Entertainment

ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS

Want create site? Find Free WordPress Themes and plugins.

Kpop အဖွဲ့တခုဖြစ်တဲ့ BTS ဟာပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂမှာ မိန့်ခွန်းတရပ် ပြောကြားခဲ့ပြီး ကမ္ဘာ့လူငယ်တွေအနေနဲ့ ကိုယ့်ရင်တွင်းက အသံကို နားထောင်ကြဖို့နဲ့ လိုက်လျောညီထွေ နေထိုင်ဖို့ ဖိအားတွေကို တွန်းလှန်ကြရေး တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ လူငယ်ကမ်ပိန်း စတင်မိတ်ဆက်တဲ့ အထိမ်းအမှတ် အနေနဲ့ အဖွဲ့ခေါင်းဆောင် Kim Nam Jun က “ခင်ဗျားတို့ ဘယ်သူပဲ ဖြစ်ဖြစ်၊ ခင်ဗျားတို့ဘာအသားအရောင်ပဲဖြစ်ဖြစ်၊ ခင်ဗျားကို ဘာလိင်ခံယူချက်ပဲ ရှိရှိ၊ ကိုယ့်ကိုကိုယ်အတွက် ပြောဆိုကြပါ” လို့ ပြောကြားခဲ့ပါတယ်။

ပညာရေး၊ လေ့ကျင့်ရေးနဲ့ အလုပ်အကိုင်တို့ကို မြှင့်တင်မယ့် ကမ်ပိန်းဖြစ်တဲ့ “Generation Unlimited” ကို ကုလသမဂ္ဂမှာ နှစ်စဉ်ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးကြတဲ့ နှစ်ပတ်လည်ပွဲအတွင်း စတင်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလိုမိန့်ခွန်းပြောကြားခဲ့တဲ့ပွဲကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ ရဝမ်ဒါသမ္မတ Paul Kagame တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

RM လို့ခေါ်တဲ့ Kim Nam Jun ကတော့ တောင်ကိုရီးယားနိုင်ငံ၊ အီလ်ဆန်မြို့မှာ ကြီးပြင်းခဲ့ရတဲ့ အကြောင်းနဲ့ အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ်တုန်းက အဲဒီဒေသမှာ အခြေ မချခင်အချိန်အထိ သာမန် ကလေးငယ်တဦးသာ ဖြစ်ခဲ့ပြီး စူပါဟီးရိုးတဦး ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

သူက “တခြားလူတွေ ကျနော့်ကို ဘယ်လိုထင်ကြတယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ကျနော်စိုးရိမ် လာခဲ့ချိန်မှာ သူတို့ရဲ့ မျက်လုံးတွေကနေတဆင့် ကိုယ့်ကိုကိုယ် ပြန်မြင်နိုင်ဖို့ စတင်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ တခြားသူတွေဖန်တီးတဲ့ ပုံစံခွက်တွေထဲကို ကျနော်ကိုယ့်ကိုကို နှစ်မြုပ်ဖို့ ကြိုးစားခဲ့ရပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် ဂီတလောကကနေ နုတ်ထွက်ချင်လာတဲ့အခါ ကိုယ့်ရဲ့ အသံ ကိုယ်နားထောင်ခဲ့ရ တယ်လို့လည်း ဆိုပါတယ်။ အပြစ်အနာအဆာတွေလည်း တော်တော်များများရှိခဲ့ပြီး ကြောက်စိတ်တွေ ရှိခဲ့ပေမယ့် တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်အတွက် ကြိုးစားရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်လို့လည်း ပြောဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ အကျိုးအမြတ်အများဆုံး ဂီတပို့ကုန်တွေထဲမှာ BTS အဖွဲ့ဟာ Billboard 200 ဂီတဇယားမှာ ထိပ်ဆုံးရောက်ရှိခဲ့တဲ့ ပထမဆုံး Kpop အဖွဲ့ ဖြစ်လာခဲ့ပြီး ဒီနှစ်အတွင်းမှာပဲ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင် Kim က “BTS ဟာ ကြီးမားတဲ့ အားကစားကွင်းကြီးတွေမှာ ဖျော်ဖြေရပြီး အခု သီချင်းခွေသန်းနဲ့ချီပြီး ရောင်းခရတဲ့ အနုပညာရှင်တွေ ဖြစ်လာပါပြီ။ ဒါပေမယ့် ကျနော်ဟာ သာမန် အသက် ၂၄ နှစ်အရွယ် ကောင်လေးတယောက်သာဖြစ်ပါတယ်” လို့ဆိုပါတယ်။

သူတို့အနေနဲ့ ကိုယ့်ကိုကိုယ်ချစ်ကြဖို့ လေ့လာသင်ယူခဲ့ပြီး ခင်ဗျားတို့ ကိုယ်တိုင်အတွက် ပြောဆိုကြဖို့ တိုက်တွန်းလို ပါတယ်လို့ ပြောဆိုပါတယ်။ BTS အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး အမေရိကန် အားကစားကွင်း တခုမှာ ဖျော်ဖြေရေး အပါအဝင် ဖျော်ဖြေရေးပွဲပေါင်းများစွာကို နယူးယောက်မှာ ပြုလုပ်နေပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading