Entertainment

ဒီတပတ် Billboard Top 200(Album) ရဲ့ Top 5 စာရင်း

Want create site? Find Free WordPress Themes and plugins.

Billboard Top 200 ဆိုတာကို အမေရိကန်နိုင်ငံ ဂီတထုတ်လုပ်ရေး စံတခုလို့ သတ်မှတ်ထားကြပါတယ်။ ဒီစာရင်းကို ရေဒီယိုမှာ လွှင့်တဲ့အကြိမ်၊ အင်တာနက်မှာ တိုက်ရိုက်ကြည့်ရှုမှုနှုန်း စတာတွေကို အခြေခံပြီး ရွေးချယ်တာ ဖြစ်ပါတယ်။

ဒီစာရင်းဟာ တပတ်မှာ တခါပြောင်းလဲတာဖြစ်ပြီး ကြာသပတေးနေ့ရောက်တိုင်း အသစ်ပြောင်းပါတယ်။ ဒီစာရင်းကို ၁၉၅၈ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်ရဲ့ Top 5 စာရင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) Astroworld By Travis Scott

သြဂုတ်လ ၃ ရက်နေ့က ထုတ်ခဲ့တဲ့ အမေရိကန် Rapper Travis Scott ရဲ့ Astroworld ဆိုတဲ့ Album ဟာ ဒီတပတ်ရဲ့ နံပတ် ၁ နေရာမှာ ရှိနေပါတယ်။ ဒီ Album ဟာ Travis Scott ရဲ့ တတိယမြောက် Album ဖြစ်ပြီး ဝေဖန်သူတွေက ဒီ Album ဟာ ဈေးကွက်ဝင် Album တခုအဖြစ်အဆင့်မှီတယ်လို့ သတ်မှတ်ထားကြပါတယ်။

အခွေထွက်ပြီး တပတ်အကြာ သြဂုတ်လ ၁၀ ရက်နေ့မှာတော့ ဒီခွေဟာ Recording Industry Association of America မှာ Gold ရခဲ့ပါသေးတယ်။

(၂) Scorpion By Drake

ဒီAlbum ဟာ Drake ရဲ့ ၅ခွေမြောက် Album ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒီ Album ဟာ Billboard ရဲ့ Top200 စာရင်းဝင်နေတာ ၆ ပတ်ရှိနေပါပြီ။ ဒီ Album မှာ featuring အနေနဲ့ Jay Z,Ty Dollar Sign စတဲ့ အဆိုတော်တွေ ပါဝင်သီဆိုထားပြီး “God’s Plan” “In My feeling” စတဲ့ သီချင်းတွေဟာ ပရိသတ်အကြိုက်ဆုံးသီချင်း တွေ ဖြစ်ခဲ့ပါတယ်။

(၃) Swimming By Mac Miller

Swimmimg ဟာ အမေရိကန် Rapper Mac Miller ရဲ့ ငါးခွေမြောက် Album ဖြစ်ပြီး ဒီတပတ်မှာမှ Billboard Top 200 စာရင်းထဲဝင်တာ ဖြစ်ပါတယ်။ သြဂုတ်လ ၃ ရက်နေ့က ထုတ်ခဲ့တဲ့ ဒီခွေကို Warner Bros. ထုတ်လုပ်ရေးက ထုတ်လုပ် ထားတာဖြစ်ပါတယ်။

Featuring သီဆိုသူတယောက်မှ မပါပေမယ့် Snoop Dog,Syd,Thundercat,J.I.D တို့ရဲ့ အသံတွေကို Sampling ယူထားတယ်လို့သိရပါတယ်။ ဒီ Album ထဲက သီချင်းတွေဖြစ်တဲ့ “Small Worlds”,”Seft Care”, “What’s the Use?” စတဲ့သီချင်းတွေက ဝေဖန်သူတွေရဲ့ အကြိုက်သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

(၄) Beerbongs and Bentlays By Post Malone

Top 200 စာရင်းမှာ ရှိနေတာ ၁၅ပတ်ကြာပြီဖြစ်တဲ့ ဒီသီချင်းဟာ အမေရိကန် Rapper Post Malone ရဲ့ ဒုတိယမြောက် Album ဖြစ်ပါတယ်။ ဒီ Album ကို ၂၀၁၈ ဧပြီလမှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီအခွေမှာ Featuring အနေနဲ့ Swae Lee,21Savage,Ty Dollar Sign,Nicki Minaj,G Eazy,YG စတဲ့သူတွေပါဝင်ပါတယ်။ ဒီ Album ဟာ Recording Industry Association of America မှာ Double Platinum ရရှိခဲ့ပါသေးတယ်။

(၅)Stay Dangerous By YG

ဒါကတော့ နာမည်ကြီး အမေရိကန် Rapper YG ရဲ့ တတိယမြောက် Album ဖြစ်ပြီး သြဂုတ်လ ၃ ရက်နေ့က ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီ Album ဟာ ဒီတပတ်မှ Billboard Top 200 ရဲ့ နံပတ် ၅ နေရာကို ရောက်ရှိလာတာဖြစ်ပြီး ဝေဖန်သူတွေရဲ့အကောင်းပြောခြင်းကိုသာ ခံခဲ့ရတဲ့ Album လည်းဖြစ်ပါတယ်။

Featuring အနေနဲ့ကတော့ 2Chain,ASAP Rocky,Ty Dollar Sign,Quavo,Mozzy,Jay305,Big Sean,Young Boy Never Broke Again,Nicki Minaj တို့ ပါဝင်ထားကြပါတယ်။

Ref;billboard.com

Did you find apk for android? You can find new Free Android Games and apps.
Loading