လူတိုင်းမှာ ကြောက်စိတ်ဆိုတာ ရှိပါတယ်။ တချု့ိက အမှောင်ကို ကြောက်တယ်။ တချို့က အမြင့်ကို ကြောက်တယ် စသဖြင့် အမျိုးမျိုးပါပဲ။ ဒီတခါပြောပြပေးမှာကတော့ ကမ္ဘာကျော်တွေရဲ့ ထူးဆန်းတဲ့ ကြောက်စိတ်လွန်ကဲတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
တချို့တွေက တကယ်ကို ထူးထူးဆန်းဆန်းတွေ ကြောက်တတ်ကြတာဖြစ်လို့ ရီရသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။
(၁) Scarlatt Johansson
အမျိုးသားထုကြီးရဲ့ အချစ်တော်ဖြစ်တဲ့ စကားလက်ကတော့ ငှက်တွေကို ကြောက်တာပါ။ သူမဟာ ငှက်တွေ တောင်ပံခတ်ပြီး ပျံသန်းနေတာကို ကြောက်တတ်တာဖြစ်ပါတယ်။ သူမရဲ့ ပြောကြားချက်အရတော့ သူမရဲ့ ဦးလေးမှာလည်း အလားတူ ကြောက်စိတ်ရှိတာကြောင့် မျိုးရိုးလိုက်တာဖြစ်မယ်လို့ ဆိုပါတယ်။
(၂) Adele
ငယ်ငယ်ရွယ်ရွယ်နဲ့ အမိုက်စားသီချင်းတွေကို သီဆိုရင်း နာမည်ကြီးလာတဲ့ Adele ကတော့ စင်ရော်ငှက်ကို ကြောက်တဲ့ ရောဂါရှိပါတယ်။ သူမဟာ ငယ်ငယ်က စင်ရော်ငှက်ကုပ်တာ ခံရပြီးနောက် ဒီကြောက်စိတ်ဖြစ်လာ တာဖြစ်ပြီး အမာရွတ်တောင် ကျန်သေးတယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။
(၃) David Beckham
ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ David Beckham ကတော့ ဖားကို ကြောက်ပါတယ်လို့ BBC က လုပ်တဲ့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။
(၄) Taylor Swift
အောင်မြင်မှုတွေ အရွယ်နဲ့ မလိုက်အောင်ရရှိထားတဲ့ အဆိုတော် Taylor Swift ကတော့ သံပခြုပ်ကို ကြောက်တာ ဖြစ်ပါတယ်။ သူမက အင်တာဗျူးမှာ သံပခြုပ်ဆိုတဲ့ နာမည်ကိုကြားတာနဲ့ ကြောက်နေပြီဖြစ်ကြောင်းနဲ့ အဲ့ဒါကြောင့် ပင်လယ်ဖက်ကို ခရီးတွေသွားရင် ရေထဲကို သိပ်မဆင်းဖြစ်ကြောင်းပါ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
(၅) Matt Damon
“We Bought a Zoo” ဆိုတဲ့ ဇာတ်ကားမှာ Matt Damon ဟာ ဇာတ်ကားကို ရိုက်ရတာ ကျေနပ်မှု ရှိပါတယ်လို့ ပြောကြားခဲ့ပေမယ့် သူဟာ မြွေကို အရမ်းကြောက်တဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ တိရိစ္ဆာန်ရုံကို ဝယ်ခဲ့တဲ့ အမျိုးသားအဖြစ်သရုပ်ဆောင်ခဲ့တာပါ။
သူနဲ့ တွဲဖက်ပြီး ရိုက်ကူးခဲ့တဲ့ မင်းသမီး Scarlatt Johansson ကတော့ Matt Damon ဟာ မြွေကို ကြောက်ပြီး ကလေးလေးတယောက်လို ငိုနေတာပါ လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
Ref;ranker.com