နာမည်ကျော် ဟောလိဝုဒ်မင်းသား Keanu Reeves ဟာ အအေးကြော်ငြာတခုအတွက် သူ့ခြေထောက်မှာ ရှိတဲ့ အမွှေးအမျှင်တွေကို ရိတ်ပစ်ခဲ့ရဖူးတဲ့အကြောင်း ပြောလိုက်ပါတယ်။
တင်ဆက်သူ James Corden နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အသက် ၅၃ နှစ်အရွယ် မင်းသားက စက်ဘီးစီး အားကစားသမားနဲ့ သူ့ရဲ့ နည်းပြတု့ိကြားက သားအဖဆက်ဆံရေး အကြောင်းရိုက်ကူးခဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေက ကိုကာကိုလာ ကြော်ငြာတခုကို ရိုက်ကူးခဲ့ရတဲ့အကြောင်း ပြောဆိုလိုက်တာပါ။
မင်းသား Reeves က “ကျနော် စက်ဘီးစီးအားကစားသမားတဦးအနေနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။ လူငယ်လေး တယောက်ရဲ့ နည်းပြဖြစ်တဲ့ သူ့ဖခင်တို့အနေနဲ့ပါ။ တကယ့်ကိုပဲ ကြီးမားတဲ့ ပြိုင်ပွဲ တခုပါ။ ဒါပေမယ့် အဲဒီကြော်ငြာကို ၃ ရက်လောက် ရိုက်ခဲ့ရတယ်။ ကျနော့်အတွက်တော့ တကယ့်လက်တွေ့ဘဝမှာ ကျောင်းသွား ပြီး စာသင်ရတာဟာ တကယ့်ကိုပဲ ကြီးမားတဲ့ အတွေ့အကြုံတခုဖြစ်ခဲ့ပါတယ်”
“ လက်တွေ့ပြောရမယ်ဆိုရင် အမှတ်မှီအောင် ကြိုးစားရသလိုပါပဲ။ ကျနော်တို့ဟာ တချို့ ဇာတ်ဝင်ခန်းတွေကို အဆင့်မြှင့် ရတယ်။ ဆောင်းရာသီမှာ ရိုက်ကူးနေခဲ့တာဖြစ်ပေမယ့် ပူအိုက်နေသလို ဟန်ဆောင်ရတယ်။ တကယ့်လက်တွေ့ဘဝ အလုပ်အတွေ့အကြုံတွေပါပဲ” လို့ ပြောဆိုပါတယ်။
အဲဒီနောက် ကြော်ငြာထဲက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ခြေသလုံးမွှေးတွေကို ရိတ်ပစ်ခဲ့ရတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
တင်ဆက်သူ Corden က “ဒီကြော်ငြာအတွက် ခြေသလုံးမွှေးတွေ ရိတ်ပစ်လိုက်ရတယ် ဟုတ်လား” လို့ တအံ့တသြ မေးမြန်းခဲ့ရာမှာတော့ မင်းသား Reeves က “ ဟုတ်ပါတယ်။ ကျနော်က စက်ဘီးစီးသမားတဦးအနေနဲ့ သရုပ်ဆောင်နေရတာကြောင့်ပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
မင်းသားဟာ ကိုကာကိုလာကြော်ငြာတွေကနေ The Matrix ရုပ်ရှင်တွေကနေ အစပြုလို့ John Wick ရုပ်ရှင်တွေအထိ ရုံဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ မင်းသား Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဟာ မင်းသမီး Winona Ryder နဲ့အတူ ရိုက်ကူးထားတဲ့ ဟာသ ဇာတ်မြူး ရုပ်ရှင် “Destination Wedding” ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်မှာတော့ လက်ထပ်ပွဲ မတက်ချင်ကြတဲ့ သူနှစ်ဦး သွားတဲ့လမ်းမှာ ဆုံစည်းမိခဲ့ကြတဲ့အကြောင်း ဇာတ်အိမ် တည်ရိုက်ကူးထားတာပါ။ သူတို့နှစ်ဦးဟာ ၁၉၉၂ ခုနှစ်တုန်းက “Dracula” ဆိုတဲ့ ရုပ်ရှင်မှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြ ဖူးပြီး အခုထိသူငယ်ချင်းကောင်းတွေအဖြစ်ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
“Destination Wedding” ရုပ်ရှင်ကို သြဂုတ်လ ၃၁ ရက်နေ့စကလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref: ptinews