Entertainment

"Old Gangster" ရုပ်ရှင်အတွက် တက်တူးတွေ ထပ်ဖြည့်နေတဲ့ တိုင်ရွန်

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်အဖြစ်သာမက ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်နေတဲ့ တိုင်ရွန်က “Old Gangster” ရုပ်ရှင် ရိုက်ဖို့အတွက် တက်တူးတွေ ထပ်ဖြည့်နေတယ်လို့ ဆိုပါတယ်။

“Old Gangster အတွက် တက်တူးတွေ ဖြည့်နေတယ်။ ဖြည့်ရင်းနဲ့ ပြည့်နေပြီ။ အခုက လက်နဲ့ရင်ဘတ်နဲ့ အသစ် ထပ်ထိုးနေတာပေါ့။ အရုပ်တွေက ကျနော်သဘောကျတဲ့ အရုပ်တွေပါပဲ။ ကျနော် ကိုယ်တိုင်လည်း နားမလည်သလို ပရိသတ်တွေလည်း နားလည်မှာ မဟုတ်ပါဘူး။ ကျနော် စိတ်ကူးပေါက်တဲ့ အရုပ်တွေထိုးတာ များတယ်။ တက်တူးဆရာကလည်း ကျနော်ထိုး ခိုင်းတဲ့အတိုင်း ထိုးပေးတာပဲ။ Google ကနေရှာပြီး ဟိုပေါင်း ဒီပေါင်းနဲ့ ကျနော်လာရင် တက်တူးဆရာတောင် ကြောက်နေပြီ’’လို့ တိုင်ရွန်က ပြောပါတယ်။

တိုင်ရွန်က အခုချိန်မှာ လူငယ်ဘဝကို ဖြတ်သန်းနေတာကြောင့် တက်တူးထိုးဖြစ်တယ်လို့ ဆိုပါတယ်။ “တက်တူးရှိရင် သရုပ်ဆောင် မဖြစ်ရဘူးလို့ အစွဲနည်းနည်းနည်း ရှိကြတယ်လေ။ ကျနော်ကတော့ ရှိလည်း လုပ်လို့ရတယ် ဆိုပြီးလုပ်ဖြစ်သွားတာပါ။ ကျနော်ရိုက်ရရ မရရ တက်တူးထိုးတာ လူမိုက်ပုံစံ ပေါက်အောင် ထိုးတာ မဟုတ်ပါဘူး။ ကျနော် သဘောကျလို့ ထိုးတာပါ။ နောင်တလည်း မရပါဘူး။ ဖြတ်လို့လည်း မရပါဘူး” လို့ တိုင်ရွန်က ပြောပါတယ်။

 

သရုပ်ဆောင် တိုင်ရွန်

 

“ကျနော် တက်တူးထိုးထားက မိုက်အောင်လို့ပေါ့နော်။ ဂေါ်အောင်ပေါ့။ စတေကာ ကပ်တာထက် စာရင် ပိုအဆင်ပြေတယ်လို့ ထင်တာပဲ။ အခုခေတ် လူငယ်တွေကလည်း ထိုးကြတယ်။ အရမ်းလည်း ခေတ်စားလာကြတယ်။ကျနော်လည်း လူငယ်ဘဝကို ဖြတ်သန်းနေတဲ့ အချိန်ဆိုတော့ ထိုးဖြစ်တယ်။ ကျနော်တို့လို လူကောင်းတွေလည်း ထိုးကြတယ်လို့ သဘောသက်ရောက် သွားပါတယ်”လို့ တိုင်ရွန်က ပြောပါတယ်။

“Old Gangster” ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် ရန်အောင်၊ လူမင်း၊ မင်းဦး၊ ခင်လှိုင်၊ ရဲတိုက်၊ နေနော်၊ ထူးခြား၊ တိုင်ရွန်၊ ပက်ထရစ်ရှာနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာ ဂျိုးက ရိုက်ကူး ပုံဖော်သွားမှာ ဖြစ်ပါတယ်။ တိုင်ရွန်က လက်ရှိမှာတော့ Let’s Go အစီအစဉ် ရိုက်ကူးရေးတွက် ဗီယက်နမ်ကို ရောက်ရှိနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading