• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Limited Edition အနေနဲ့ သီချင်းခွေ ရောင်းချသွားမယ့် “Project K” အဖွဲ့

by ယုဖြူဟန်
28 September 2018
in Entertainment
A A
"Project K" အဖွဲ့သားများ

"Project K" အဖွဲ့သားများ

9.3k
VIEWS
Share on FacebookShare on Twitter

အောက်တိုဘာလအတွင်းမှာ ထွက်ရှိတော့မယ့် Project K အဖွဲ့ရဲ့ ပထမဆုံးအခွေမှာတော့ ကလို့ကောင်းမယ့်သီချင်း ၊ ဆိုလို့ကောင်းမယ့်သီချင်းဆိုပြီး ဘောင်ခတ်မထားဘဲ စိတ်ကြိုက်ပဲ ဖန်တီးထားတယ်လို့ သိရပါတယ်။

“သီချင်းအပ်ကတည်းက ကဖို့အတွက်ဆိုပြီး မအပ်ဘူး။ ဘောင်ထဲမှာဖြစ်သွားမှာစိုးလို့။ တေးရေး ဆရာတွေကတော့ သိပြီးသားပေါ့နော်။ ဒါပေမယ့် ကျနော်တို့က ဘောင်မခတ်ထားဘူး။ စိတ်ကြိုက် ဖန်တီးပေးပေါ့။ အဲဒီလိုဖန်တီးပေးတာ ကိုမှ အကနဲ့လိုက်ရင် အကနဲ့ထည့်မယ်။ အကနဲ့မလိုက်ရင် ဘယ်လိုပုံစံမျိုးတင်ဆက်မလဲဆိုတာကို တိုင်ပင်ကြ တာပေါ့။ အဓိကကတော့ သီချင်းအပ်ရင် ကဖို့ အတွက်ရယ်လို့ မအပ်ပါဘူး” လို့ Project K အဖွဲ့ရဲ့ ခေါင်းဆောင် ထက်ဘုန်းနိုင်က ပြောပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
481
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
357
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

သူတို့ရဲ့ ပထမဆုံးအခွေဖြစ်တဲ့ The Beginning ဆိုတဲ့အခွေကိုတော့ Limited Edition အနေနဲ့ တခွေကို မြန်မာငွေ ၁သောင်းခွဲကျပ်နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ၁သောင်းခွဲကျပ်နဲ့ရောင်းချမယ့် အခွေထဲမှာတော့ CD တချပ် ၊ DVD တချပ် ၊ ဘန်ကောက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်နဲ့ တယောက်ချင်းစီရဲ့ပုံတယောက်စီနဲ့ Group ပုံတပုံ စုစုပေါင်း ၈ ပုံပါဝင်သွားမယ်လို့သိရပါတယ်။

“အများဆုံးဆိုရင် တယောက် ၂ကြောင်းပဲ။ သက်လည်း သက်သာတယ်။ အပေးအယူက မမျှစရာ မလိုဘူး။ တယောက် ကို ၂ပိုဒ်လောက်ဆိုရင် သီချင်းကပြည့်သွားပြီ။ နိုင်ငံတကာမှာဆိုရင်လည်း တချို့အဖွဲ့တွေဆိုရင် အရမ်းများတယ်။ ဘောလုံးတသင်းစာလောက်ရှိတယ်။ တချို့ဆိုရင် ဆိုတောင်မဆိုလိုက်ရဘူး။ ကျနော်တို့ကတော့ အဲဒီလိုမျိုးမရှိပါဘူး။ တယောက်တပိုဒ်ဆိုရင် ပြည့်သွားပြီ” လို့ Project K အဖွဲ့က ပြောပါတယ်။

အကပိုင်းက ကျွမ်းကျင်ပြီးသားဖြစ်ပေမယ့် အဆိုပိုင်းကနယ်ပယ် စိမ်းသလိုဖြစ်နေပေမယ့် နေရာတကာမှာ အခက်အခဲ ဆိုတာရှိတဲ့အတွက် ကြိုးစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က အဆိုမှာ အရမ်းကြီးတော်ချင်မှတော်လိမ့်မယ်။ ဒါပေမယ့် ကျနော်တို့လုပ်သမျှ အကုန်လုံးက ကျနော်တို့ မှာ ၁၀ဖိုးရှိရင် ၁၀ဖိုးပေါ်အောင် ထုတ်ပြမယ်။ တတ်စွမ်းသလောက် အနုပညာကိုချစ်တဲ့စိတ်နဲ့ ဖန်တီးတယ်ဆိုတော့ ပရိသတ်က လက်ခံမယ်လို့ မျှော်လင့်တယ်” လို့ Project K အဖွဲ့က ပြောပါတယ်။

Project K အဖွဲ့ကတော့ ၂၀၁၆ ခုနှစ်မှစတင်ကာ အကအဖွဲ့တဖွဲ့အနေနဲ့ ရပ်တည်လာခဲ့ပြီး ယခုအခါမှာတော့ အဖွဲ့ဝင် ၇ယောက်နဲ့အတူ ဆန်းသစ်သော အကများကို ဖန်တီးလျက်ရှိပြီး “The Beginning” ဆိုတဲ့အခွေ ထွက်ရှိတော့မှာ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ Boy Band အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

Your Thoughts …
Tags: Project K အဖွဲ့
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Project K အဖွဲ့ / Project_K's Facebook

အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့

by ချစ်ပိုး
3 May 2019
4.6k

“ကျနော်တို့ အခုချိန်မှာ အရမ်းအောင်မြင်နေတယ်လို့တော့ မသတ်မှတ်ထားသေးပါဘူး။ လူတွေ အများကြီး အသိအမှတ်ပြုလာတယ်။ ကျနော်တို့ကို ဝိုင်းပြီး အားပေးကြတယ်။ ချစ်ပေးကြတော့ ပျော်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ Project K အဖွဲ့ / Project K's Facebook

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်အောင် ရှေ့ဆက်ကြိုးစားမယ့် Project K အဖွဲ့

by ချစ်ပိုး
7 February 2019
8.7k

“အဲဒီပွဲမှာ အမေစု ချီးကျူးသွားတဲ့အတွက် အရမ်းဝမ်းသာတယ်။ မိန့်ခွန်းပြောတဲ့အချိန်မှာ ချီးကျူးစကား နှစ်ခါတောင် ပြောခဲ့တာ။ ကျနော်တို့ တဖွဲ့လုံး ပီတိတွေ ဖြစ်ခဲ့ရတယ်။

တောင်ကိုရီးယားကို သွားရောက် ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့  / Project K's Facebook

Project K အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ မှတ်ချက် တစုံတရာ ပြောထားခြင်း မရှိ

by ယုဖြူဟန်
14 October 2020
19.5k

အတော်များများက အကောင့်အတုတွေ ဖြစ်နေတာ တွေ့ရှိရပါတယ်။ သတင်းတု၊ သတင်းအမှားတွေဖြန့်ဖို့ ဖန်တီးထားတဲ့ အကောင့်အတုတွေ အများအပြားကနေ တင်နေကြတာ တွေ့ရပါတယ်။

အမျိုးသား အဆိုတော်အဖွဲ့ Project K / ချစ်ပိုး / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းလို စည်းစည်းလုံးလုံး ရှေ့ဆက်နေတဲ့ Project K အဖွဲ့

by ချစ်ပိုး
21 December 2019
4.5k

၂၀၂၀ မှာ Concert ပွဲလေးလည်း လုပ်နိုင်အောင် ပြင်ဆင်သွားမှာပါ။ ကျနော်တို့ အခုရောက်နေတဲ့ နေရာကလည်း ဘာမှ မဟုတ်သေးပါဘူး။ ရှေ့ဆက်လျှောက်ဖို့ အများကြီးကျန်ပါသေးတယ်

Next Post
ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး  / အောင်ကျော်ထက်  / ဧရာဝတီ

ပလတ်စတစ်ခုံ တလုံး ၇ သောင်းကိစ္စ စာမှားရိုက်၍ဟု ပြန်ရှင်း

အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း  / ချစ်ပိုး / ဧရာဝတီ

ဂီတလောကနဲ့ အလှမ်းဝေးနေဦးမယ့် အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate