Entertainment

“သရုပ်ဆောင်တာဝန်ကျေမှ ပရိသတ်ကိုပေးဆပ်ရာရောက်မယ်”

Want create site? Find Free WordPress Themes and plugins.

ပရိသတ်က ယနေ့ထိတိုင်ချစ်ခင်အားပေးကြတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီရဲအောင်ကတော့ သရုပ်ဆောင် တယောက်အနေနဲ့ ဇာတ်လမ်းတခုမှာ တာဝန်ကျေအောင် လုပ်နိုင်မှ ပရိသတ်ကိုပေးဆပ်ရာကျမယ်လို့ ဧရာဝတီ ကိုပြောပါတယ်။

“ရုပ်ရှင်တကားကို ဇာတ်အိမ်ကောင်းကောင်းနဲ့ သေချာရိုက်ကူးပြီး သရုပ်ဆောင်တယောက်အနေနဲ့လည်း သေချာစေတနာထားရမယ်။ လာကြည့်တဲ့ ပရိသတ်တွေ အချိန်တခုပေးရကျိုးနပ်အောင် တာဝန်ကျေရမယ်။ အဲဒါမှ ပရိသတ်ကို ပေးဆပ်ရာရောက်ပါတယ်” လို့ အကယ်ဒမီရဲအောင်က ပြောပါတယ်။

ရဲအောင်က ပရိသတ်တွေအနေနဲ့လည်း ဒရမ်မာ ၊ဟာသကားစတဲ့ ဇာတ်ကားများကို မတူညီတဲ့ကြိုက်နှစ်သက်မှုများစွာ ရှိကြပြီး အဓိကကတော့ ဇာတ်အိမ်ကောင်းကောင်း တင်ဆက်နိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။

အကယ်ဒမီရဲအောင်ကတော့ မကြာခင်မှာရုံတင်ပြသတော့မယ့် ‘ မိုးပန်းပွင့်ရဲ့ သင်္ကေတ ‘ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား မှာဝင်ထားပြီး ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်တာများလာတာကိုတွေ့ရပါတယ်။

မကြာခင်က ပြသသွားခဲ့တဲ့ ‘ ရွှေကြာဖူးသစ် ‘ ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားပါတယ်။ အခုကတော့ ဒါရိုက်တာ အိအိခိုင်ရိုက်တဲ့ ‘ ကျမက မဟေသီ ‘ ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်နေပါတယ် လို့ဆိုပါတယ်။

သရုပ်ဆောင်ရဲအောင်က သရုပ်ဆောင်လောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ရင်း ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင် ဇာတ်ကားတွေရိုက်ကူးနေသူတဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading