• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂျိုဆွန်းခေတ်က ပထမဆုံးသတ္တဝါဆန်းကြီးအကြောင်း ရိုက်ကူးထားတဲ့ ‘Monstrum’ ရုပ်ရှင်

by မစ်ကီ
17 August 2018
in Entertainment
A A
Monstrum ရုပ်ရှင်

Monstrum ရုပ်ရှင်

5.2k
VIEWS
Share on FacebookShare on Twitter

မကြာမီ ရုံတင်ပြသတော့မယ့် ကိုရီးယားသတ္တဝါဆန်းကြီး တကောင်အကြောင်း ရိုက်ကူးထားတဲ့ အက်ရှင်ရုပ်ရှင် “”Monstrum” ဟာ ဘုရင်ဂျောင်ဂျုံလက်ထက်၊ ၁၅၂၇ ခုနှစ်မှာ တော်ဝင်နန်းတော်ကို ခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါဆိုးကြီးအကြောင်း မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့ သူ့လူယုံတွေကို စေခိုင်ခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
492
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
217
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
762

ရုပ်ရှင်ဒါရိုက်တာ Heo Jong-ho က “ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ် သတ္တဝါအကြောင်းကို ပုံဖော်ထားပါတယ်။ ကျနော်တို့ရဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တဝါဆိုးတကောင်ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ကွဲပြားချက်ရှိတာက ကျနော်တို့က သမိုင်းမှတ်တမ်းတွေကနေ အိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ်” လို့ သြဂုတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဝါရင့်သရုပ်ဆောင် Kim Myung-min က ဘုရင်ကို ထီးနန်းကနေ ဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တဝါဆိုးကြီး နောက်ကို ထပ်ကြာမကွာ လိုက်သွားခဲ့တဲ့ ဘုရင့်လူယုံတော် Yoon Gyeom အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

မင်းသား Kim In-kwon ကတော့ ရှာဖွေရေးအဖွဲ့ထဲက Yoon ရဲ့ ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင် ထားပါတယ်။ နာမည်ကျော် Kpop အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Day မှ အဆိုတော်၊ သရုပ်ဆောင် Hyeri က Yoon ရဲ့ သမီး Myeong အဖြစ်လည်းကောင်း၊ မင်းသား Choi Woo-sik က ဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူး အဖြစ် သရုပ်ဆောင်ထားကြပါတယ်။

မင်းသား Kim Myung-min က “ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားပါတယ်။ မမြင်ရတဲ့ရန်သူကို တိုက်ခိုက် ရမယ်ဆိုတဲ့အချက်က ကျနော့်ကို စိတ်ဝင်စားစေပါတယ်။ ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ တကယ့်ဖြစ်ရပ်ဇာတ်လမ်းကို အခြေခံထားတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်”

“ Yoon အဖြစ်နဲ့ သမိုင်းနောက်ခံ ဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ။ ကျနော် အရင်တုန်းက သရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်။ ပြီးတော့ ဇာတ်ကောင်ကို ကျနော်က ပေါ့ပေါ့ပါးပါးရော လေးလေးပင်ပင်ရော မဖြစ်အောင် ဖန်တီးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ သူက “ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တဝါဆန်းကြီးအကြောင်း ဖြစ်တဲ့အတွက် ရုပ်ရှင်က ပိုပြီးဆွဲဆောင်မှု ရှိမယ်လု့ိ ကျမ ခံစားရပါတယ်။ ကျမအတွက် စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့် ရုပ်ရှင်ရိုက်ကူးရေးနေစဉ်နဲ့ မြားပစ်လေ့ကျင့်ရေး တို့မှာလည်း ပျော်ရွှင်ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကို Lotte Entertainment ကနေတဆင့် စက်တင်ဘာလ ၁၃ ရက်နေ့ကစလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref:Yonhap

Your Thoughts …
Tags: Monstrum ရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
ရဲတပ်ကြပ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား  / မန္တလေးတိုင်းရဲတပ်ဖွဲ့

မန္တလေးတွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

အဆိုတော်ဖော်ကာနဲ့ သားလေး ဂျက်ချေ  / Fokker's Facebook

"သားဂျက်ချေက အဖေကိုကြည့်ပြီး လမ်းမှားဆိုတာ မရှိစေရဘူး"

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate