• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရိုက်ကူးနေတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ ဒါရိုက်တာနုတ်ထွက်

by မစ်ကီ
27 August 2018
in Entertainment
A A
ဂျိမ်းစ်ဘွန်းရုပ်ရှင်ဒါရိုက်တာDanny Boyle  နဲ့ မင်းသား Daniel Craig

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဒါရိုက်တာDanny Boyle နဲ့ မင်းသား Daniel Craig

13.5k
VIEWS
Share on FacebookShare on Twitter

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ မင်းသား Daniel Craig ရဲ့ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းကို သတ်ပစ်ရန်ငြင်းဆိုခဲ့ပြီး နောက်ဆက်တွဲရုပ်ရှင်ရိုက်ကူးမှုကနေ ဒါရိုက်တာ Danny Boyle နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ သူ့ရဲ့နောက်ဆုံး 007 ရုပ်ရှင်အဖြစ် ပါဝင်ရိုက်ကူးနေတယ်လို့ ပြောဆိုထားတဲ့ မင်းသား Craig နဲ့ ထုတ်လုပ်သူ Barbara Broccoli တို့ဟာ အခုနောက်ဆုံး ရိုက်ကူးနေတဲ့ ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို သေစေဖို့ ဆန္ဒရှိနေတာလို့ ယုံကြည်ရပါတယ်။

RelatedPosts

တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
92
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
288
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k

Slumdog Millionaire ၊ 127 Hours ရုပ်ရှင်တို့နဲ့ လူသိများတဲ့ အော်စကာဆုရှင်ဒါရိုက်တာ Boyle ဟာ အဲဒီအစီအစဉ်ဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ဆိုပြီးတော့ လျှို့ဝှက်အေးဂျင့်ဘွန်းကို ဇာတ်လမ်းထဲမှာ သတ်ပစ်ဖို့ ငြင်းဆိုခဲ့တဲ့ အကြောင်း The Sun မီဒီယာမှာ ဖော်ပြထားပါတယ်။

သတင်းရင်းမြစ်တခုက “အဆုံးသတ်မှာ ဒရမ်မာဆန်ဆန်နဲ့ ဘွန်းကို သတ်ပစ်ဖို့အကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ မင်းသား Craig အတွက် နောက်ဆုံး ညာသံပေး၊ အော်သံဖြစ်မှာဖြစ်ပြီး ပရိသတ်တွေကို ဆွေးဆွေးမြေ့မြေ့ကျန်စေခဲ့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နောက်လာမယ့် နောက်ဆက်တွဲဇာတ်လမ်းအသစ်မှာ ဘွန်းမသေခဲ့တာပဲဖြစ်ဖြစ်၊ သူ့နေရာကိုမင်းသား အသစ်တယောက်ကို ဆက်ခံစေပြီး ရိုက်ကူးတာပဲဖြစ်ဖြစ် လှည့်စားမှုတွေနဲ့ ပြန်လည်ဖန်တီးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘတ်ဂျက်နဲ့ပတ်သက်လို့ အကျပ်အတည်းတွေ ရှိခဲ့ပြီး ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဘယ်၊ ညာနဲ့ အလယ်က ပုဂ္ဂိုလ်တွေ ထွက်ကုန်တာဟာ အဖွဲ့ကို အကျပ်ရိုက်စေခဲ့ပါတယ်။ ရုပ်ရှင်ကလပေါင်းများစွာကြာ နောက်ဆုတ်သွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပြီး ရိုက်ကူးရေးဝန်ထမ်းတွေ အနေနဲ့လည်း လစာဘယ်တော့ရမယ်ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာတော့ ဒါရိုက်တာ Boyle က ဖန်တီးမှုဆိုင်ရာ မတူကွဲပြား မှုတွေကြောင့် နုတ်ထွက်ခဲ့ပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ရုပ်ရှင်ရဲ့တရားဝင် Twitter အကောင့်မှာတော့ “Michael G. Wilson, Barbara Broccoli နဲ့ Daniel Craig တို့ဟာ ဖန်တီးမှုဆိုင်ရာ မတူကွဲပြားမှုတွေကြောင့် ဒါရိုက်တာ Danny Boyle က Bond 25 ရုပ်ရှင်ကိုဆက်လက်မရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်ဆိုတာ ကြေညာ လိုက်ပါတယ်” လို့ နာမည်ကျော် 007 လိုဂိုပုံနဲ့ အတူဖော်ပြရေးသားခဲ့ပါတယ်။

