Entertainment

ဝင်ငွေစံချိန်တင်ရရှိခဲ့ကြတဲ့ ဘောလိဝုဒ်ဇာတ်ကား (၅) ကား

Want create site? Find Free WordPress Themes and plugins.

ဟောလိဝုဒ်ပြီးရင် ဘောလိဝုဒ်လို့တောင် ပြောလို့ရတဲ့အထိကို အောင်မြင်မှုတွေ ရရှိနေတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်း တွေ များစွာထဲကမှ ဝင်ငွေအကောင်းဆုံးစံချိန်တင် ရရှိခဲ့ကြတဲ့ ဇာတ်ကားတွေကို ဧရာဝတီရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) Dangal (2016)

 

 

မင်းသားကြီး Aamir Khan ပါဝင်သရုပ်ဆောင်ထားတဲ့ ဝင်ငွေ ရူပီး ၁၈၆၄ ကုဋေအထိ စံချိန်တင်အောင် ရရှိခဲ့တဲ့ ဒီဇာတ်ကားဟာတော့ ရွာငယ်လေးတရွာက ရည်မှန်းချက်ကြီးမားတဲ့ နပမ်းသမားဖခင်တဦးက သမီးနှစ်ယောက်ကို အောင်မြင်ကျော်ကြားတဲ့ နပမ်းသမားတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတကားပဲ ဖြစ်ပါတယ်။

(၂) Secret Superstar (2017)

 

 

ဒီဇာတ်ကားဟာဆိုရင် ဝင်ငွေရူပီး ၉၀၃ ကုဋေ ခန့် စံချိန်တင်ရရှိထားတာဖြစ်ပြီး အဆိုတော်တယောက်ဖြစ်ချင်တဲ့ ဆယ်ကျော်သက်ကောင်မလေးတယောက်ကို ဇာတ်အိမ်တည်ထားပြီး သူမရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို လှလှပပပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတကားပဲ ဖြစ်ပါတယ်။

(၃) PK (2014)

 

 

အိန္ဒိယဘာသာရေးအသိုင်းအဝိုင်းကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ PK ဇာတ်ကားဟာဆိုရင်လည်း ဝင်ငွေ ရူပီး ၇၉၀ ကုဋေခန့် ရရှိထားတာဖြစ်ပြီး၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားတွေထဲမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပါတယ်။

(၄) Sultan (2016)

 

 

မင်းသား Salman Khan ပါဝင်ထားတဲ့ ဒီ Sultan ဇာတ်ကားဟာဆိုရင် ဇာတ်ကားကုန်ကျစရိတ်အနေနဲ့ ရူပီး ၇၀ ကုဋေ ရှိပြီး ရုံဝင်ငွေ ရူပီး ၅၈၉ ကုဋေထိ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ နပန်းချန်ပီယံတယောက်ရဲ့ ဘဝအနိမ့်အမြင့်အတက်အကျတွေကို လှလှပပ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။

(၅) Padmavaat (2018)

 

 

သမိုင်းရာဇဝင်အခြေခံဇာတ်ကားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် ရုံဝင်ငွေ ရူပီး ၅၈၅ ကုဋေခန့်ရရှိခဲ့တဲ့ အောင်မြင်တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဂန္တဝင်ရုပ်ရှင်တွေ ရိုက်ကူးရာမှာ ဆရာကျတဲ့ ဒါရိုက်တာ Sanjay ကရိုက်ကူးထားတာဖြစ်ပြီး မင်းသား Ranveer နဲ့ မင်းသမီးချော Depika တို့ရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Ref. www.wonderslist.com

Did you find apk for android? You can find new Free Android Games and apps.
Loading