သေတမ်းစာရေးပြီး အမွှေလွှဲမသွားခဲ့တဲ့ ကွယ်လွန်သူ အဆိုတော် Aretha Franklin
ကွယ်လွန်သူ အဆိုတော် Aretha Franklin ဟာ သူကွယ်လွန်ချိန်မှာ သေတမ်းစာရေးမသွားခဲ့ဘူးလို့ သိရပါတယ်။ Detroit Free Press မီဒီယာ ရဲ့ အဆိုအရ Soul ဂီတဘုရင် လို့ တင်စားခံရတဲ့ အဆိုတော် Franklin ဟာ ဒေါ်လာ သန်း ၈၀ တန် တဲ့ နေအိမ်နဲ့ခြံကို သေတမ်းစာရေးပြီး လွှဲသွားခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
Franklin ရဲ့ ကလေး ၄ ဦးဖြစ်တဲ့ Clarence, Edward, Ted, နဲ့ Kecalf တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အဲဒီ ကျန်ခဲ့တဲ့ အိမ်ခြံမြေအတွက် ခွဲယူကြဖို့ စိတ်ဝင်စားတဲ့အကြောင်း တရားရုံးမှာ တင်သွင်းထားပြီး ဖြစ်ပါတယ်။
သူရဲ့ တူမ ဖြစ်တဲ့ Sabrina Owens ကလည်း အဲဒီအိမ်နဲ့ခြံအတွက် ကိုယ်စားလှယ်တဦးအဖြစ် သူ့ကို ခန့်အပ်ဖို့ တရားရုံးကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီ အမှုကိုတော့ တရားသူကြီး Jennifer Callaghan က ကိုင်တွယ်မှာဖြစ်ပါတယ်။
အဆိုတော် Franklin အတွက် ကိုယ်စားပြုရှေ့နေဖြစ်တဲ့ လော့စ်အင်ဂျိစ်ရှေ့နေ Don Wilson က “ကျနော်က သူသေပြီး တဲ့နောက် ထိန်းသိမ်းစောင့်ရှောက်ဖို့ နှစ်အတော်ကြာရှိနေခဲ့တာပါ။ အဲဒီပစ္စည်းတွေကို လျင်လျင်မြန်မြန် ဆောင်ရွက်ရပါ မယ်။ သေတမ်းစာနဲ့ ထားခဲ့တဲ့ ပစ္စည်းအဖြစ် ပယ်ဖျက်ပြီး သီးသန့်ပိုင်ဆိုင်တဲ့ ပစ္စည်းအဖြစ် ထိန်းသိမ်းထားပါမယ်” လို့ Detroit Free Press မီဒီယာကို ပြောဆိုထားပါတယ်။
မီချီဂန်ပြည်နယ် ဥပဒေအရ Franklin ရဲ့ သားသမီးတွေဟာ ကျန်ရစ်တဲ့အမွေပစ္စည်းအားလုံးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ET မီဒီယာကတော့ Franklin ရဲ့ ကိုယ်စားလှယ်နဲ့ ရှေ့နေကို မှတ်ချက်ပေးဖို့ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။
ဂီတအဆိုတော်ကြီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့မှာ ပန်ကရိယကင်ဆာနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး သူကွယ်လွန် ချိန်မှာ အသက် ၇၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူကွယ်လွန်ပြီးတဲ့နောက် သူ့မိသားစုက ကြေညာချက်တစောင် ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာတော့ မိခင်ကြီး Franklin ကွယ်လွန်သွားတာဟာ ဖော်ပြဖို့မရတဲ့ နာကျင်မှုဖြစ်ပြီး ကမ္ဘာတဝန်းမှ ပရိသတ်တွေနဲ့ ရင်းနှီးသူတွေထံကနေ ရရှိတဲ့ အချစ်တွေ၊ ထောက်ခံမှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
ပရိသတ်တွေကတော့ Charles H. Wright အာဖရိကန်-အမေရိကန်သမိုင်းပြတိုက်မှာ ပြည်သူလူထုကြည့်ရှုဖို့ ထားချိန်အတွင်း ဂန္တဝင်အဆိုတော်ကြီးကို နောက်ဆုံးအနေနဲ့ ဂါရဝပြုခွင့်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနအခမ်းအနား ကိုတော့ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁ဝ နာရီ၊ Detroit မြို့ရဲ့ Greater Grace ဘုရားကျောင်းမှာ ကျင်းပမှာဖြစ်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကိုပဲ တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။
အဲဒီနောက် သူ့ကို Detroit မြို့မှာရှိတဲ့ Woodlawn သချီုၤင်းမှာ သူ့ရဲ့ ဖခင်၊တူနဲ့ အမတွေရဲ့ အုပ်ဂူဘေးမှာ ဂူသွင်း သဂြိုၤလ်မှာ ဖြစ်ပါတယ်။
Ref: etcanada