Entertainment

သူတို့ပရိသတ်တွေနဲ့ လက်ထပ်ခဲ့တဲ့ အောင်မြင်ကျော်ကြားသူများ

ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက်တွေ့ပြီး လက်ထပ်တာက ကြားရတာ မဆန်းလှပါဘူး။ ဒါပေမယ့် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေနဲ့ သူတို့ကိုကြိုက်နှစ်ကြတဲ့ ပရိသတ်တွေလက်ထပ်တာကတော့ အနည်းငယ်ထူးဆန်းပါတယ်။

သင်လည်း သင်ကြိုက်တဲ့ Celebrities တွေကို လက်ထပ်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီတခါမှာ ပရိသတ်တွေကို လက်ထပ်ခဲ့တဲ့ Celebrities တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Matthew Lewis

 

 

ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာ နဗီးလောင်းဘော့တွန် အဖြစ် သရုပ်ဆောင်တဲ့ မင်းသားဟာ အရွယ်ရောက်တဲ့ အခါမှာတော့ အရမ်းကိုချောမောလှပပြီး ကောင်မလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ပရိသတ်တဦး ဖြစ်တဲ့ Angela Jones နဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

သူမဟာ Lifestyle Blogger တဦးဖြစ်ပြီး သူတို့နှစ်ဦးဟာ Orlando မှာ ရှိတဲ့ Wizarding World of Harry Potter မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

(၂) Matt Damon

 

 

နာမည်ကျော်မင်းသားတဦးဖြစ်တဲ့ Matt Damon ကတော့ ရုပ်ရှင်ရိုက်ရင်း ခဏနားတဲ့ အချိန်မှာ သူရဲ့ ဇနီးဖြစ်လာမယ့် အမျိုးသမီးအလုပ်လုပ်တဲ့ ဘားမှာ သွားထိုင်ရင်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်သူမဟာ Matt Damon ရဲ့ ပရိသတ်စစ်စစ်တယောက်ဖြစ်ပါတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

(၃) Christian Bale

 

 

Batman ဇာတ်ကောင်အပါအဝင် အခြားဇာတ်ကောင်တွေမှာလည်း အလွန်ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ Christian Bale ဟာ ဟောလိဝုဒ်မှာရော ကမ္ဘာမှာပါ အရမ်းနာမည်ကြီးတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။ သူဟာလည်း သူ့ရဲ့ ပရိသတ်တဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ မင်းသမီး Winona Ryder နားမှာ အတွင်းရေးမှူးလုပ်နေရင်း မင်းသား Christian Bale နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

(၄) Tom Cruise

 

 

Tom Cruise နဲ့ လက်ထပ်ခဲ့တဲ့ မင်းသမီး Katie Holmes ဟာလည်း တချိန်က Tom Cruise ရဲ့ ပရိသတ်တဦး ဖြစ်ပါတယ်။ သူမဟာ အထက်တန်းကျောင်းသူဘဝထဲက Tom Cruise ရဲ့ပုံတွေကို ကျောင်းစာအုပ်တွေမှာ ကပ်ရတဲ့အထိ စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၂ခုနှစ် မှာကွာရှင်းခဲ့ပါတယ်။

(၅) Tobey Magurie

 

 

Spider-man ဇာတ်ကားတွေနဲ့ တကမ္ဘာလုံးကို သိမ်းပိုက်ခဲ့ဖူးတဲ့ Tobey Magurie ဟာလည်း သူရဲ့ ပရိသတ်တဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ ကျောက်မျက်ရတနာဒီဇိုင်နာ တဦးဖြစ်တဲ့ သူမဟာလည်း Tobey ရဲ့ အမာခံပရိသတ် တဦးဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ပြီး ၂၀၁၇ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။

Ref;Ranker.com

Loading