မင်းသား Daniel Craig ဟာ ၂၀၀၆ ခုနှစ်တုန်းက Casino Royale ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာကို မင်းသား Pierce Brosnan ဆီကနေ လက်လွှဲရယူခဲ့တာဖြစ်ပါတယ်။ မင်းသားဟာ ဗြိတိသျှစပိုင် ဂျိမ်းစ်ဘွန်း အနေနဲ့ ပဉ္စမမြောက်၊ နောက်ဆုံးရုပ်ရှင်မှာ ပါဝင်မှာဖြစ်ပါတယ်။

Ref: indianexpress

Your Thoughts …
Tags: Danny Boyleဂျိမ်းစ်ဘွန်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဂျိမ်းစ်ဘွန်းအဖြစ် ဇာတ်ကား အသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ လျာထားခံရသူများ

ဂျိမ်းစ်ဘွန်းရုပ်ရှင် မင်းသားအသစ် ဘယ်သူ ဖြစ်လာမလဲ

by မစ်ကီ
21 February 2018
5.2k

ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ အရင်ကတည်းက ရေပန်းစားနေသူတွေ ဖြစ်ကြတဲ့ Aidan Turner နဲ့ Idris Elba (၈ မဲ/၁ မဲ)၊ Tom Hiddleston (၁၀ မဲ/၁ မဲ)

ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die”

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို “No Time To Die” လို့ နာမည်ပေး

by မစ်ကီ
21 August 2019
7.3k

အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ Cary Joji Fukunaga က ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဒါရိုက်တာကတော့ HBO ရဲ့ True Detective ပထမစီးရီးနဲ့ Netflix ရဲ့ Maniac တွေမှာ...

ကမ္ဘာကျော် အဆိုတော် Liam Payne

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ အဆိုတော် Liam Payne

by မစ်ကီ
12 October 2018
8.1k

"ကျနော်က စူပါဟီးရိုးရုပ်ရှင်တွေကို သဘောကျပါတယ်။ ဒါကြောင့် Marvel ရုပ်ရှင်တခုမှာ ပါဝင်ချင်ပါတယ်။ ကျနော် ကလေးဘဝကတည်းက စူပါဟီးရိုးတယောက်ဖြစ်ချင်ခဲ့တာပါ။

မင်းသား Daniel Craig

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံလို့ Daniel Craig ပြော

by မစ်ကီ
2 October 2019
3.3k

အခုလိုမျိုး ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေအတွက် လွန်ခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်း အလုပ်လုပ်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံဖြစ်ခဲ့တယ်လို့ မင်းသားက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်း ရုပ်ရှင် "No Time To Die"

“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ

by မစ်ကီ
4 May 2020
4.1k

ဒါရိုက်တာကြီး Christopher Nolan ရဲ့ "Tenet" ရုပ်ရှင်ကို ပြသမယ့် လာမယ့် ဇူလိုင်လလယ်အထိ ဟောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကို ပိတ်ထားဦးမှာလည်းဖြစ်ပါတယ်။

မင်းသား Chris Hemsworth

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Chris Hemsworth ပြော

by မစ်ကီ
9 April 2019
11.9k

“Rush” ရုပ်ရှင်ထဲမှာ James Hunt အဖြစ် သရုပ်ဆောင်ခဲ့တဲ့ပုံစံကို မဂ္ဂဇင်းက ထောက်ပြပြီးတော့ ဘွန်းနေရာမှာ သရုပ်ဆောင်ချင်ပါသလားလို့ မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။

Next Post
ပါတီကို ထူထောင်သူများနှင့် UEC တို့က အသေးစိတ် ဖြေကြားရန် ငြင်းဆန်နေ၍ မည်သည့် မူဝါဒ၊ မည့်သည့် ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံရေး လုပ်ဆောင်မည်ကို ယခု အချိန်အထိ မရှင်းလင်းသေးပါ / ထက်နိုင်ဇော်

ဗိုလ်ချုပ်ဟောင်းတချို့ အမျိုးသား နိုင်ငံရေးပါတီ အမည်ဖြင့် ပါတီထူထောင်ရန် စီစဉ်နေ

အာရှနိုင်ငံမှာလည်း ထုတ်ပြန်ထားတဲ့ ထူးဆန်းတဲ့ဥပဒေတွေရှိပါတယ်

အာရှနိုင်ငံတွေက ထူးဆန်းတဲ့ စည်းကမ်းများ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate