ရုပ်ရှင်တွေကြည့်တဲ့အခါ အဓိကဇာတ်ဆောင်ထက် ဗီလိန်တွေကို ပိုမိုစိတ်ဝင်စား နှစ်ခြိုက်သူတွေရှိသလို ရွံမုန်းကြသူ တွေကလည်း အများအပြားပါ။ အခုဖော်ပြပေးမှာကတော့ ရုပ်ရှင်တွေထဲမှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့ကြပေမယ့် ပရိသတ်အားပေးမှုကို ရရှိခဲ့ကြတဲ့ အောင်မြင်ကျော်ကြားတဲ့ ဗီလိန်သရုပ်ဆောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Darth Vader
လူကြိုက်များပြီး ထင်ရှားကျော်ကြားလှတဲ့ ဗီလိန်တွေစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေတာကတော့ Star Wars Trilogy (1977-1983) ရဲ့ အဓိကဇာတ်ဆောင်တဦးဖြစ်ပြီး Star Wars ရုပ်ရှင်ချစ်သူတွေရဲ့ ဘယ်တော့မှ မုန်းလို့မရတဲ့ ဗီလိန်တဦးလည်း ဖြစ်ပါတယ်။
(၂) The Joker
Batman (1966), Batman (1989) နဲ့The Dark Knight (2008) ဇာတ်ကားတွေမှာ Batman ထက်ပိုပြီး လူကြိုက်များ အောင်မြင်ခဲ့သူကတော့ Batman ဗီလိန် Joker ပဲ ဖြစ်ပါတယ်။ Joker ရဲ့ ဒိုင်ယာလော့ခ်အမိုက်စားတွေနဲ့ ပီပြင်သက်ဝင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် DC ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ ဗီလိန်တဦးလည်း ဖြစ်ပါတယ်။
(၃) Loki
Thor (2011-2017) နဲ့ Avengers ဇာတ်ကားတွေရဲ့ လူကြိုက်များလှတဲ့ ဗီလိန်တဦးလည်းဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ Tom Hiddleston ရဲ့ရုပ်ရည်ကြောင့်လည်း မိန်းကလေး ပရိသတ်တွေပါ စွဲမက်ရတဲ့ ဗီလိန်တဦးပဲ ဖြစ်ပါတယ်။
(၄) Voldemort
Voldemort ကတော့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာ အဓိကဇာတ်ဆောင်တဦးလည်း ဖြစ်သလို ဟယ်ရီပေါ်တာရဲ့ အဓိကပြိုင်ဘက် တဦးအနေနဲ့ ထည့်သွင်းထားတာဖြစ်တယ်လို့ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် JK Rowling က ဆိုပါတယ်။ Voldemort ဟာဆိုရင်လည်း လူကြိုက်များလှတဲ့ ဗီလိန်တဦးပဲ ဖြစ်ပါတယ်။
(၅) Hannibal Lecter
The Silence of the Lambs(1991), Hannibal(2000) နဲ့ Red Dragon (2002) တို့မှာ Anthony Hopkins ဟာ Hannibal ကို ကြည့်ရှုသူတွေရဲ့ စိတ်ထဲမှာ ထင်ထင်ရှားရှား ကျန်ရစ်စေခဲ့ဖို့ ဆွဲဆောင်နိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ မတည်မငြိမ် သရုပ်ဆောင်ဟန်တွေကြောင့် ကျော်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
(၆) Anton Chigurh
၂၀၀၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ No Country For Old Men ရုပ်ရှင်ဟာ လူသိများခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး Anton Chiguh ရဲ့ မျက်လုံးအကြည့်တွေနဲ့ ဆံပင်ပုံစံကြောင့် ဗီလိန်တွေထဲမှာမှ တမူကွဲပြားနေခဲ့တာလည်း ဖြစ်ပါတယ်။
Ref. www.empireonline.com