နာမည်ကျော်ကြားတဲ့ရုပ်ရှင်ပေါင်းများစွာရှိပြီး ရုပ်ရှင်ကားတိုင်းကို ကြည့်ရှုဖို့ အချိန်မပေးနိုင်ရင်တော့ ယခုရွေးချယ်ပေးထားတဲ့ ရုပ်ရှင်စာရင်းကို ကြည့်ရှုသင့်ပါတယ်လို့ အကြံပေးတိုက်တွန်းပါရစေ။
(၁) Life is Beautiful
ဒါရိုက်တာ Roberto Benigni ရိုက်ကူးထားတဲ့ Life is Beautiful ရုပ်ရှင်ရဲ့ ပထမဇာတ်ဝင်ခန်းမှာ ဂျူးစာကြည့်တိုက်မှူး တဦးနဲ့ သူ့ရဲ့သားလေးဟာ နာဇီတို့ရဲ့ သားကောင်ဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ စာကြည့်တိုက်မှူးဟာ သူ့ရဲ့ စိတ်ဆန္ဒ ၊ ဟာသဉာဏ်နဲ့ စိတ်ကူးတို့ကိုအသုံးချပြီး သားဖြစ်သူကို အပြည့်အဝကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတွေအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ပေါင်းများစွာရှိပြီး ကြာမြင့်ချိန် ၁၁၆မိနစ်ရှိတဲ့ ဒီရုပ်ရှင်ဟာဆိုရင်လည်း ရုပ်ရှင်ချစ်ပရိသတ်တို့ကို ညှို့ယူဖမ်းစားနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။
(၂) 42
ဒါရိုက်တာ Brian Helgeland ရိုက်ကူးထားတဲ့ 42 ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့Jack Robinson ဟာ အာဖရိကန်-အမေရိကန်တယောက်ဖြစ်ပြီး ပထမဆုံး ဘေ့စ်ဘောကစားသမားအဖြစ် မေဂျာလိဂ်မှာ ဝင်ရောက်ကစားဖို့ ကြိုးစားခဲ့ရပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ၁၉၄၇ခုနှစ် လိဂ်မှာဝင်ကစားခွင့်ရဖို့အချိန်မတိုင်ခင် ရုန်းကန်ခဲ့ရတဲ့ နှစ်နှစ်တာကာလကို အဓိကထား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
(၃) A Beautiful Mind
ဒါရိုက်တာ Ron Howard ရိုက်ကူးထားတဲ့ A Beautiful Mind ရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး John Forbes Nash Jr. အကြောင်း Biography ရုပ်ရှင်အမျိုးအစားလို့လည်း ဆိုနိုင်ပါတယ်။ သူဟာ schizophrenia အမည်ရှိတဲ့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရပြီး သင်္ချာနဲ့စီးပွားရေးပညာအတွက် နိုဘယ်ဆုရရှိခဲ့သူတဦးဖြစ်ပါတယ်။
သူ့ရဲ့ ဘဝမှာ သင်္ချာကိန်းဂဏန်းတွေနဲ့ သီအိုရီတွေကလွဲလို့ တခြားဘယ်အရာကိုမှမသိရှိတဲ့ ပြင်းထန်တဲ့ စိတ်ဇောကို သနားကြင်နာစိတ်အပြည့်နဲ့ ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
(၄) October Sky
ဒါရိုက်တာ Joe Johnston ရိုက်ကူးထားပြီး မြို့သေးသေးလေးကနေလာတဲ့ အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတယောက် အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ သူ့အဖေရဲ့ လမ်းညွှန်ပြသမှုကို ငြင်းဆန်ခဲ့ပြီး သူ့ အိပ်မက်နောက် တကောက်ကောက်လိုက်လာခဲ့တာဖြစ်ပါတယ်။ သူ့အိပ်မက်ကတော့ ဒုံးပျံများကို တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။
Ref: lifetippr.com