Entertainment

ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်လမ်းမှာ ပရိသတ်များ သောင်းသောင်းဖြဖြ ကြိုဆိုကြ

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ကို သြဂုတ်လ ၁၅ ရက်နေ့က ပြန်သွားပါတယ်။ သူ့ရဲ့ အိမ်ပြန် ခရီးလမ်းတလျှောက်မှာတော့ သူ့ကို အားပေး ကြိုဆိုကြတဲ့ ပရိသတ်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ပရိသတ်တွေက သူရပ်နားမယ့် နေရာတိုင်းမှာ စောင့်နေရုံသာမက ဆိုင်ကယ်တွေနဲ့ သူ့ရဲ့အိမ်ပြန်လမ်းကို လိုက်ပို့ပေးနေကြတာပါ။

ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်လမ်းခရီးမှာတော့ သူ့ကို အားပေးတဲ့ ပရိသတ်များစွာက သောင်းသောင်းဖြဖြ ကြိုဆိုနေကြတာ တွေ့ရပြီး ပရိသတ်တွေရဲ့ အားပေးကြိုဆိုမှုက ကြက်သီး ထလောက်အောင်ကို ပျော်စရာကောင်းတာ မြင်တွေ့ရပါတယ်။ တခဲနက်အားပေးတဲ့ ပရိသတ်တွေကြောင့်လည်း ဖြိုးမြတ်အောင်က အရမ်းကိုပျော်နေခဲ့ပါတယ်။

 

 

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ရဲ့ အိမ်ပြန်ခရီးဟာ မျက်နှာပန်း လှခဲ့ပါတယ်။ ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲကနေ မိခင်ဖြစ်သူရဲ့ အိပ်မက်တွေကို အရင်ဆုံး အကောင်အထည်ဖော်ပေးမယ်လို့ ပြိုင်ပွဲမှာ ဆုရခဲ့စဉ်က ဆိုခဲ့ပါတယ်။ “ဘုရားထီးတင်မယ်၊ ကထိန်ခင်းမယ်” လို့လည်း သူဆုရမယ့် ငွေကြေးတွေကို အကျိုးရှိရှိ အသုံးချမယ့်ပုံကို သူပြိုင်ပွဲ မပြိုင်ခင် live မှာ ပြောခဲ့ဖူးပါတယ်။

“ပရိသတ်တွေအားပေးလို့ ဒီနေရာထိ ရောက်လာတဲ့အတွက် အရမ်းပျော်ပါတယ်။ ကျနော် ဘုရားထီးတင်မယ်။ ကထိန် ခင်းမယ်။ ကျောင်း ဆောက်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ နေရာတွေ သွားလှူမှာပါ။ အမေရဲ့ အိပ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ ကျနော့်ကို ချစ်ရင် ဆောင်ပုဒ်လေး တခုကို မှတ်ထားပေးကြပါ။ ဆောင်ရွက်မှုတိုင်း အတွက် ကိုယ်ချင်းစာပါလို့ မှတ်ထားပေးကြပါ။ ကျနော်ပြိုင်ပွဲပြီးတော့ စိတ်လျော့လိုက်တော့ နေမကောင်းဖြစ်နေပါပြီ” လို့ ဖြိုးမြတ်အောင်က ပြိုင်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

 

 

သူ့အနေနဲ့ Myanmar Idol သီချင်းဆို ပြိုင်ပွဲပြီး နောက်ပိုင်းမှာ သူ့ရဲ့အနုပညာဝမ်းစာများကို ထပ်မံ ဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်၊ ညီမတွေ လေးစားအားကျရတဲ့ အနုပညာသမား တယောက်အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ် ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ Myanmar Idol မှလည်း Winner ဆုရှင် ဖြိုးမြတ်အောင်ကို ဆုပေးပွဲအပြီး နောက်တရက်မှာ ဂုဏ်ပြု ညစာစားပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading