ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်တွေဟာလည်း အရမ်းကို အရေးကြီးပါတယ်။ နောက်ခံစကားလိုက်ပြောတဲ့အခါ အသံမာမာကြီးတွေဖြစ်မနေဖို့နဲ့ အရှေ့ကာတွန်းသရုပ်ဆောင်မှုအတိုင်း ပီပီပြင်ပြင်လိုက်ပြောတတ်ဖို့ ဆိုတာလည်း ခက်ခဲတဲ့ ပညာတရပ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီတခါမှာ ကာတွန်းကားတွေမှာ အသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Tom Hanks
Tom Hanks ဟာ ကိုယ်တိုင်သရုပ်ဆောင်တဲ့နေမှာလည်း ဆရာတဆူဖြစ်ပါတယ်။ သူအသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေ အများကြီးပေမယ့် နာမည်အကြီးဆုံးကတော့ Toy Story ဇာတ်ကားတွေမှာ Woody အဖြစ် သရုပ်ဆောင်တာပဲ ဖြစ်ပါတယ်။
(၂) Hugh Jackman
X-men ဇာတ်ကားတွေနဲ့ ပရိသတ်တွေ အားပေးမှုကို အကြီးအကျယ်ရထားတဲ့ မင်းသား Hugh Jackman ဟာလည်း ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ အောင်မြင်ခဲ့တာကတော့ Rise Of The Guardians ဇာတ်ကားထဲမှာ Easter Bunny အဖြစ် သရုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
(၃) Nicoles Cage
မင်းသား Nicoles Cage ဟာလည်း ကာတွန်းဇာတ်ကောင်တွေမှာ အသံသရုပ်ဆောင်တဲ့ ဇာတ်ကားတွေ အများကြီး ပါပဲ။သူသရုပ်ဆောင်ခဲ့တဲ့ ကာတွန်းကားတွေကတော့ The Croods မှာ Grug,Astro Boy မှာ Dr.Tenma, Christmas Carol: The Movie မှာ Jacob Marley အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
(၄) Miley Cyrus
ကလေးဘဝက မင်းသမီးအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ အဆိုတော် အဖြစ်နဲ့ ရပ်တည်နေတဲ့ Miley Cyrus ကတော့ Bolt ဇာတ်ကားမှာ Penny အဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။
(၅) Jack Black
ဟာသသရုပ်ဆောင် Jack Black ကတော့ Kung Fu Panda ဇာတ်ကားမှာ Po အဖြစ် သရုပ်ဆောင်ထားပါတယ်။
(၆) Johnny Deep
ကမ္ဘာကျော်မင်းသားကြီး Johnny Deep အသံ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Victor Van Dort အဖြစ် Corpse Brideဇာတ်ကား, Jack Kahuna Laguna အဖြစ် SpongeBob SquarePantsဇာတ်ကားတွေနဲ့ Rango ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။
Ref;Ranker.com