ဒီလို မိုးအေးတဲ့ အချိန်မှာ သီချင်းနားထောင်ရတာကလည်း အရသာတမျိုးပါပဲ။ မိုးရာသီမှာ နားထောင်ရင်း ဆွေးလို့ကောင်းမယ့် နိုင်ငံတကာက သီချင်းကောင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁ ) Talking To The Moon (အဆိုတော် Bruno Mars)
ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ သီချင်းကတော့ Bruno Mars သီဆိုထားတဲ့ “Talking To The Moon” ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒီသီချင်းကို အမေရိကန် အဆိုတော် သီချင်းရေးသားသူ တဦးဖြစ်တဲ့ Bruno Mars သီဆိုထားတာ ဖြစ်ပါတယ်။
သီချင်းရဲ့ အကြောင်းအရာကတော့ ထားရစ်ခဲ့တဲ့ ချစ်သူကို လွမ်းဆွတ်ပြီး အနားမှာ မရှိနိုင်တော့တဲ့ ချစ်သူကို တမ်းတရင်း လမင်းကြီးကို စကားပြောပြီး အသဲကွဲနေတဲ့ ကောင်လေးတယောက်နေရာက ရေးဖွဲ့ထားတာဖြစ်ပါတယ်။
ဒီသီချင်းကို Bruno Mars ဟာ တခြားသူသီဆိုဖို့အတွက် ရေးဖွဲ့ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ EP (အခွေကြမ်း) ဖြစ်တဲ့ “It’s better if you don’t understand” ဆိုတဲ့ ခွေမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။
(၂) Everybody knows (အဆိုတော် Sigrid)
နောက်တပုဒ်ကတော့ Justice League ဇာတ်ကားရဲ့ ဇာတ်ဝင်တေးဖြစ်ပါတယ်။၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ကလေးဘဝမှာ လူတိုင်းကြိုက်ခဲ့တဲ့ စူပါမန်းသေဆုံးသွားတဲ့ အကြောင်းအရာကို ရိုက်ပြတဲ့ အချိန်မှာ သုံးစွဲခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
ဒီသီချင်းကို သီဆိုသူကတော့ အသက် ၂၁ နှစ်သာရှိသေးတဲ့ နော်ဝေးအဆိုတော်မလေး Sigrid ဖြစ်ပြီး သီချင်းအမျိုးအစားက “Synth Pop” အမျိုးအစားဖြစ်ပြီး အဆိုတော် Sigrid ရဲ့ အသံပါဝါကြောင့် သီချင်းက ပိုပြီး အားကောင်းပြီး နားထောင်လို့အရမ်းကောင်းပါတယ်။
(၃) Wish You Were Here (အဆိုတော် Avril Lavigne)
ဒီသီချင်းကတော့ Punk တွေ Rock တွေကို သီဆိုပြီး နာမည်ကြီးကျော်ကြားတဲ့ ကနေဒါ အဆိုတော် Avril Lavigne သီဆိုထားတာပါ။ ဒီသီချင်းကို ၂၀၁၁ မှာ ထုတ်ခဲ့ပြီး ကမ္ဘာတဝှမ်းမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။
သီချင်းအကြောင်းအရာကတော့ ပုံပြင်ပြောပြီး ထားသွားတဲ့ ချစ်သူကို အမြဲပြန်လိုချင်နေတဲ့အကြောင်း အဓိကထား သီဆိုထားတဲ့ အသည်းကွဲ အဆွေးသီချင်းတပုဒ်ဖြစ်ပါတယ်။
(၄) Photograph (အဆိုတော် Ed Sheeran)
Ed sheeran ဟာ Pop သီချင်းရေးသားရာမှာဆရာတဆူလို့ ကမ္ဘာက သတ်မှတ်ရတဲ့ အထိ အရေးအသား ပြေပြစ်သူပါ။ သူရေးသားသီဆိုထားတဲ့ “Photograph” ဆိုတဲ့ သီချင်းဟာ စာရေးသူတို့အားလုံးရဲ့ ငယ်ဘဝကို သတိရစေမှာပါ။
(၅) Too Much To ask (အဆိုတော် Niall Horan)
နောက်ဆုံးပြောပြပေးချင်တဲ့ သီချင်းကတော့ One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ Niall Horan ရဲ့ “Too Much To Ask” ဆိုတဲ့ သီချင်းဖြစ်ပါတယ်။
Niall ဟာ One direction အဖွဲ့ကွဲသွားပြီးတဲ့ နောက်မှာ သူရဲ့ပင်ကိုယ် သီဆိုဟန်ကို ထုတ်ပြဖို့ ဒီသီချင်းကို ထုတ်ခဲ့တာဖြစ်ပြီး ဒီသီချင်းဟာ သူ့ရဲ့ ပထမဆုံး တကိုယ်တော်ခွေ ဖြစ်တဲ့ Flicker ခွေမှာ ပါရှိတာဖြစ်ပါတယ်။ Country Pop အမျိုးအစားဖြစ်တဲ့ ဒီသီချင်းဟာ စပြီးနားထောင်တာနဲ့ တမူ ထူးခြားတဲ့ ခံစားမှုကို ခံစားရမှာ ဖြစ်လို့ နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အခု သီချင်းအေးအေးလေးတွေ နားထောင်ပြီးရင်တော့ မိုးရာသီမှာ ခံစားချက်တွေ ပိုပြီး အသက်ဝင်လာမှာပါ။