(၁) Angelina Jolie
Angelina Jolie ရဲ့ မိခင်နဲ့ ဖခင်တို့ဟာ သူမ မွေးကင်းစကတည်းက ကွဲခဲ့တာဖြစ်ပါတယ်။ သူမကို သူမရဲ့ မိခင်တယောက် ထဲက ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။ သူမနဲ့ သူမရဲ့ မိခင်တို့ဟာ သူမဖခင်ရဲ့ နှောင့်ယှက်ခြင်း တွေကိုလည်း နှစ်ပေါင်း များစွာ ခံခဲ့ရပါတယ်။
(၂) Kanye West
နာမည်ကျော် အမေရိကန် Hip hop အဆိုတော် Kanye West ရဲ့ မိဘတွေဟာလည်း သူ့အသက် ၃နှစ်အရွယ်ကတည်းက ကွာရှင်းခဲ့ကြတာဖြစ်ပြီး သူဟာ သူ့အမေ တယောက်တည်းကိုပဲ အားကိုးခဲ့ရတာဖြစ်တယ်လို့ အဆိုတော် Kanye West က ပြောဆိုခဲ့ပါတယ်။
(၃) Barack Obama
အမေရိကန်သမ္မတဟောင်း တဦးဖြစ်တဲ့ Barack Obama ကိုလည်း သူရဲ့ မိခင်က မွေးကင်းစ အရွယ်ကနေ အသက် ၄ နှစ်ထိ တယောက်တည်းက ပြုစုခဲ့တာဖြစ်ပါတယ်။ သူ့အသက် ၄ နှစ်မှာတော့ သူရဲ့ မိခင်ဟာ အင်ဒိုနီးရှားနိုင်ငံသား တဦးနဲ့ နောက်ထပ်အိမ်ထောင်ပြုခဲ့ပါတယ်။
(၄) Jay Z
Jay Z ရဲ့ ဖခင်ဟာ သူတို့မိသားစုကို စွန့်ပစ်ခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မိခင်ကပဲ ပြုစု ပျိုးထောင်ခဲ့ပါတယ်။ အခုတော့ သူဟာ နာမည်ကြီး Rapper တယောက်ဖြစ်နေပါပြီ။
(၅) Keanu Reeves
Keanu Reeves ရဲ့ ဖခင်ဟာ Keanu Reeves နဲ့ သူ့မိခင်ကို Keanu Reeves အသက် ၃ နှစ် အရွယ်တုန်းက စွန့်ပစ်ခဲ့ပါတယ်။ Reeves ကို သူ့မိခင်က ပြုစုခဲ့ပြီး သူရဲ့မိခင်ဟာ ယောကျာ်းတွေ အများကြီးယူခဲ့တာကြောင့် Reeves ဟာ ပြဿနာတွေအများကြီးနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
(၆) Marilyn Monroe
Marilyn Monroe ကိုလည်း သူမရဲ့ မိခင်ကပဲ Single Mother အနေနဲ့ ပြုစုခဲ့တာပါ။ သူမရဲ့ အဖေကို Martin Edward Mortensen လို့ ထင်ကြပေမယ့် သူမကတော့ သူမရဲ့ ဖခင်ဟာ Charles Stanley Gifford ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါသေးတယ်။
Ref;Ranker.com