၃ နှစ်ကြာပြီး ဇာတ်လမ်းတွဲအသစ်မှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျူဂျီဟွန်း
ရုပ်သံ ဇာတ်လမ်းတွဲတွေနဲ့ ၃ နှစ်ကြာဝေးကွာနေတဲ့ မင်းသား ဂျူဂျီဟွန်း (Joo Ji Hoon) က ဇာတ်လမ်းတွဲ ပြန်လည် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ “Along with the Gods” ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်နေတဲ့ မင်းသားဟာ ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်မယ့် MBC ရုပ်သံလိုင်းရဲ့ “Item” လို့ ယာယီနာမည် ပေးထားတဲ့ webtoon ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိပါတယ်။
ကာတွန်းဇာတ်လမ်းတွဲအဖြစ် အွန်လိုင်းပေါ်မှာ အကြီးအကျယ် အောင်မြင်ခဲ့ရာကနေ ဇာတ်ကား အဖြစ် ပြန်လည် အသက်သွင်းမယ့် ဒီဇာတ်လမ်းမှာ ဂျူဂျီဟွန်းက အဓိကသရုပ်ဆောင် ဂမ်ဂွန်နေရာက ပါဝင်မှာဖြစ်ပြီး အစိုးရရှေ့နေ တယောက်အဖြစ် တူမဖြစ်သူ ဒါအင်းကို ကယ်ဆယ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားအားထုတ်နေသူအဖြစ် သရုပ်ဆောင် သွားမှာပါ။
“Item” ဇာတ်လမ်းတွဲကို “Save Me” ဇာတ်လမ်းတွဲရေးခဲ့သူ စာရေးဆရာက ရေးသားထားပြီး ဒါရိုက်တာကတော့ Goodbye Mr.Black တွဲဖက်ဒါရိုက်တာက ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်လမ်း ကတော့ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ လူနှစ်ယောက်က သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ စွမ်းအားရှင်မှန်း မသိအောင် ဖုံးကွယ်နေထိုင်ရတဲ့ အကြောင်းကို ရိုက်ကူး ပုံဖော်ထားတာပါ။
မင်းသား ဂျူဂျီဟွန်းဟာ အနုပညာအလုပ်တွေ နားထားရာက ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတဝှမ်း စံချိန်တင် အားပေးခဲ့ရတဲ့ “Along with the Gods” ဇာတ်ကားနဲ့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း Along with the Gods ဇာတ်လမ်းတွဲ အဆက်ကို ဆက်လက် ရိုက်ကူးထားတဲ့အပြင် “The Spy Gone North” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။
အောက်တိုဘာလမှာ ထွက်ရှိမယ့် ဇာတ်လမ်းအသစ်မှာလည်း လူသတ်ကောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်က “Mask” ဇာတ်လမ်းတွဲကို နောက်ဆုံး ရိုက်ကူးခဲ့ပြီး အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာ ပြသတော့မယ့် “Item” ကတော့ ၃ နှစ်အကြာမှာ ပြန်လည်မြင်တွေ့ရမယ့် ဇာတ်ကားဖြစ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
“Item” ဇာတ်လမ်းတွဲကို MBC ရုပ်သံကနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အပတ်စဉ် တနင်္လာ – အင်္ဂါနေ့တွေမှာ ထုတ်လွှင့်သွားဖို့ စီစဉ်ထားပါတယ်။
Ref: Soompi