နာမည်ကျော် မော်ဒယ်လ် တဦးဖြစ်တဲ့ အောန်ဆိုင်းနဲ့ နန်းခေးမားတို့က အမေရိကန်နိုင်ငံ New York မှာ ကျင်းပပြု လုပ်မယ့် နိုင်ငံကျော် New York Fashion Week Spring Summer 2019 ပွဲကြီးကို တက်ရောက်ပြီး Show ပွဲမှာ လျှောက်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
” အောန်ဆိုင်းအရမ်းစိတ်လှုပ်ရှား ပျော်ရွှင်နေပါတယ်။ဘာလို့လဲဆိုတော့ နောက်လအတွင်းမှာ ကျင်းပတော့မယ့် New York Fashion Week Spring Summer 2019 ရဲ့ HUGO BOSS နဲ့ TADASHI SHOJI ရှိူးပွဲကို သွားကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလိုကမ်းလှမ်းလာတဲ့ THE AVENUE မှ Team ကိုအထူး ကျေးဇူးတင်ပါတယ်”
“ အောန်ဆိုင်းနဲ့အတူ NEW YORK FASHION WEEK ကိုခေမားလည်း အတူတူ သွားကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ အောန်ဆိုင်းနဲ့ခေမားတို့ ဘာတွေလုပ်သွားမလဲ ဆိုတာကို အားလုံးစောင့်ကြည့်ပေးပါ” အောန်ဆိုင်းက သူမ Facebook ပေါ်မှာ ရေးသားထားပါတယ်။
New York Fashion Week Spring Summer 2019 ပွဲကြီးကိုလည်း အောန်ဆိုင်းနဲ့ အတူ နာမည်ကျော် မော်ဒယ်လ် တဦးဖြစ်တဲ့ နန်းခေးမား ကလည်း ပွဲတက်ရောက်ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရတယ်ဆိုတာကို Facebook ပေါ်မှာ အခုလိုရေးသားထားပါတယ်။
”ခေမားရဲ့ အိပ်မက်တခုအကောင်အထည်ပေါ်လာပြီ.. အိပ်မက်က နိုင်ငံခြားမှာ ပွဲသွားတက်ချင်တယ်။ Show ပွဲတွေ လျှောက်ချင်တယ်။ သူများနိုင်ငံကလုပ်တဲ့ပွဲမှာ မြန်မာကပါဆိုပြီးဂုဏ်ယူစွာပြောချင်တယ်။ Yesss, အခုဖြစ်လာခဲ့ပါပြီ။ ပထမဆုံးမြန်မာပြည်အနေနဲ့ သွားရမှာမို့ အရမ်းအရမ်းကိုပီတိဖြစ်မိပါတယ်”
“The Avenue ကနေတဆင့် New York Fashion Week ပွဲမှာ Brandကြီးဖြစ်တဲ့ Hugo Boss နဲ့ Tadashi ပွဲတက်ဖို့အတွက် ခေမားနဲ့ AwnSeng ကို ဖိတ်ကြားခံခဲ့ရပါတယ်။ အတိုင်းမသိအရမ်းပျော်ခဲ့ပါတယ် အရမ်းလည်း စိတ်လှုပ်ရှား နေတယ်။ ကိုယ့်မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူပါတယ်ရှင်။ခေမားတို့ကိုစောင့်ကြည့်ပြီး အားပေးကြပါလို့ ချစ်တို့ရေ”လို့ ရေးသားထားပါတယ်။
အောန်ဆိုင်းနဲ့ နန်းခေးမားတို့ဟာ အနုပညာနဲ့ ပတ်သက်ပြီး Profassional Model တယောက်အနေနဲ့ သာ ရပ်တည် နေတာ ဖြစ်ပါတယ်။ သူတို့ ရဲ့ စမတ်ကျကျ ဖက်ရှင်တွေ၊ သွားလာလှုပ်ရှားမှုတွေ ကြောင့်လည်း ဂျုနီယာ မော်ဒယ်တွေရဲ့ အားကျအတုစရာ အဖြစ် အောင်မြင်နေတာဖြစ်ပါတယ်။
New York Fashion Week Spring Summer 2018 ပွဲတုန်းကတော့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သရုပ်ဆောင် ဇဏ်ခီနဲ့ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်တို့က တက်ရောက်ခဲ့ကြပါသေးတယ်။