Entertainment

အစားမရှောင်ဘဲ စားချင်တဲ့အချိန်တိုင်း စားဖြစ်တယ်လို့ဆိုတဲ့ မင်းသမီး Jennifer Lawrence

Want create site? Find Free WordPress Themes and plugins.

ဟောလိဝုဒ်မင်းသမီး Jennifer Lawrence ကတော့ သူစားချင်တဲ့အချိန်အတိုင်းမှာ စားချင်တာကို စားရတာသဘောကျပြီး အခုလက်ရှိ သူ့ခန္ဓာကိုယ်ပုံစံကို သဘောကျတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Vogue မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ “Silver Linings Playbook” ရုပ်ရှင်မင်းသမီး Jennifer က အစားရှောင်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းအပေါ်ထားရှိတဲ့ သူ့ရဲ့ ဒဿနကို ဝေမျှပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီးက “ကျမက အာရုံနောက်မခံဘူး။ ကျမသတ်မှတ်ချင်တဲ့ အစားအသောက်ရှောင်နည်းကို လှလှပပလေး သတ်မှတ်ထားတာရှိတယ်လေ။ ပြီးတော့ ကျမစားချင်တာစားတယ်။ လူတွေက သူတို့ ဒါပဲလုပ်တယ်၊ ဒါပဲစားတယ်လို့ ပြောတာကို ကျမ မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမက စားတယ်လေ။ ကျမ ပီဇာစားချင်တဲ့အခါ ပီဇာစားလိုက်တာပါပဲ။ အစားရှောင်တာနဲ့ပတ်သက်လို့ အရမ်းကြီး တင်းကျပ်ထားတာမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီးအတွက်တော့ လေ့ကျင့်ခန်းလုပ်တာဟာလည်း ခြားနာမှုရှိတယ်လို့ ဆိုပါတယ်။ သူက “ဒါပေမယ် ကျမက ပုံမှန်ထက်ပိုပြီး လေ့ကျင့်ခန်းလုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမကြည့်ချင်တဲ့ပုံစံရယ်၊ ကျမ အဝတ်အစားတွေ ဝတ်တဲ့အခါ ချပ်ချပ်ရပ်ရပ်ဖြစ်နေတဲ့ နည်းလမ်းလေး တခုတော့ရှိပါတယ်။ ကျမအတွက်တော့ ကျမက ဒါကိုမစားနိုင်ဘူးလို့ ပြောမယ့်အစား Gym ကိုပဲ စားဖို့ကြိုးစားအားထုတ်တာ ပိုလွယ်ကူပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နေ့စဉ်မိတ်ကပ်လိမ်းခြယ်မှုနဲ့ ပတ်သက်လို့လည်း မင်းသမီးက ရိုးရိုးရှင်းရှင်းသာ ဆောင်ရွက်တဲ့အကြောင်း ပြောဆို ခဲ့ပါတယ်။ သူက “ကျမမိတ်ကပ်သိပ်လိမ်းလေ့မရှိပါဘူး။ ကျမ အမြဲတမ်း နေရောင်ခံဆေးကိုပဲ လိမ်းပါတယ်။ ရိုးရိုးရှင်းရှင်းဆံပင်ပုံစံ၊ နှုတ်ခမ်းနီး မှိန်မှိန်၊ ပြီးတော့ နေကာမျက်မှန်နဲ့ပေါ့” လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီး Jennifer ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ရုံတင်ပြသတော့မယ့် အမေရိကန် စူပါဟီးရိုးရုပ်ရှင် Dark Phoenix မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: etcanada

Did you find apk for android? You can find new Free Android Games and apps.
Loading