သီချင်းလည်းဆို သရုပ်ဆောင်လည်းလုပ်လာနေပြီဖြစ်တဲ့ ရွှေထူးက ၆နှစ်ကျော်လက်တွဲလာခဲ့ နဲ့ ချစ်သူနဲ့ ပြတ်ကာခုချိန်မှာတော့ ချစ်သူရရှိနေပြီလို့ ဆိုပါတယ်။ ရှေ့ဆက်ဖို့အဆင်မပြေတော့တဲ့ Relationship တခုကို ဆက်ပြီးကြိုးရှည်ရှည်နဲ့မလှမ်းချင်တော့လို့ ချစ်သူနဲ့ ပြတ်သွားတယ်လို့ သူ Facebookပေါ် မှာ ရေးသားခဲ့ပါတယ်။
“ကျနော်တခုလောက်ပြောပါရစေခင်ဗျာ။ တဖက်ကမိန်းကလေးကိုလည်း မေတ္တာရပ်ခံပါရစေ။ ကျနော် Ausi က မိန်းကလေးနဲ့ Valentine တည်းက ကျနော်ဘက်က အဆင်မပြေခဲ့တာပါ ။ သြင်္ကန်မတိုင်ခင် ကျနော်တို့တွေစကားတွေများ ရန်တွေဖြစ်ပြီး ကျနော့်ဘက်ကအဆင်မပြေတော့ဘူးဆိုပြီး ပြောခဲ့ပြီးပါပြီ”
“ကျနော့်ဘက်က Live စလွှင့်ခဲ့တယ် ဆိုတာလည်း ရှေ့ဆက်ဖို့အဆင်မပြေတော့တဲ့ Relationship တခုကို ဆက်ပြီးကြိုးရှည်ရှည်နဲ့မလှမ်းချင်တော့လို့ ပြတ်ပြတ်သားသားလုပ် ပေးလိုက်တာပါ။ သူကျေနပ်လောက်တဲ့ထိလည်း ကျနော်တောင်းပန်ခဲ့ပြီးပါပြီ။ သူ့အမေကို တောင်းပန်ပေးပါဆိုလို့ ကျနော်ဖုန်းဆက်ပြီးလည်းတောင်းပန်ခဲ့ပြီးပါပြီ” လို့ ရေးသားထားပါတယ်။
ရွှေထူးက သူရဲ့ Facebook ပေါ်မှာ အရင်ချစ်သူနဲ့ ပြတ်စဲပြီဖြစ်ကြောင်း live လွင့်ကာပြောကြားခဲ့ပြီးနောက် ပရိသတ်များရဲ့ အပြစ်တင်ဝေဖန်မှုများစွာကို ခံနေရတာဖြစ်ပါတယ်။
ဆက်လက်ပြီးရွှေထူးက ယခုသူနဲ့ ချစ်ကြိုက်နေတယ်လို့ သတင်းထွက်နေတဲ့သရုပ်ဆောင် ရွှေမှုံရတီနဲ့ ဇာတ်ကားရိုက်ရင်းမှ သူငယ်ချင်းထက်ပိုခဲ့ကြတယ်လို့ဆိုပြီး အရင် ချစ်သူနဲ့ ပြတ်စဲရတာလည်း ရွှေမှုံရတီ နဲ့ဘာမှ မပတ်သက်ကြောင်းဆိုထား ပါတယ်။
ရွှေထူးနဲ့ ပြတ်ခဲ့တဲ့ ချစ်သူယမင်းဦးကလည်း ရွှေထူးကဘက်က live လွင့်ပြီးပြတ်ဆဲဖြစ်ကြောင်းပြောခဲ့တဲ့အတွက်လည်း သူမဘက်က အခုလိုတုန့်ပြန်ကာရေးသားခဲ့ပါတယ်။
“ဒီခြောက်နှစ်ကျော် ဆိုတာကြီးကို အမှတ်မရချင်ရင်တောင် လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က နင့်အတွက် ယုံယုံကြည်ကြည်မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ မိန်းကလေးတယောက်အနေနဲ့ပဲ တွေးပြီး နင် ငြိမ်နေလိုက်ပါတော့”ဆိုပြီးသူရဲ့ Facebook မှာရေးသားထားပါတယ်။
ရွှေထူးက လက်ရှိမှာတော့ သီချင်းတွေ သီဆိုရင်း “ပက်ပက်စက်စက်ညှို့”ဇာတ်ကားနှင့် “ဧည့်သည်” ဇာတ်ကားများကို ရိုက်ကူးထားပါတယ်။