Entertainment

"ရွှေမှုံရတီကို အကောင်းဖက်က မြင်ပေးကြပါ" ဆိုသူ ဇေရဲထက်

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဇေရဲထက်က “အဆိုတော်တွေ နေတဲ့ရွာ” ရုပ်ရှင်မှာ အဆိုတော် ဖြစ်ချင်တဲ့ Rapper ရူး တယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး အဲဒီဇာတ်ကားမှာ ရွှေမှုံရတီနဲ့ အတူတူလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားတွေမှာ အမြဲ အတူတွဲ သရုပ်ဆောင်သလို သူငယ်ချင်းဖြစ်တဲ့ ရွှေမှုံရတီကို အဆိုတော် တယောက်နဲ့ ကြိုက်နေကြတယ်ဆိုတဲ့ ကောလာဟလများ အပေါ် ဇေရဲထက်က VCD ရိုက်တဲ့ ပုံတွေတက်လာတာကြောင့် အကောင်းဖက်ကပဲ မြင်ပေးကြပါလို့ ဆိုပါတယ်။

“ရွှေမှုံ ချစ်သူသစ်ရတယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ သူတို့ ဗီစီဒီတွေ ရိုက်တာ။ ရိုက်တဲ့ ပုံလေးတွေ တင်တာပါ။ ဘာမှ မဟုတ်ပါဘူး။ အကောင်းဖက်ကပဲ မြင်ပေးကြပါ။ အကောင်းဖက်က မြင်တဲ့အခါ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာတယ်။ လူတယောက်ကို ကောင်းတဲ့ဖက်က မြင်ပေးရမယ်။ ကောင်းတဲ့အလုပ်ကို လုပ်ရမယ်” လို့ ဇေရဲထက်က ပြောပါတယ်။

“ကျနော်တို့ကိုယ်တိုင်လည်း အပြောခံရတာ အတိုက်အခိုက်ခံရတာ ခုချိန်ထိ မလွတ်သေးဘူး။ နောက်ပိုင်း အရေထူလာတော့ Comment တောင် မဖတ်တော့ဘူး။ အရင်က နားထောင်ပြီး Feel ဖြစ်တယ်။ အရေထူလာတဲ့အခါ စိတ်မကောင်းရုံကလွဲပြီး ဘာမှမဖြစ်ဘူး”

“ကိုယ်ရေးမယ့် စာတကြောင်းသည် ကောင်းလား၊ မကောင်းလား စဉ်းစားပြီးမှ ရေးစေချင်တယ်။ ခွန်အားပေးတဲ့စာမျိုးလည်း ဖြစ်စေချင်တယ်။သူသည် မိဘကို လုပ်ကျွေးနေတာ ဖြစ်တဲ့အတွက် မကောင်းတဲ့ဘေးကို သူရောက်မှာ မဟုတ်ပါဘူး။ သူ့ကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်မှာပါ”လို့ ဇေရဲထက်က ဆိုပါတယ်။

အဆိုပါ “အဆိုတော်တွေ နေတဲ့ရွာ” ဇာတ်ကား မရိုက်ခင်တုန်းက ဒီဇာတ်ကားမှာ ဝတ်စား ဆင်ယင်ထားတဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး အဆဲခံခဲ့ရတယ်လို့ ဇေရဲထက်က ပြောပါတယ်။

“ကျနော် အဲ့ကားရိုက်တုန်းက ကျနော့်အဝတ်အစားနဲ့ ပတ်သက်ပြီး အရမ်း ဆဲခံခဲ့ရတယ်။ ဆဲခံရတာနဲ့ ပတ်သက်ပြီး တကယ်လို့ အဲ့ကားနဲ့ ပတ်သက်ပြီး ဆဲတဲ့ လူတွေအားလုံး ကြည့်ကြပေးပါ။ ဒီကားမှာ ဘာကြောင့် ဒီလိုဝတ်ရလဲ ဆိုတာကို ကြည့်စေချင်တယ်။ ဘာကြောင့် ဒီလိုဝတ်ရလဲ ဆိုတာ သိမှာပေါ့”

“ဘာကြောင့်လဲဆို ကျနော်တို့သည် အဆိုတော် တယောက် မဟုတ်ဘူး။ တောသားလေးတွေရဲ့ ပုံစံမျိုးလေးတွေ အကွက်တွေတောင် မဝတ်ဘဲ အင်္ကျီအပွ၊ ဘောင်းဘီ အပွတွေ ဝတ်ပေးလိုက်တာတောင် အဆဲတော်တော်ခံရတယ်။ ကျနော် သရုပ်ဆောင်မယ့် ဇာတ်ရုပ်အတွက် ဒါရိုက်တာ၊ ဇာတ်ညွှန်းသမားတွေကို မေးပြီးမှ လုပ်ဆောင်တယ်” လို့ ဇေရဲထက်က ပြောပါတယ်။

“အန်ကယ်တို့၊ အစ်မတို့နဲ့ ရိုက်ရတာ အရမ်းခက်ခက်ခဲခဲ မရှိဘူး။ ဘာလို့လဲဆို သူတို့က အရမ်း ရူးသွပ်တာ။ အဆိုတော်တင် မဟုတ်ဘူး သရုပ်ဆောင်လည်း အရမ်းရူးသွပ်တယ် ဆိုတာ သရုပ်ဆောင် အချင်းချင်းကြတော့ နားလည်တာပေါ့။ အမှားနည်းပြီး လုပ်နိုင်တာ တွေ့ရတယ်။ အရမ်းလည်း တော်တယ်။ လေးလည်း လေးစားတယ်။ ဂုဏ်ယူဖို့လည်း ကောင်းတယ်”လို့ ဇေရဲထက်က ဆိုပါတယ်။

“အဆိုတော်တွေ နေတဲ့ရွာ” ရှပ်ရှင်ကို သြဂုတ်လ ၂၄ ရက်နေ့မှာ စတင်ကာ ရုံတင် ပြသသွားမှာ ဖြစ်ပြီး အဆိုပါ ဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် မင်းမော်ကွန်း၊ ဇေရဲထက်၊ မို့မို့မြင့်အောင်၊ ခင်လှိုင်၊ မြန်မာပြည်သိန်းတန်၊ ရွှေမှုံရတီ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ နုနန္ဒာသန်းတို့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading