လူတော်တော်များများဟာ ကလေးအရွယ်မှာ ချစ်စရာကောင်းသလောက် အသက်ကြီးလာတဲ့အခါ ရုပ်ဆိုးတာတွေ ပုံပန်းပျက်တာတွေဖြစ်တတ်ပါတယ်။
အခုပြောပြပေးမယ့် ကလေးသရုပ်ဆောင်တွေကတော့ ငယ်စဉ်က သူတို့သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကား တွေထဲနဲ့ အခုလက်ရှိ ကြီးလာတဲ့အခါမှာ မမှတ်လောက်အောင်ကို ပြောင်းလဲသွားတဲ့ ကလေးသရုပ်ဆောင် တွေဖြစ်ပါတယ်။ တချို့တွေက အရမ်းကို ချောမောလာကြပြီး တချို့တွေကတော့ ငယ်ရုပ်နဲ့မတူဘဲ ရုပ်ပိုဆိုး လာကြတာကိုတွေ့ရပါတယ်။
(၁) Harry Melling
ဟယ်ရီပေါ်တာဇာတ်ကားထဲက ဝဝတုတ်တုတ်နဲ့ ဟယ်ရီပေါ်တာရဲ့ ဝမ်းကွဲညီအကိုနေရာမှာ သရုပ်ဆောင်တဲ့ Harry Melling ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ သူဟာ ဝိတ်ကျသွားပြီး အရမ်းကို ချောမောတဲ့ မင်းသား ဖြစ်နေပြီး အသက်ကတော့ ၂၉ နှစ်ရှိနေပါပြီ။
(၂) Georgie Henley
Nania ဇာတ်ကားမှာ လူစီအဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရခဲ့တဲ့ Georgie Henley ဟာ အခုဆိုရင် အသက် ၂၃ နှစ်ရှိပါပြီ။ သူမဟာ ပိုမိုလှပလာတယ်ဆိုပေမယ့် ငယ်ငယ်ကလောက်တော့ ချစ်စရာမကောင်း တော့တာ သေချာပါတယ်။
(၃) Amada Bynes
ငယ်ငယ်က She’s the man ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုကိုရခဲ့တဲ့ သူမကတော့ အရက်နဲ့ မူးယစ်ဆေးဝါး စွဲလမ်းပြီး နောက် အမှုတွေကို ရင်ဆိုင်နေရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ ဒီပြဿနာတွေက ရုန်းထွက်ပြီး မင်းသမီးပြန်လုပ်ဖို့ မျှော်လင့်နေကြပါတယ်။
(၄) Miley Cyrus
Hanna Montana နဲ့ လူသိများလာတဲ့ Miley Cyrus ကတော့ လက်ရှိမှာလည်း အရမ်းနာမည်ကြီးတဲ့ အဆိုတော် အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်ပြီးနောက်ပိုင်းမှာ ပရိသတ်တွေ မျှော်လင့်မထားတဲ့ တဇွတ်ထိုးဆန်တဲ့ အပြုအမူတွေကို လုပ်ခဲ့ပါတယ်။
ဆေးခြောက်သောက်သုံးခြင်းနဲ့ ဖျော်ဖြေရေးတွေမှာ အလွန်အမင်း ဖော်ချွတ်ခြင်းတွေကို လုပ်ခဲ့တာကြောင့် သူမဟာ ပရိသတ်တော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။
(၅)Cole and Dylan Sprouse
ဒီအမွှာညီအကို နှစ်ယောက်ဟာလည်း လူမှန်းသိတတ်စအရွယ်ထဲမှာ ဟောလိဝုဒ်ရုပ်ရှင်အသိုင်းအဝိုင်းမှာ ရုပ်ရှင်တွေ ရိုက်ခဲ့ကြပြီး အခုဆိုရင်တော့ အသက် ၂၆ နှစ်ရှိပါပြီ။သူတို့ နှစ်ယောက်လုံးဟာ ချောမောလှပစွာကြီးလာကြပြီး အခုဆိုရင် ရုပ်ရှင်တွေ၊တီဗီဇာတ်လမ်းတွဲတွေကို ဆက်လက်ရိုက်ကူးနေကြပါတယ်။
(၆)Dakota Funning
I am Sam ဇာတ်ကားကို ရိုက်ကူးတဲ့ အချိန်မှာ သူမအသက်ဟာ ၆နှစ်သာရှိသေးပေမယ့် ထူးချွန်လွန်းတာကြောင့် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။အသက် ၅နှစ်မှာ ကြော်ငြာတခုကိုရိုက်ပြီး ဟောလိဝုဒ်ရုပ်ရှင်လောကထဲ ဝင်လာတဲ့ သူမဟာ အခုဆိုရင် အသက် ၂၄ နှစ်ရှိပြီဖြစ်ပါတယ်။
(၇) Matthew Lewis
ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာ နဗီးလောင်းဘော့တွန်နေရာက သရုပ်ဆောင်တဲ့ Matthew Lewis ရဲ့ ပြောင်းလဲမှုကလဲ အံ့သြစရာကောင်းလောက်ပါတယ်။သူဟာ ကလေးဘဝက ဝဝကစ်ကစ်နဲ့ ရုပ်ဆိုးတယ်လို့ အမြဲပြောခံရတဲ့ Matthew ဟာ အခုဆိုရင် မိန်းကလေးတွေကြွေလောက်ပြီး ယောကျာ်းလေးတိုင်းအားကျလောက်မယ့် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပါတယ်။
Ref;tvguide.com