Entertainment

ခြေထောက်အရိုး အက်သွားလို့ ဖိလစ်ပိုင်ခရီးစဉ်နဲ့ လွဲသွားခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

Want create site? Find Free WordPress Themes and plugins.

Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာဟာ သြဂုတ်လ ၁၆ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် “Miss Universe 2014 အလှမယ်များ မိတ်ဆုံစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။

အဲဒီပွဲကို သွားဖို့အတွက် သျှားထွဋ်အိန္ဒြာအနေနဲ့ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ပေမယ့် မမျှော်လင့်ဘဲ ဒီရက်ပိုင်းအတွင်းမှာ ထိခိုက်မှုဖြစ်ပြီး ခြေထောက်အရိုး အက်သွားတာကြောင့် ခရီးစဉ်နဲ့ လွဲသွားခဲ့တယ်လို့ သိရပါတယ်။

“အဲဒီပွဲကို သွားဖို့အတွက်လည်း Confirm ထားပြီးသား ဖြစ်ပါတယ်။ လေယာဉ် လက်မှတ်လည်း ဝယ်ပြီးပြီ။ Reunion ဆိုပေမယ့် ပြိုင်ပွဲ ပြန်ပြိုင်ရသလိုပဲဆိုတဲ့ စိတ်နဲ့ စိတ်ဓာတ်တွေ ကျနေတဲ့ကြားက ဝိတ်တွေလျှော့၊ အဝတ်အစားတွေပြင်ဆင်၊ အကုန်လုံးကို အဆင့်သင့်ဖြစ်လို့နေခဲ့ပါပြီ။ ဒါပေမယ့် ဒီကြားထဲမှာ မထင်မှတ်ထားဘဲ သျှား ထိခိုက်မှု ဖြစ်လို့ ခြေထောက်အရိုး အက်သွားပါတယ်”လို့ သျှားထွဋ်အိန္ဒြာက ဆိုထားပါတယ်။

သူမ အနေနဲ့ ပြန်လည်သက်သာလာမယ် ထင်ခဲ့ပြီး ခြေထောက် အခြေအနေကြောင့် မသွားဖြစ်တော့ဘဲ သွားဖို့အတွက် စုထားတဲ့ မုန့်ဖိုးတွေကို အဖေနဲ့ အမေကို ကန်တော့လိုက်တယ်လို့ သျှားထွဋ်အိန္ဒြာက Facebook မှာ ရေးသားထားပါတယ်။

“အစကတော့ ပြန်သက်သာလာနိုင်တယ်ဆိုပြီး ဘယ်အရာကိုမှ Cancel မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အခုအခြေအနေ အရ Philippine မှာ ပြုလုပ်ရမယ့် အချိန်ဇယားကို ကြည့်တဲ့ အချိန်မှာ ရိုက်ကူးရေးတွေရော၊ Activities တွေရော ကြည့်လိုက်တဲ့ အခြေအနေမှာ ဒေါက်ဖိနပ် မစီးရတဲ့ရက် တရက်မှကို မရှိပါဘူး”

“သျှားခြေထောက် အခြေအနေက ဖိနပ် အကျပ်တောင် စီးလို့ မရသေးတဲ့ အခြေအနေမို့ သျှားကိုယ်တိုင်လည်း တော်တော်ကို စိတ်မကောင်းဖြစ်နေရပါတယ်။ Miss Universe Reunion GRP Chat မှာ သူတို့လေးတွေက လာနေပြီတို့၊ ဘာတို့တောင် လုပ်နေကြပြီ။ အခုတော့ အဲ့ဒီကိုသွားဖို့ စုထားတဲ့ မုန့်ဖိုးလေးနဲ့ အဖေနဲ့အမေကို ကန်တော့လိုက်တယ်” လို့ သျှားထွဋ်အိန္ဒြာက ဆိုထားပါတယ်။

သျှားထွဋ်အိန္ဒြာဟာ သြဂုတ်လ ၄ ရက်နေ့က လှေကားပေါ်က ချော်ကျရင်း အရိုး အက်သွားခဲ့တာ ဖြစ်ပါတယ်။ သျှားထွဋ်အိန္ဒြာဟာ “Miss Universe Myanmar2014” ဆု ရရှိထားတဲ့ အလှမယ်တဦးဖြစ်သလို ပရိသတ်အားပေးတဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်သရုပ်ဆောင်ပိုင်းကို စိတ်ဝင်စားတဲ့ အလှမယ် သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading