterhead (Harry potterရုပ်ရှင်အား စွဲလမ်းသူ) တွေအနေနဲ့တော့ ၂၀၁၁ မှာ ထွက်ရှိထားတဲ့ Harry Potter And Deathly Hollows 2မှာ ပျက်စီးသွားခဲ့တဲ့ Hogwarts ကျောင်းတော်ကြီးကို ပြန်လည် တွေရှိမယ့်အတွက် အလွန် ဝမ်းသာနေကြပါတယ်။
ဒါ့အပြင် ပရိသတ်တွေ အနေနဲ့ မျှော်လင့်ထားတဲ့ အတိုင်း မှော်ဂါထာတွေ Hogwarts ကျောင်းတော်ကြီးရဲ့ အလှတရား တွေနဲ့ ကျောင်းအုပ်ကြီးဖြစ်သူ Albus Dumbledore ရဲ့ ဆရာဘဝ၊စာသင်ပုံ မှော်လောကအကျိုးအတွက်လှုပ်ရှားမှုတွေကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Johny Deep,Jude Law,Eddie Redmayne,Ezra Miller စသူတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Harry Potter ဇာတ်ကားအားလုံးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates ကပဲ ရိုက်ကူးထားပါတယ်။
Ref;google.com