ဟောလိဝုဒ်က ရုပ်ရှင်တွေဟာလည်း စနစ်တကျ ရိုက်ထားတယ်ဆိုပေမယ့် တခါတလေမှာ လွဲတတ်တဲ့ အလွဲလေးတွေ ရှိပါတယ်။ တချို့အမှားတွေဟာ ဘယ်သူမှ သတိမထားမိလောက်အောင် သေးပါတယ်။
ဒါပေမယ့် ဒီတခါပြောပြမယ့် အလွဲတွေကတော့ ရုပ်ရှင်သမိုင်းတလျှောက် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတွေရဲ့ လက်ခံချင်စရာ မကောင်းလောက်အောင် ဆိုးရွားတဲ့ သမိုင်းဆိုင်ရာ အမှားတွေ ဖြစ်ပါတယ်။
(၁) The Green Mile (1999)
၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Green Mile ဇာတ်ကားဟာ ၁၉၃၅ ခုနှစ်က Louisiana ပြည်နယ် အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ သေမိန့်ကျသူ အားလုံးကို လျှပ်စစ်ခုံမှာ ထိုင်စေပြီး သတ်ခဲ့တာဖြစ်ပေမယ့် လျှပ်စစ်ခုံတွေဟာ အဲ့ဒီမြို့မှာ ၁၉၄၁ အထိ အသုံးပြုခြင်း မရှိသေးပါဘူး။
(၂) The Last Samuri (2003)
The Last Samuri ရုပ်ရှင်မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမှာ အသုံးပြုထားတဲ့ အမေရိကန်အလံဟာ ကြယ် ၄၃ ပွင့်ပါတဲ့ အလံဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၈၇၆ ခုနှစ်က ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပြီး အဲ့ဒီခေတ်က အမေရိကန် အလံမှာ ကြယ် ၄၃ ပွင့် မရှိသေးပါဘူး။ ၁၈၉၁ ခုနှစ်ရောက်မှ နောက်ထပ်ပြည်နယ် ၅ခုကို အမေရိကန်နိုင်ငံအတွင်းက ပြည်နယ်တွေဖြစ်ကြောင်း သတ်မှတ်ခဲ့လို့ ကြယ် ၄၃ ပွင့် ဖြစ်လာတာ ဖြစ်ပါတယ်။
(၃) Braveheart (1995)
Braveheart ဇာတ်ကားဟာ စကော့တလန်နိုင်ငံရဲ့ အလယ်ခေတ်ကို အခြေပြုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အလယ်ခေတ်မှာ စကော့တလန်နိုင်ငံသားတွေဟာ Kilt လို့ခေါ်တဲ့ စကောတလန် ရိုးရာဝတ်စုံဟာ ပေါ်ပေါက်ခြင်း မရှိသေးပေမယ့် ရုပ်ရှင်ထဲမှာ ဝတ်ပြထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ တကယ့်အပြင်မှာတော့ ရုပ်ရှင်ထဲကလို မျက်နှာမှာ အပြာရောင်တွေ ခြယ်သပြီးလည်း မနေကြပါဘူး။
(၄) Pirates of the Caribbrean (2003-2017)
Pirates Of The Caribbean ဇာတ်ကား ၁၇၄၀ ခုနှစ်များကို အခြေခံပြီးရိုက်ထားတဲ့ ပင်လယ်ဓားပြကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုမှာ ပင်လယ်ဓားပြတဦး ကိုင်ထားတဲ့ ပန်းသီးဟာ အစိမ်းရောင် ဖြစ်နေပါတယ်။ တကယ်တော့ အစိမ်းရောင် ပန်းသီးတွေဟာ ၁၈၆၈ ခုနှစ်အထိ ပေါ်ပေါက်ခြင်း မရှိသေးပါဘူး။
(၅) Titanic(1997)
Titanic ဇာတ်ကားရဲ့ အစပိုင်းဖြစ်တဲ့ မင်းသမီးနဲ့ မင်းသား စတွေ့တဲ့ အခန်းမှာ မင်းသမီးက သူ့ကိုသူ သတ်သေမယ် လုပ်တော့ မင်းသားက သူ့ဘဝအကြောင်း ပုံပြင်တခုကို ပြောပြပြီး နှစ်သိမ့်ခဲ့ပါတယ်။ အဲဒီ ပုံပြင်ထဲမှာ မင်းသားပြောတဲ့ ရေကန်ဟာ ၁၉၁၇ ခုနှစ်အထိ တကယ် မရှိသေးပါဘူး။ အဲဒီ ရေကန်ဟာ Titanic သင်္ဘောမြုပ်ပြီး ၆ နှစ်အကြာမှာ မှ ဖြစ်ပေါ်လာတဲ့ ရေကန် ဖြစ်ပါတယ်။
Ref; Brightside.com