Entertainment

သီတင်းကျွတ်လပြည့်မှာ ”အသုံးတော်ခံ” စီးရီးထွက်မယ့် အဆိုတော် အောင်လ

Want create site? Find Free WordPress Themes and plugins.

”ငါမှားတာရှိရင် တောင်းပန်ပါတယ်” သီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ အဆိုတော် အောင်လက သီတင်းကျွတ်လပြည့်နေ့မှာတော့ တတိယမြောက် စီးရီးဖြစ်တဲ့ ”အသုံးတော်ခံ” ဆိုတဲ့ တေးစီးရီး ထွက်ရှိမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ခုလောလောဆယ်မှာတော့ အနုပညာကို Public မှာသာ မလှုပ်ရှားတာ ကျနော့်ဘာသာ ကျနော်ခွေတွက် လှုပ်ရှားနေပါတယ်။ တတိခွေ ”အသုံးတော်ခံ” ဆိုတဲ့ အခွေလေးကတော့ သီတင်းကျွတ်လပြည့်နေ့ဆို ထွက်မယ်။ ပြီးရင် စတုတ္ထခွေတွက်လည်း ပြင်ဆင်နေတယ်။ အွန်လိုင်းကနေ သီချင်းလေးတွေလည်းလာမှာ သီချင်းလေးတွေ ဖြန့်ပေးဖို့ရှိပါတယ်” လို့ အဆိုတော် အောင်လက ပြောပါတယ်။

”ပထမခွေတော့ ပရိသတ်အားပေးကြတယ်။ ဒုတိယခွေကျတော့ အကြမ်းတွေပဲ လုပ်လိုက်တော့ သိပ်မသိလိုက်ဘူး။ တတိယခွေထုတ်ရမှာက ကိုယ့်တာဝန်ပဲ။ အရင်က ခိုးကူးကြောင့် အခုအွန်လိုင်းကြောင့်ဆိုပြီး မထုတ်လို့ မရဘူးလေ။ ဝါသနာကလည်း ပါတာကို။ ထုတ်ပေးမယ့်သူရှိတာကိုပဲ ကိုယ်ကကျေးဇူးအများကြီး တင်ရဦးမယ်”လို့ အောင်လက ပြောပါတယ်။

ဝိုင်းစုအတွက် သီချင်းတွေ ကူပေးနေတဲ့ အောင်လက ဝိုင်းစုခိုင်သိန်းနဲ့ နားလည်မှုလည်း သိပ်မယူ ရသလို ဝိုင်းစုခိုင်သိန်းဆီကနေလည်း သင်ယူရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဝိုင်းစုခွေထွက်ဖို့အတွက် ဝိုင်းကူညီပေးနေတယ်။ သူဘယ်လို သီချင်းလေးတွေကိုကြိုက်လဲ ဆိုတာ လိုက်နားထောင်ဖြစ်နေတော့ ကျနော်သူ့အကြိုက်ကို သိတယ်။ သူနားထောင်တာနဲ့ ကျနော် နားထောင်တာနဲ့ မတူဘူး။ ကျနော်က Rock ကလွဲပြီး ကျန်တာ နားမထောင် ဖြစ်ဘူး။ အခုတော့ သီချင်းအစုံ နားထောင်ဖြစ်နေတယ်။ သူထွက်မယ့်ခွေလေးတွေ အတွက်လည်း တီးပေးနေတယ်။ နားလည်မှုကို သိပ်လုပ်ယူစရာ မလိုဘူး”လို့ အောင်လက ပြောပါတယ်။

”ဝိုင်းစုက ထက်တယ်။ စိတ်မြန်တယ်။ သူက တခုစဉ်းစားပြီးပြီဆို ချက်ခြင်းလုပ်ချင်တယ်။ ကျနော်က ဖြေးဖြေး အေးအေးဆေးဆေး လုပ်တတ်တဲ့သူ။ သူ့နောက်ကို မနည်း လိုက်ရတယ်။ ဝိုင်းစုက တော်တယ်။ အလုပ်လုပ်ပုံရယ်၊ မိသားစုကို သိတတ်တာတွေပေါ့။ ကျနော်က မိသားစုနဲ့ ဝေးနေတော့ သူ့ကိုကြည့်ပြီး သူ့ဆီက လေ့လာတယ်”လို့ အောင်လက ဆိုပါတယ်။

”သီချင်းခွေတွက် သီချင်းစီစဉ်တာလည်း တော်တော်ကျွမ်းတယ်။ သူ့ဆီကနေ သင်ယူ ရတယ်ပေါ့။ ကျနော်က အတီးပိုင်းလေးတွေတော့ ကူညီပေးတယ်။ ဝေဖန်မှုတွေကို ကျနော်ကတော့ မရင်ဆိုင်ဘူး။ ကျနော်လုပ်စရာရှိတာ ကျနော်လုပ်တယ်။ ကျနော် ဝေဖန်မှုတွေကို ဝင်ကို မကြည့်ဘူး။ ကျနော် ပရိသတ်တွေနဲ့ အလှမ်းဝေးသွားတာတောင် ပရိသတ်တွေ အားပေးနေကြသေးတာ ကျေးဇူးတင်ပါတယ်”လို့လည်း အောင်လက ပြောပါတယ်။

အဆိုတော် အောင်လနဲ့ ဝိုင်စုခိုင်သိန်းတို့ နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ၂၀၁၇ ခုနှစ်ထဲမှာ အသိပေးခဲ့တာဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

ဆက်စပ် သတင်းလင့်ခ် “ချစ်သူနာမည် တက်တူး ထပ်ထိုးဖို့ရှိတယ်” ဆိုတဲ့ အဆိုတော် အောင်လ

Did you find apk for android? You can find new Free Android Games and apps.
Loading