အသက် ၆၉ နှစ်အရွယ်ရောက်မှ ကလေးထပ်ချီရဦးမယ့် မင်းသားကြီး Richard Gere
ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားကြီး Richard Gere (ရစ်ချက်ဂီရီ) ဟာ အခုအရွယ်မှာ ကလေးထပ်ချီရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းသားကြီးနဲ့ လက်ရှိဇနီးသည် Alejandra Silva တို့ဟာ မကြာခင် လူ့လောကထဲကို ရောက်တော့မယ့် ရင်သွေးလေးကို မျှော်လင့်နေကြပြီလို့ ဆိုပါတယ်။ အခုလိုမျိုး သတင်းကောင်း ထွက်ပေါ်လာတာကတော့ Silva ရဲ့ Instagram အကောင့်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ တင်ခဲ့တဲ့ ပုံတခုကြောင့် ဖြစ်ပါတယ်။
အဲဒီပုံထဲမှာ ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်နေတဲ့ ခင်ပွန်းသည်နဲ့အတူ သူ့ရဲ့ ကလေးလွယ်ထားရတဲ့ဗိုက်ကို တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား က ကောင်းချီး မင်္ဂလာပေးနေတဲ့ပုံကို မြင်တွေ့ရပါတယ်။
Silva က “လွန်ခဲ့သော မိနစ်အနည်းငယ်က အလွန်ထူးခြားသော အခိုက်အတန့်တခု၊ ကျမတို့အတွက် မင်္ဂလာ ယူနေတဲ့အချိန် ကျရောက်လာပါပြီ။ ဘုန်းတော်ကြီး ဒလိုင်းလားမားကို မပြောခင်အထိ ကျမတို့ မကြေညာရသေး ပါဘူး” လို့ ပုံစာရေးခဲ့ပါတယ်။
ဒါဟာ မင်းသားကြီး Gere နဲ့ သူ့ဇနီးတို့ရဲ့ ဒုတိယမြောက် ရင်သွေး ဖြစ်ပါတယ်။ သူ့ဆီမှာ ဇနီးဟောင်း မင်းသမီး Carey Lowell နဲ့ ရရှိခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် Homer ဆိုတဲ့ သားတဦးရှိပါတယ်။
ဒါ့အပြင့် တက်ကြွလှုပ်ရှားသူနဲ့ လူထုလှုံ့ဆော်သူ Silva ထံမှာလည်း အရင်အိမ်ထောင်နဲ့ ရခဲ့တဲ့ အသက် ၅ နှစ်အရွယ် Albert လို့အမည်ရတဲ့ သားတဦးရှိပါသေးတယ်။ မင်းသား Gere ဟာ တိဘက်ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ ကျင့်ကြံနေထိုင်နေသူလည်း ဖြစ်ပါတယ်။
အသက် ၉၆ နှစ်အရွယ်မင်းသားကြီး Gere နဲ့ လက်ရှိ ဇနီးတို့ဟာ နှစ်အနည်းငယ်လောက် တွဲခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့ သြဂုတ်လမှာ လက်ထပ်ခဲ့ကြတာပါ။
ဒါဟာ မင်းသားကြီး Gere အတွက် တတိယအိမ်ထောင်ဖြစ်ပြီး Silva အတွက်တော့ ဒုတိယ အိမ်ထောင် ဖြစ်ပါတယ်။ မင်းသားကြီးဟာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ အမေရိကန်မော်ဒယ် Cindy Crawford နဲ့ လက်ထပ်ခဲ့ပြီး မင်းသမီး Lowell နဲ့တော့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပေါင်းဖက်ခဲ့တာ ဖြစ်ပါတယ်။
သူက “ကျနော် အမြဲရှာဖွေနေခဲ့တဲ့ တိတ်ဆိတ်ပြီး ပျော်ရွှင်ရတဲ့ ဘဝကို ရှာတွေ့ခဲ့ပြီးဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက စပိန်မဂ္ဂဇင်း Hola! ကို ပြောကြားခဲ့ပါတယ်။
Ref: etcanada