Entertainment

Myanmar's Got Talent မှာ ပရိသတ် အားပေးမှုနဲ့ ထပ်တူကျခဲ့တဲ့ "Junior Creative" အဖွဲ့

ပင်ကိုယ်စွမ်းရည်တွေကို ပြသကာ ယှဉ်ပြိုင်ရတဲ့ Myanmar’s Got Talent 2018 ပြိုင်ပွဲကို သြဂုတ် ၂ ရက်နေ့ညက ပြုလုပ်ခဲ့ရာမှာ ပြိုင်ပွဲရဲ့ Winner ဆုကို Junior Creative အဖွဲ့က ရရှိခဲ့ပါတယ်။

Junior Creative အဖွဲ့ရဲ့ ယှဉ်ပြိုင်မှုတွေကို အကဲဖြတ်ဒိုင်တွေတင်မကဘဲ ပရိသတ်များလည်း သဘောကျ နှစ်သက်ခဲ့ကြပါတယ်။ Junior Creative အဖွဲ့က သက်ငယ် မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ် အကြောင်း၊ Child Abuse (ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတို့ အကြောင်း) ကို ပုံဖော်သွားတာဖြစ်ပါတယ်။

သူတို့ပုံဖော်မှုကတော့ Shadow Performance နဲ့ တင်ဆက်ပြသခဲ့တာဖြစ်ပြီး ဒီလိုကပြနိုင်ဖို့ သူတို့အတွက် အရမ်းခက်ခဲခဲ့ကြောင်း Winner ဆုကြေညာပြီးချိန်မှာ ပြောပြသွားခဲ့ပါတယ်။

“ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနေ်ာတို့ ဒီလို ပါဖောမန့်တွေလုပ်ဖို့ အတွက် ကျနော်တို့မောင်နှမတွေက ဒီ Audition ထဲက Grand final ကိုသာရောက်ခဲ့ရင် ဒီMessage လေးကို တနိုင်ငံလုံးက ပရိသတ်တွေကို ပေးမယ်ဆိုပြီး တိုင်ပင်ထားတာပါ။ ကျနော်တို့ အခက်အခဲတွေ အများကြီးနဲ့ နည်းလမ်းပြမယ့်သူ မရှိဘဲနဲ့ လုပ်ခဲ့ရပါတယ်။ အခက်အခဲတွေကြားထဲက အခုလို Winner ရလို့ ကျေးဇူးတင်ပါတယ်’’လို့ Junior Creative အဖွဲ့မှ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

Myanmar’s Got Talent 2018 ပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ Dream Boat မှ မောင်မောင်အေး၊ သရုပ်ဆောင် မို့မို့မြင့်အောင်နဲ့ ချစ်သုဝေတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Loading