• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

စင်ပေါ်ကို ပရိသတ် တက်လာလို့ Jay-Z နဲ့ Beyonce တို့ရဲ့ဖျော်ဖြေပွဲ ရပ်ဆိုင်းလိုက်ရ

by မစ်ကီ
28 August 2018
in Entertainment
A A
Mercedes-Benz Stadium ကွင်းမှာ အဆိုတော် Jay-Z နဲ့ Beyonce တို့ ဖျော်ဖြေနေစဉ်

Mercedes-Benz Stadium ကွင်းမှာ အဆိုတော် Jay-Z နဲ့ Beyonce တို့ ဖျော်ဖြေနေစဉ်

7.4k
VIEWS
Share on FacebookShare on Twitter

Jay-Z နဲ့ Beyonce တို့ဟာ အတ္တလန္တာမြို့မှာ ပြုလုပ်နေတဲ့ ဖျော်ဖြေပွဲတခုအတွင်း အမျိုးအမည် မသိတဲ့ အမျိုးသားတဦး စတိတ်စင်ပေါ်ကို ပြေးတက်လာခဲ့ပြီးနောက် အဲဒီဖျော်ဖြေပွဲကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

အသက် ၄၈ နှစ်အရွယ် Jay နဲ့ အသက် ၃၆ နှစ်အရွယ် Beyonce တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ညက Mercedes-Benz Stadium ကွင်းမှာ သူတို့ရဲ့ On the Run II နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေချိန် အမျိုးသားတဦးက စတိတ်စင် ပလက်ဖောင်းပေါ် တက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
453
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
902
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
464

သူတို့နှစ်ဦးရဲ့ နောက်ခံအကသမားတွေကတော့ စင်အနောက်ကို သွားရောက်ဖို့ ကြိုးစားနေတဲ့ ကျူးကျော်လာသူဆီ အလျင်အမြန်ပြေးသွားခဲ့ကြပါတယ်။ Beyonce ရဲ့ ပြင်ပဆက်ဆံရေးပုဂ္ဂိုလ် Yvette Noel-Schure က အဲဒီဖြစ်ရပ်နောက်ပိုင်း အရာအားလုံးအဆင်ပြေတဲ့အကြောင်း ပရိသတ်တွေကို အသိပေး ပြောကြားခဲ့ပါတယ်။

Yvette က “စိုးရိမ်ပူပန်ပေးခဲ့ကြတဲ့အတွက် ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့အဆင်ပြေပြီး မနက်ဖြန်မှာ ဖျော်ဖြေပွဲကို ဆက်လုပ်မှာပါ” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

အခုလိုမျိုး ဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ စတိတ်စင်ပေါ်ကို ပြေးတက်လာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် Anthony Charles Thomas Maxwell ဆိုတဲ့အမျိုးသားကိုဖမ်းဆီး တရားစွဲဆိုထားလိုက်တယ်လို့ သိရပါတယ်။

အဲဒီ Maxwell ဆိုတဲ့အမျိုးသားကို လွဲမှားစွဲပြုကျင့်မှုနဲ့ တရားစွဲဆိုခဲ့ပြီးနောက် လွှတ်ပေးခဲ့ကြောင်း၊ ဒါပေမယ့် ရဲတပ်ဖွဲ့က ရိုက်နှက်ရန် ခြိမ်းခြောက်မှုနဲ့ ထပ်တိုးတရားစွဲခဲ့တယ်လို့ သိရပါတယ်။ အသေးစား ဒဏ်ရာတွေ ရရှိခဲ့တဲ့ သူ့ကိုလည်း ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပွဲစီစဉ်သူတွေဘက်ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာဆိုရင်လည်း အဲဒီဖြစ်စဉ် အကြောင်း ရှင်းပြထားပြီး ဖြစ်စဉ်အတွင်း မည်သူ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိခဲ့တာကို အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် အဆိုတော် နှစ်ဦးဟာ အဲဒီပုဂ္ဂိုလ်ကိုလည်း တရားစွဲဆိုခြင်း မပြုခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခြေအနေကို ပညာသားပါပါ ကိုင်တွယ်ပေးခဲ့ကြတဲ့ အကသမားတွေနဲ့ အဖွဲ့တွေအားလုံး၊ အဲဒီပုဂ္ဂိုလ်ကို ခွဲထုတ်ပေးခဲ့တဲ့ လုံခြုံရေးအဖွဲ့တို့ရဲ့ ကြိုးပမ်းမှုကိုလည်း ကျေးဇူးတင်ပါကြောင်း ရေးသားထားပါတယ်။ အဲဒီနေ့ နောက်တရက် အတ္တလန္တာမြို့မှာပဲ ပြုလုပ်တဲ့ အဆိုတော် နှစ်ဦးရဲ့ ဖျော်ဖြေပွဲဟာတော့ ထူးခြားဖြစ်စဉ် မရှိခဲ့ဘဲ ကျင်းပနိုင်ခဲ့ပါတယ်။

Ref: contactmusic

Your Thoughts …
Tags: BeyonceJay-Z
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အဆိုတော် Beyonce

အဆိုတော် Beyonce ရဲ့ လူသိနည်းတဲ့ အကြောင်းများ

by ရေဗန်
11 September 2018
7.7k

သူနဲ့ Jay Z တို့ရဲ့ ကလေးဖြစ်တဲ့ Blue Ivy ဟာ မွေးကင်းစအရွယ်မှာ Jay Z ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Glory လို့အမည်ရတဲ့သီချင်းမှာ သူမငိုထားတဲ့ အသံတွေကိုထည့်သွင်းခဲ့ပါတယ်။

ဂီတအနုပညာရှင် စုံတွဲ Beyonce နဲ့ Jay-Z

သက်သတ်လွတ်စားတဲ့ ပရိသတ်ကို တသက်တာလက်မှတ် အလကားပေးမယ့် Beyonce နဲ့ Jay-Z

by မစ်ကီ
1 February 2019
4.9k

ကံထူးသူ တဦးကို Beyonce နဲ့ Jay-Z တို့ရဲ့ နှစ် ၃၀ စာ ဖျော်ဖြေပွဲလက်မှတ်၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀၀၀ ဖိုးကို ကျပန်းစနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။

Beyonce Instagram အကောင့်မှာ ဝေမျှခဲ့တဲ့ အဖြူ၊ အမည်း ဓာတ်ပုံ

Jay-Z နဲ့ Beyonce တို့ရဲ့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ရန် သေချာသွားပြီ

by မစ်ကီ
14 March 2018
4k

"On the Run II" နယ်လှည့်ဖျော်ဖြေပွဲကို ယူကေနိုင်ငံ၊ ဝေးလ်ပြည်နယ်က Cardiff မြို့မှာ ဇွန်လ ၆ ရက်နေ့မှ စတင် ပြုလုပ်မှာဖြစ်ပြီး ယူကေနဲ့ ဥရောပတဝန်းမှာရှိတဲ့ မြို့ ၁၅ ခုနဲ့ မြောက်အမေရိကမှာရှိတဲ့...

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Beyonce

ဖိနပ်နှင့် အဝတ်အစားများ ရောင်းချရန် Adidas နှင့် Beyonce တို့ ပူးပေါင်း

by မစ်ကီ
5 April 2019
7.5k

Adidas ဟာ ဧပြီလ ၄ ရက်နေ့မှာ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်ချိန်မှာတော့ ရှယ်ယာတွေဟာ ၁ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

ကမ္ဘာကျော် အဆိုတော်စုံတွဲ Jay-Z (ဂျေဇီ) နဲ့ Beyonce (ဘီယွန်းဆေး)

ကမ္ဘာကျော် အဆိုတော်စုံတွဲ Jay-Z နဲ့ Beyonce တို့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ လုပ်ဖို့ ရှိနေပြီလား

by မစ်ကီ
6 March 2018
15.2k

အဆိုတော် Beyonce ဟာ "On the Run 2" လို့ အမည်ရတဲ့ ပူးတွဲနယ်လှည့်ဖျော်ဖြေပွဲအတွက် ကျင်းပမယ့် ရက်တချို့ကို သူ့ရဲ့တရားဝင် Facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။

Next Post
တပ်မတော်က အမိန့်ထုတ်ပြန်အပြီး ၇၁ နှစ်မြောက် မွန်တော်လှန်ရေးနေ့ ပိုစတာ ဆိုင်းဘုတ်ထဲမှ တော်လှန်ရဲမှ လွတ်လပ်မည် ဆိုတဲ့စာသားကို ရွာခံတဦးက ဖျက်ပေးစဉ် / Myint Soe  / Facebook

မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပိုစတာ ဆောင်ပုဒ် တပ်မတော်က ဖျက်ခိုင်း

ဂျပန်နိုင်ငံက ဂေးရှားမယ်တွေ လိမ်းတဲ့ မိတ်ကပ်ပြင်ဆင်မှု

မိတ်ကပ်လိမ်းခြယ်မှုများ ဖြစ်ပေါ်လာပုံ သမိုင်း အစ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate