Entertainment

“ပထမဆုံးစရိုက်တဲ့ ဇာတ်ကားမှာ နန်းဝတ်နန်းစားတွေ ဝတ်ရတာ အမှတ်တရပါ”

Want create site? Find Free WordPress Themes and plugins.

“မှော်ကျောက်စာ” ဇာတ်ကားကြီးဟာ မေမြင့်မိုရ်အတွက် ပထမဦးဆုံး ဇာတ်ကားကြီးဖြစ်ပြီး ဇာတ်ကားရိုက်တုန်းက နန်းဝတ်နန်းစားတွေ ဝတ်ပြီး ခေါင်းဆောင်းကလည်း အရမ်းလေးတာကြောင့် နဖူးချိုင့်ခဲ့တဲ့ အမှတ်တရတွေ ရှိတယ်လို့ မီဒီယာတွေကိုပြောပါတယ်။

“လွန်ခဲ့တဲ့ ၃နှစ်ကျော် ၄နှစ်လောက်က ရိုက်ထားတဲ့ ကားလေးဆိုတော့ ဒီကားကိုပြန်ကြည့်တော့ Location တွေကလည်း အရမ်းမိုက်တယ်။ ရိုက်ကူးရေးတုန်းကလည်း အမှတ်တရတွေ အများကြီးရှိတယ်။ မှော်ကျောက်စာက ထူးထူးခြားခြား နန်းဝတ်နန်းစားတွေနဲ့ ရိုက်ထားတဲ့ကား ညီမရဲ့ ပထမဆုံးရုပ်ရှင်ကား။ နန်းဝတ်နန်းစားတွေနဲ့ ရိုက်ရတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ”

“ကာရိုက်တာကတော့ မင်းသမီးဇာတ်ကောင်ပါ။ တဖက်နိုင်ငံကို စစ်ရှုံးလို့ မိဖုရားအဖြစ် ဆက်သ ခံလိုက်ရတဲ့ မင်းသမီးက ဘုရင်ရဲ့ မှော်ဆရာနဲ့ ချစ်ကြိုက်ပြီး ပြဿနာဖြစ်တဲ့ ပုံစံလေး။ ဇာတ်ကား ရိုက်တုန်းက နန်းဝတ်နန်းစားတွေ ဝတ်ရတယ်။ ခေါင်းဆောင်းအရမ်းလေးတော့ နဖူးတောင်ချိုင့်တဲ့ အမှတ်တရတွေ ရှိတယ်။ ဒီကားက အကုန်လုံးလည်း ပင်ပန်းကြတယ်။ မေမြို့က ဂူတွေထဲမှာ ရိုက်တာ။ ပထမဦးဆုံးဇာတ်ကားလေးဆိုပေမယ့် အဲ့တုန်းက ငယ်သေးတော့ ဘာမှ မျှော်လင့်ထားတာ မရှိဘူး”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကို သူ့ရဲ့ ပရိသတ်တွေက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် စတင်အားပေး လာခဲ့ကြတာပါ။ မေမြင့်မိုရ်ကို “ပန်းနုသွေး” ရုပ်သံဇာတ်လမ်းတွဲနဲ့ သတိထားမိလာကြတာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းတွဲထဲမှာ အရမ်းဆင်းရဲပြီး ရိုးသားဖြူစင်တဲ့ ပန်းနုသွေးဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မေမြင့်မိုရ်က အခုနောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေမှာရော၊ ဗီဒီယိုဇာတ်ကားတွေမှာပါ ခေါင်းဆောင်မင်းသမီးအဖြစ် လက်ခံရိုက်ကူးနေရပြီလို့ သိရပါတယ်။

မကြာခင်ရိုက်ကူးပုံဖော်တော့ “အလျှံအပယ်” ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင် ထွန်းထွန်း၊ အလင်းရောင်၊ ခင်လှိုင်၊ ကျော်ထူး၊ ဇင်ဝိုင်း၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီးတို့နဲ့ အတူ မေမြင့်မိုရ်က တွဲဖက် သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading