ကိုရီးယားဇာတ်ကားတွေ နိုင်ငံတကာအထိပါထိုးဖောက်နိုင်တယ်ဆိုတာဟာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင် စွမ်းရည်ကောင်းမွန်မှုတွေကြောင့်ပဲဖြစ်ပြီး အခုဖော်ပြပေးမယ့် တောင်ကိုရီးယားထိပ်တန်း မင်းသားတွေကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်နေတဲ့ မင်းသားတွေပဲ ဖြစ်ပါတယ်။
(၁) Lee Byung Hyun
ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ မင်းသား Lee Byung Hyun ဟာဆိုရင် ဟောလိဝုဒ်ရဲ့နာမည်ကြီးရုပ်ရှင် “Red 2” ဇာတ်ကားနဲ့ “Terminator Genisys” တို့မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတလက် ဖြစ်ပါတယ်။
(၂) Rain
“Full House” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ကိုရီးယားဇာတ်ကားချစ်သူတွေ လူသိများခဲ့ကြတဲ့ မင်းသား Rain ဟာဆိုရင်လည်း ၂၀၀၈ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Speed Racer” ၊ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Ninja Assassin” ဇာတ်ကားတွေနဲ့ ဟောလိဝုဒ်မှာ အောင်မြင်မှုတွေရရှိခဲ့သူတဦး ဖြစ်ပါတယ်။
(၃) Daniel Henney
အမေရိကန်နိုင်ငံဖွား တောင်ကိုရီးယားမင်းသား Danniel Henney ဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “X-Men Origins: Wolverine” ဇာတ်ကား၊ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Last Stand” စတဲ့ ဟောလိဝုဒ်အက်ရှင်ဇာတ်ကားတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ ကိုရီးယားမင်းသားတဦးပဲ ဖြစ်ပါတယ်။
(၄) Steven Yeun
“The Walking Dead” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားမင်းသားချော Steven Yeun ကိုတော့ ဒီဇာတ်လမ်းတွဲမှာ “Glenn” အနေနဲ့ လူသိများခဲ့ကြပြီး ၈၁ ပိုင်းမြောက်မှာ သူ့ဇာတ်ကောင်က သေဆုံးသွားခဲ့ တာပဲဖြစ်ပါတယ်။
(၅) Lee Will Yun
ဟောလိဝုဒ်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူအနေနဲ့ရော သရုပ်ဆောင် တယောက်အနေနဲ့ပါ အောင်မြင်နေတဲ့ မင်းသား Lee Will Yun ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ “Rampage” ဇာတ်ကား၊၂၀၁၅ မှာထွက်ရှိခဲ့တဲ့ “San Andreas” နဲ့ “The Wolverine” ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေရရှိနေတဲ့ ကိုရီးယားမင်းသားတလက်ပဲ ဖြစ်ပါတယ်။
Ref. www.dramafever.com