ပရိသတ်ကို ကြေညာထားခြင်းမရှိဘဲ Album ထုတ်လိုက်တဲ့ Eminem
အမေရိကန် Hip hop အဆိုတော် Eminem ဟာ ၂၀၁၇ ခုနှစ်က Revival ဆိုတဲ့ ခွေကိုထုတ်ထားပါတယ်။ ဒါပေမယ့် သြဂုတ်လ ၃၁ရက်နေ့ မနက် ၁၀နာရီနဲ့ ၄၀ မိနစ်မှာ “Kamikaze”ဆိုတဲ့ Album အသစ်ကို ထုတ်လိုက်တာကြောင့် သူ့ပရိသတ်အားလုံးက အံ့သြပျော်ရွှင်နေကြပါတယ်။
ဒီအခွေရဲ့ Album Art မှာ တိုက်လေယာဉ်ရဲ့ နောက်ဖက်အစွန်းကပုံပါရှိပြီး FU-2 ဆိုတဲ့ စာသားလည်း ပါရှိပါတယ်။ ဒီ Album Art ဟာ ၁၉၈၆ ခုနှစ်က ထွက်ရှိထားတဲ့ Beastie Boys အဖွဲ့ရဲ့ Licensed to Ill ဆိုတဲ့ Album Art နဲ့ဆင်တူ ပါတယ်။
Eminem ရဲ့ အသစ်ထွက်ရှိထားတဲ့ ဒီအခွေမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး ၄၅ မိနစ် ကြာမြင့်ပါတယ်။ မကြာခင်မှာ ရုံတင်မယ့် Marvel ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ Venom ဇာတ်ကားရဲ့ ဇာတ်ဝင်တေးလည်းပါဝင်ပါတယ်။
ဒီ Album ကို Dr.Dre နဲ့ Eminem က Produced လုပ်တာဖြစ်ပြီး အခြား production တွေအနေနဲ့ Mike Will Made It (“Greatest” and “Fall”), Illadaproducer, Ronny J, Jeremy “Backpack” Miller, Boi-1da & Jahaan Sweet, Tay Keith, Tim Suby, Fred Ball and S1 for S.K.P. Inc တို့ပါဝင်ပါတယ်။ ဒီ Album ကို Detroit’s Effigy Studios မှာ အသံသွင်းပြီး Mixing ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီ Album အထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ အမေရိကန်သမ္မတ Donald Trump ကို လှောင်ပြောင်ခြင်း၊ ဂရမ်မီဆုပေးပွဲက ကိစ္စတွေကို သီဆိုထားတာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဆိုတော် Eminem ကတော့ သူ့ရဲ့ Twitter စာမျက်နှာမှာ “‘ဒီအခွေကို နားထောင်ပြီး အတွေးမလွန်ကြပါနဲ့” လို့ တင်ထားပါတယ်။

ဒီ Album ဟာ Eminem ရဲ့ ၁၀ ခွေမြောက် Studio Album ဖြစ်ပြီး Apple Store,Spotify,Amazon နဲ့ iTunes တို့မှာ ဝယ်ယူနားထောင်နိုင်ပြီ ဖြစ်ပါတယ်။
ဒီ Album မှာ ပါဝင်တဲ့ သီချင်း ၁၃ ပုဒ်ကတော့
1-The Ringer
2- Greatest
3- Lucky You (feat. Joyner Lucas)
4 -Paul – Skit
5- Normal
6 – Em Calls Paul – Skit
7- Stepping Stone
8 – Not Alike (feat. Royce Da 5’9′)
9 – Fall
10 – Kamikaze
11 – Nice Guy (feat. Jessie Reyez)
12 – Good Guy (feat. Jessie Reyez)
13 – Venom – Music from the Motion Picture တို့ပဲဖြစ်ပါတယ်။
Ref; variety.com